“ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို ဖြူဖြူ့ရဲ့သီချင်းလေးနဲ့ပေါက်ကွဲချင်နေတဲ့ မေမီကိုကို”

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

ပျားရည်အိုင်ဇာတ်လမ်းတွဲထဲက ပရိသတ်ရဲ့အချစ်တော် မြိုင်လို့လည်းခေါ်တဲ့ မေမီကိုကိုကတော့ အောင်မြင်မှုလမ်းကြောင်းပေါ်ကို အချိန်တိုအတွင်းရောက်ရှိလာတယ်ဆိုရမှာပါ။ မေမီကိုကိုဟာ လက်ရှိမှာ ဇာတ်လမ်းတွဲပေါင်းမြောက်မြားစွာကိုရိုက်ကူးထားပြီး ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူဟာမကြာသေးမီက ပြီးဆုံးသွားတဲ့ “တတိယမြောက်ဆုံမှတ်”ဇာတ်လမ်းတွဲမှာ ရဲမေနေရာကသရုပ်ဆောင်ခဲ့ပြီး လက်ရှိပြသနေတဲ့ “လိပ်ပြာနှောင်ကြိုး” ဇာတ်လမ်းတွဲမှာ အရမ်းအစွဲလမ်းကြီးတဲ့ သရဲမလေး ဂျူရီနေရာကနေသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဒါ့အပြင် ဂျီဟောသူဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးနေတာဖြစ်ပြီး ညိုထွေးနေရာကနေ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။မေမီကိုကိုဟာ ဇာတ်လမ်းတွဲတွေဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ကိုရောက်ရှိနေတာဖြစ်တဲ့အတွက် အတိုက်အခံတွေလည်း ပေါများနေမှာအမှန်ပါပဲ။

မေမီကိုကိုဟာ အနေအေးပြီး အေးဆေးတည်ငြိမ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် အတိုက်အခိုက်တွေရှိလာတဲ့အခါ ပုထုဇဉ်ပီပီပေါက်ကွဲချင်လာတဲ့အကြောင်းကို ဖြူဖြူ့ရဲ့ “ဒြပ်စင်” ဆိုတဲ့သီချင်းလေးနဲ့ “ငါ့ကိုနစ်ချင်သူတွေကြားရဲ့လား ငါ့ကိုလှဲချင်သူတွေ ကြားရဲ့လား…ဒီသီချင်းကို စိတ်လွှတ်ကိုယ်လွှတ် အော်ဆိုချင်တဲ့အခိုက်အတန့် ကိုယ့်မှာရှိတယ်” ဆိုပြီးရေးသားမျှဝေခဲ့တာဖြစ်ပါတယ်။ ဖြူဖြူ့ရဲ့ဒီသီချင်းလေးကတော့ ဂုဏ်၊ရွှေ၊ငွေ၊ကျော်ဇော်မှုတွေအတွက် နောက်ကျောကိုဓားနဲ့ထိုးတတ်ကြတဲ့ အကြောင်းကို သီဆိုထားတာဖြစ်ပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ဖြူဖြူ့ရဲ့ “ဒြပ်စင်”သီချင်းလေးကိုပါ မျှဝေပေးလိုက်ပါတယ်နော်။

Source – May Mi Ko Ko
Rainbow – Cele Gabar

Zawgyi ျဖင့္ဖတ္ပါ
★★★★★

“ကိုယ့္အေပၚမေကာင္းတဲ့သူေတြကို ျဖဴျဖဴ႕ရဲ႕သီခ်င္းေလးနဲ႔ေပါက္ကြဲခ်င္ေနတဲ့ ေမမီကိုကို”

ပ်ားရည္အုိင္ဇာတ္လမ္းတြဲထဲက ပရိသတ္ရဲ႕အခ်စ္ေတာ္ ျမိဳင္လုိ႔လည္းေခၚတဲ့ ေမမီကိုကိုကေတာ့ ေအာင္ျမင္မွုလမ္းေၾကာင္းေပၚကို အခ်ိန္တုိအတြင္းေရာက္ရွိလာတယ္ဆိုရမွာပါ။ ေမမီကိုကိုဟာ လက္ရွိမွာ ဇာတ္လမ္းတြဲေပါင္းေျမာက္ျမားစြာကိုရုိက္ကူးထားျပီး က်ရာဇာတ္ရုပ္တိုင္းကို ပီျပင္ေအာင္ သရုပ္ေဆာင္ႏုိင္သူတစ္ေယာက္လည္းျဖစ္ပါတယ္။

သူဟာမၾကာေသးမီက ျပီးဆံုးသြားတဲ့ “တတိယေျမာက္ဆံုမွတ္”ဇာတ္လမ္းတြဲမွာ ရဲေမေနရာကသရုပ္ေဆာင္ခဲ့ျပီး လက္ရွိျပသေနတဲ့ “လိပ္ျပာေႏွာင္ၾကိဳး” ဇာတ္လမ္းတြဲမွာ အရမ္းအစြဲလမ္းၾကီးတဲ့ သရဲမေလး ဂ်ဴရီေနရာကေနသရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ဒါ့အျပင္ ဂ်ီေဟာသူဇာတ္လမ္းတြဲကိုလည္း ရုိက္ကူးေနတာျဖစ္ျပီး ညိဳေထြးေနရာကေန သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ေမမီကိုကိုဟာ ဇာတ္လမ္းတြဲေတြဆက္တုိက္ရုိက္ကူးေနရတာျဖစ္ျပီး ေအာင္ျမင္မွုလမ္းေၾကာင္းေပၚကိုေရာက္ရွိေနတာျဖစ္တဲ့အတြက္ အတိုက္အခံေတြလည္း ေပါမ်ားေနမွာအမွန္ပါပဲ။

ေမမီကိုကိုဟာ အေနေအးျပီး ေအးေဆးတည္ျငိမ္တဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ေပမယ့္ အတုိက္အခိုက္ေတြရွိလာတဲ့အခါ ပုထုဇဥ္ပီပီေပါက္ကြဲခ်င္လာတဲ့အေၾကာင္းကို ျဖဴျဖဴ႕ရဲ႕ “ျဒပ္စင္” ဆိုတဲ့သီခ်င္းေလးနဲ႔ “ငါ့ကိုနစ္ခ်င္သူေတြၾကားရဲ႕လား ငါ့ကိုလွဲခ်င္သူေတြ ၾကားရဲ႕လား…ဒီသီခ်င္းကို စိတ္လႊတ္ကိုယ္လႊတ္ ေအာ္ဆိုခ်င္တဲ့အခိုက္အတန္႔ ကိုယ့္မွာရွိတယ္” ဆိုျပီးေရးသားမွ်ေ၀ခဲ့တာျဖစ္ပါတယ္။ ျဖဴျဖဴ႕ရဲ႕ဒီသီခ်င္းေလးကေတာ့ ဂုဏ္၊ေရႊ၊ေငြ၊ေက်ာ္ေဇာ္မွုေတြအတြက္ ေနာက္ေက်ာကိုဓားနဲ႔ထိုးတတ္ၾကတဲ့ အေၾကာင္းကို သီဆိုထားတာျဖစ္ပါတယ္။ဆယ္လီကမာၻပရိသတ္ၾကီးအတြက္ ျဖဴျဖဴ႕ရဲ႕ “ျဒပ္စင္”သီခ်င္းေလးကိုပါ မွ်ေ၀ေပးလိုက္ပါတယ္ေနာ္။

Source – May Mi Ko Ko
Rainbow – Cele Gabar