“Facebook ပေါ်က သတင်း အမှားတွေ နဲ့ ပတ်သက်ပြီးပြောပြ လာတဲ့ ခြူးလေး”

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်ကြီးမှာ လူတိုင်းလိုလို လူမှုကွန်ရက် စာမျက်နှာကို အသုံးပြုနေကြပြီး ကိစ္စရပ်တစ်ခုဖြစ်ပွားပြီဆိုရင်လည်း သတင်းတစ်ခုရဲ့ ပျံနှံ့မှုဟာအလွန်မြန်ဆန်နေပါတယ်။ တချို့သတင်းတွေဟာ အမှန်တွေဖြစ်ပေမဲ့ တချို့သော သတင်းတွေကတော့ အမှားတွေဖြစ်ပြီး သတင်းအမှားတွေကို အမှားမှန်း မသိဘဲ အမှန်ထင်နေကြတာတွေ လည်း ရှိပါတယ်။

အခုလို Facebookပေါ်က သတင်းအမှားတွေ နဲ့ ပတ်သက်ပြီး ပရိသတ်အချစ်တော်တစ်ဦးဖြစ်တဲ့ မင်းသမီးချော ခြူးလေးကတော့ “သတင်းအမှားတွေကိုတော့ ထွေထွေထူးထူးတော့ မပြောချင်ပါဘူး။ဘာလို့လဲဆိုတော့ ဆိုရှယ်မီဒီယာက လက်တွေ့ဘဝကြီးမှမဟုတ်တာ ကိုယ်တိုင်ကြုံတွေနေရ တာက လက်တွေ့ဘဝကြီး ဆိုတဲ့အခါကျတော့ ချဲ့ကားတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ခြူးလေးတို့ အနေနဲ့တော့ အဲ့ဒါတွေကို သတင်းတစ်ခုအနေနဲ့ ကြည့်လိုက်တယ်။အပြည့်အဝလိုက်မခံစားတော့ဘူးဘယ် အရာမဆိုပေါ့။”လို့ သူ့ရဲ့ အမြင်လေး ကိုပြောပြသွားပါတယ်။

သတင်းအမှားတွေကြောင့် လက်တွေ့ဘဝမှာ ထိခိုက်မှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီးတော့လည်း “ဥပမာဆိုလို့ရှိရင် မိဘမဲ့ကလေးကျောင်း အရမ်းကိုပော့အလှူရှင်တွေလိုအပ်နေပါတယ်ဆိုလို့ အရမ်းတွေသနားပြီး တကယ်လှူမလို့ဆက်သွယ်တဲ့အခါကျတော့ အလှူရှင်တွေအများကြီးဖြစ်နေတာတွေရှိတယ် အဲ့ဒါကတော့ ချဲ့ကားတာပေါ့။တကယ်လိုအပ်နေတဲ့နေရာကျမရောက်တာမျိုး ဒါမျိုးတွေအမြဲကြုံလာတာနဲ့ အမျှတော့ နားလည်နေပြီပေါ့”လို့ ဥပမာလေးနဲ့လည်း ပြောပြသွားပါသေးတယ်။

Source – Exclusive On CeleGabar,CRD-CleoPaTra : CeleGabar