လာမဲ့၁၁ရက် ၁၁လ ၁၁နာရီဆိုတာဘာလည်းဆိုတာ မသိသေးတဲ့သူတွေ ဖတ်ရအောင် တင်ပေးလိုက်ပါတယ်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

လာမဲ့၁၁ရက္ ၁၁လ ၁၁နာရီဆိုတာဘာလည္းဆိုတာ မသိေသးတဲ့သူေတြ ဖတ္ရေအာင္ တင္ေပးလိုက္ပါတယ္

လာမဲ့၁၁ရက္ ၁၁လ ၁၁နာရီဆိုတာဘာလည္းဆိုတာ မသိေသးတဲ့သူေတြ ဖတ္ရေအာင္ တင္ေပးလိုက္ပါတယ္
ေဖေဖာ္္၀ါရီ(၁၄) ရက္ေန႔ကေတာ့ ခ်စ္သူရွိသူေတြအတြက္ ခ်စ္ရသူနဲ႔ လက္ေဆာင္ေတြ အျပန္အလွန္ေပးရင္း ၾကည္ႏူးေပ်ာ္ရႊင္ရတဲ့ခ်စ္သူမ်ားေန႔ပါ။ ခ်စ္သူမရွိတဲ့သူေတြအတြက္လည္း အားငယ္စရာမလုိပါဘူး။ Singles’ Day ဆိုၿပီးေတာ့ ရွိပါေသးတယ္။ တ႐ုတ္ႏိုင္ငံက သတ္မွတ္ထားတာပါ။ Singles’ Day ဆုိၿပီး ဘာေၾကာင့္ေပၚလာရတာလဲ..? singles ေတြ အဲဒီေန႔မွာ ဘာေတြလုပ္ၾကတာလဲ..? ဆိုတာေတြကိုု singles သမားေတြအတြက္ ေဖာ္ျပေပးခ်င္ပါတယ္။

တ႐ုတ္မွာဆုိရင္ ႏွစ္စဥ္ႏွစ္တိုင္း ႏို၀င္ဘာ(၁၁)ရက္ေန႔ကို Singles’ Day လို႔ သတ္မွတ္ၾကပါတယ္။ တ႐ုတ္လုိဆုိရင္ေတာ့ Guanggun Jie လို႔ေခၚပါတယ္။ တကယ္ေတာ႔ အဲဒီေန႔ဟာ online shopping day လို႔ ေျပာလို႔လည္းရပါတယ္။ Single သမားေတြ အႀကီးအက်ယ္ Shopping ထြက္ၾကတဲ့ ေန႔ပါ။

၂၀၁၆ ခုႏွစ္တုန္းကဆိုရင္ အဲ့ဒီေန႔ရဲ႕ ပထမ(၁၂) နာရီအတြင္းမွာပဲ Alibaba ၀က္ဘ္ဆိုက္မွာ အေမရိကန္ေဒၚလာ (၁၂)ဘီလီယံေက်ာ္ဖိုးေလာက္ ကုန္ပစၥည္းေတြ ေရာင္းထြက္ခဲ့ဖူးပါတယ္။ ဒါဟာ Alibaba တစ္ခုတည္းပဲရွိပါေသးတယ္။

Singles’ Day ေပၚလာရတဲ့ သမုိင္းေၾကာင္းကေတာ့ ခ်စ္သူမ်ားေန႔ကို ဆန္႔က်င္ (anti-Valentine) ၾကရင္း ေပၚလာတာပါ။ ၁၉၉၃ ခုႏွစ္ေလာက္က Nanjing တကၠသိုလ္ကေန စခဲ့တာပါ။ ဒီလိုနဲ႔ပဲ ေနာက္ဆံုးမွာေတာ့ တျခားတကၠသိုလ္ေတြမွာပါ ပ်ံ႕သြားခဲ့၊ အင္တာနက္ေတြမွာပါ တစ္ေခတ္ထခဲ့ရင္း ေနာက္ဆံုးမွာေတာ့ တျခားေန႔ေတြလို တရား၀င္သတ္မွတ္ထားတာမ်ိဳးေတာ့ မဟုတ္ေပမယ့္ Singles’ day ဆိုၿပီးေပၚလာခဲ့တာပါ။ ဘာေၾကာင့္ေန႔ေတြ အမ်ားႀကီးထဲကမွ ႏို၀င္ဘာ(၁၁)ကိုေရြးရသလဲဆိုေတာ့ (11/11)၊ တစ္ဂဏန္းဆိုတာ တစ္ကိုယ္တည္း၊ တစ္ေယာက္တည္းကို ကိုယ္စားျပဳတာေၾကာင့္ပါ။

Singles’ Day မွာဆိုရင္ တစ္ကိုယ္တည္း Single သမားေတြစုၿပီး ပါတီေတြက်င္းပ၊ ေစ်း၀ယ္ေတြထြက္၊ အစြံထုတ္ဖို႔ ‘Blind Date’ ပါတီေတြ လုပ္ၾကတာမ်ိဳးလည္းရွိပါတယ္။ အရင္တုန္းကေတာ့ အမ်ိဳးသားေတာ္ေတာ္မ်ားမ်ားကပဲ အဲဒီေန႔မွာ ပါ၀င္ခဲ့ၾကလို႔ “Bachelors’ Day” လို႔ ေခၚခဲ့ၾကဖူးပါတယ္။ ဒါေပမယ့္ အခုေတာ့ အမ်ိဳးသားေတြေရာ၊ အမ်ိဳးသမီးေတြပါ ပါ၀င္ဆင္ႏႊဲတဲ့ေန႔ေလးတစ္ေန႔ ျဖစ္လာခဲ့ပါၿပီ။

