မထင်မှတ်ပဲ သားလေး ရဲ့ စကားတစ်ခွန်းကြောင့် ရင်ထဲ စို့နင့်ခဲ့ရတဲ့ ဒါရိုက်တာ ကိုပေါက်
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
အနုပညာသတင်း
အဲ့ဒီအချိန်သူ့အမေက “သားသား မနက်ဖြန်ကျရင်ပါးပါးရဲ့ရုပ်ရှင် ရုံတင်တော့မှာ၊ပါးပါးကရင်တွေပူနေတာတဲ့၊အများကြီးအောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ဦးလေ”လို့ပြောတော့ကိုကြီိးသော်က”ပါပါးရုပ်ရှင် အောင်မြင်ပါစေ..၊
Unicode ဖြင့်ဖတ်ပါ
★★★★★
ဇာတ်ပို့သရုပ်ဆောင်ဘဝကနေ ဒါရိုက်တာတစ်ယောက်အဖြစ် အောင်အောင်မြင်မြင်တက်လှမ်းနိုင်ခဲ့တဲ့ ဒါရိုက်တာ ကိုပေါက်ဟာ..၊
ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်အောင် ရိုက်ကူးလေ့ရှိတာမို့ မြန်မာရုပ်ရှင်လောကမှာ နေရာတစ်ခုအတိအကျနဲ့ ရပ်တည်နိုင်တဲ့ ဒါရိုက်တာတစ်ဦးပါ..။
ဒီတပတ်မှာတော့ ဒါရိုက်တာကိုပေါက်ရိုက်ကူးထားတဲ့ ရိုးမပေါ်ကျတဲ့ မျက်ရည် ဇာတ်ကားကြီးဟာ မင်္ဂလာရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာဖြစ်ပြီး..။
ကိုပေါက်အနေနဲ့လည်း ဒီရုပ်ရှင်ဇာတ်ကားကြီးအတွက် ရင်ခုန်လျှက်ရှိတာပါ..။
ကိုပေါက်ဟာ မိသားစုရေးရာနဲ့ပတ်သတ်ပြီးလည်း လူမှုကွန်ယက်မှာမျှဝေတတ်သူတစ်ဦးဖြစ်ပြီး ဒီတခါမှာတော့ ကိုပေါက်က သူ့ရဲ့ရုပ်ရှင်အတွက်စိတ်ပူပေးနေတဲ့..၊
သားငယ်လေးအကြောင်း ဝမ်းနည်းစရာမျှဝေထားတာပါ။ကိုပေါက်ကသားကြီး ကိုကြီးသော်မအိပ်ခင်မှာသူ့အမေက မီးပူတိုက်နေပါတယ်..။
သားငယ်လေးက အစောကြီးကတည်းကအိပ်သွားပါပြီစမက်ဒေါင်းတွေဆော့ပြီး မောပန်းပြီးအိပ်သွားပုံရတယ်။ကျွန်တော်ကကိုကြီးသော်ကိုအိပ်ဖို့ခေါ်ပါတယ်..။
ခြင်ထောင်ထဲဝင်ပြီးချိန် သူ့ခေါင်းအုံးရှိပေမယ့် ကျွန်တော့လက်မောင်းပေါ်လာအိပ်တယ်။ကျွန်တော့လက်မောင်းက အေးပြီးပျော့ပျော့အိအိလေးဆိုတော့ သူအိပ်လို့ကောင်းတယ်တဲ့..၊
အဲ့ဒီအချိန်သူ့အမေက “သားသား မနက်ဖြန်ကျရင်ပါးပါးရဲ့ရုပ်ရှင် ရုံတင်တော့မှာ၊ပါးပါးကရင်တွေပူနေတာတဲ့၊အများကြီးအောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ဦးလေ”လို့ပြောတော့ကိုကြီးသော်က”ပါပါးရုပ်ရှင် အောင်မြင်ပါစေ..၊
အရင်ကလိုဆဲကြတဲ့လူတွေမရှိပါစေနဲ့တဲ့”သားသားရဲ့ဆုတောင်းစကားကကျွန်တော့ရင်ကို ထိရှမိပါတယ်ကျွန်တော့ရင်ထဲမှာ စို့ကနဲ့ဖြစ်သွားပြီးသားကိုဖက်ထားလိုက်မိတယ်..။
သူ့အဖေကို ဝိုင်းဆဲနေကြတာမျိုး သူမခံစားနိုင်ဘူးထင်ပါတယ်။သူ့ရင်ထဲ အဲ့ဒီအချိန်ကအဲ့ဒီအသိ ရှိနေလိမ့်မယ်လို့ မထင်ခဲ့ဘူး..၊
ကလေးတစ်ယောက်အနေနဲ့ ပုံမှန်ဆော့ကစားနေခဲ့တာမျိုးပဲထင်ခဲ့တာ။သားကိုဖက်ထားနေတုန်းမှာပဲသားမသိအောင်ရင်ထဲကနေ ပြောလိုက်မိတာက “သားရယ် ဖေဖေတို့ဘဝတွေကိုကဝဠ်ကြွေးကြီးတာပါ”လို့။ လို့မျှဝေထားခဲ့တာပါ..။
ှဒါရိုက်တာကိုပေါက်ရိုက်ကူးထားတဲ့ ရိုးမပေါ်ကျတဲ့မျက်ရည်ဇာတ်ကားကြီးဟာ ရုံတင်ကားကြီးဟာ ယခုရုံတင်ပြသနေပြီဖြစ်ပြီး Shwe Yaung Lan အဖွဲ့သားများကလည်းကိုပေါက်ရဲ့ သားလေး ဆုတောင်းပြည့်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်..
Writer – Magic(Shwe Yaung Lan)