Unicode ဖြင့်ဖတ်ပါ
★★★★★

လာမဲ့၁၁ရက် ၁၁လ ၁၁နာရီဆိုတာဘာလည်းဆိုတာ မသိသေးတဲ့သူတွေ ဖတ်ရအောင် တင်ပေးလိုက်ပါတယ်

လာမဲ့၁၁ရက် ၁၁လ ၁၁နာရီဆိုတာဘာလည်းဆိုတာ မသိသေးတဲ့သူတွေ ဖတ်ရအောင် တင်ပေးလိုက်ပါတယ်
ဖေဖော်ဝါရီ(၁၄) ရက်နေ့ကတော့ ချစ်သူရှိသူတွေအတွက် ချစ်ရသူနဲ့ လက်ဆောင်တွေ အပြန်အလှန်ပေးရင်း ကြည်နူးပျော်ရွှင်ရတဲ့ချစ်သူများနေ့ပါ။ ချစ်သူမရှိတဲ့သူတွေအတွက်လည်း အားငယ်စရာမလိုပါဘူး။ Singles’ Day ဆိုပြီးတော့ ရှိပါသေးတယ်။ တရုတ်နိုင်ငံက သတ်မှတ်ထားတာပါ။ Singles’ Day ဆိုပြီး ဘာကြောင့်ပေါ်လာရတာလဲ..? singles တွေ အဲဒီနေ့မှာ ဘာတွေလုပ်ကြတာလဲ..? ဆိုတာတွေကို singles သမားတွေအတွက် ဖော်ပြပေးချင်ပါတယ်။

တရုတ်မှာဆိုရင် နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာ(၁၁)ရက်နေ့ကို Singles’ Day လို့ သတ်မှတ်ကြပါတယ်။ တရုတ်လိုဆိုရင်တော့ Guanggun Jie လို့ခေါ်ပါတယ်။ တကယ်တော့ အဲဒီနေ့ဟာ online shopping day လို့ ပြောလို့လည်းရပါတယ်။ Single သမားတွေ အကြီးအကျယ် Shopping ထွက်ကြတဲ့ နေ့ပါ။

၂၀၁၆ ခုနှစ်တုန်းကဆိုရင် အဲ့ဒီနေ့ရဲ့ ပထမ(၁၂) နာရီအတွင်းမှာပဲ Alibaba ဝက်ဘ်ဆိုက်မှာ အမေရိကန်ဒေါ်လာ (၁၂)ဘီလီယံကျော်ဖိုးလောက် ကုန်ပစ္စည်းတွေ ရောင်းထွက်ခဲ့ဖူးပါတယ်။ ဒါဟာ Alibaba တစ်ခုတည်းပဲရှိပါသေးတယ်။

Singles’ Day ပေါ်လာရတဲ့ သမိုင်းကြောင်းကတော့ ချစ်သူများနေ့ကို ဆန့်ကျင် (anti-Valentine) ကြရင်း ပေါ်လာတာပါ။ ၁၉၉၃ ခုနှစ်လောက်က Nanjing တက္ကသိုလ်ကနေ စခဲ့တာပါ။ ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ တခြားတက္ကသိုလ်တွေမှာပါ ပျံ့သွားခဲ့၊ အင်တာနက်တွေမှာပါ တစ်ခေတ်ထခဲ့ရင်း နောက်ဆုံးမှာတော့ တခြားနေ့တွေလို တရားဝင်သတ်မှတ်ထားတာမျိုးတော့ မဟုတ်ပေမယ့် Singles’ day ဆိုပြီးပေါ်လာခဲ့တာပါ။ ဘာကြောင့်နေ့တွေ အများကြီးထဲကမှ နိုဝင်ဘာ(၁၁)ကိုရွေးရသလဲဆိုတော့ (11/11)၊ တစ်ဂဏန်းဆိုတာ တစ်ကိုယ်တည်း၊ တစ်ယောက်တည်းကို ကိုယ်စားပြုတာကြောင့်ပါ။

Singles’ Day မှာဆိုရင် တစ်ကိုယ်တည်း Single သမားတွေစုပြီး ပါတီတွေကျင်းပ၊ ဈေးဝယ်တွေထွက်၊ အစွံထုတ်ဖို့ ‘Blind Date’ ပါတီတွေ လုပ်ကြတာမျိုးလည်းရှိပါတယ်။ အရင်တုန်းကတော့ အမျိုးသားတော်တော်များများကပဲ အဲဒီနေ့မှာ ပါဝင်ခဲ့ကြလို့ “Bachelors’ Day” လို့ ခေါ်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် အခုတော့ အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ ပါဝင်ဆင်နွှဲတဲ့နေ့လေးတစ်နေ့ ဖြစ်လာခဲ့ပါပြီ။