ဟော့ပေါ့ဆိုင်မှာ ဝင်ထိုင်နေကြတဲ့ နွမ်းနွမ်းပါးပါး မိသားစုကို တွေ့လို့ မေးကြည့်လိုက်တဲ့အခါ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

ဒီနေ့ စိတ်ချမ်းမြေ့စရာ အကြောင်းတစ်ခုဖြစ်သလို သာဓုခေါ်စရာ အလှူလည်းဖြစ်တာမို့ပြန်လည်မျှဝေချင်ပါတယ်။ အကြောင်းကတော့ နွမ်းပါးတဲ့ သူဖုန်းစားမိသားစု က ဟေ့ာ
ပေါ့စားတဲ့အဖြစ်အပျက်ကလေးပါပဲ။ ဒီအကြောင်းကို ကိုယ်တိုင်ကြုံတွေ့လာတဲ့ လူမှုကွန်ရက် အသုံးပြုသူတစ်ယောက်က ပြန်လည်မျှဝေထားတာဖြစ်ပါတယ်။ဖြစ်ပုံက ဒီလိုပါ….

((( မနေ့ည က ဂျပန်ကလာတဲ့သူငယ်ချင်းကိုထမင်းလိုက်ကျွေးရင်းအဝစား ဟော့ပေါ့ဆိုင်မှာစားဖြစ်ကြတယ် ကျနော်တို့ရယ် တခြားအတွဲနှစ်တွဲရယ်ရှိတဲ့ဆိုင်ထဲကို အဝတ်အစားနွမ်းနွမ်းနဲ့နံနံစော်စော် လင်မယားနှစ်ယောက်နဲ့ခလေးလေးမိသားစုတစု မဝံ့မရဲနဲ့ဝင်လာပြီး ကျနော်တို့နားက စားပွဲမှာဝင်ထိုင်ရင်း မီနူးကိုစာအုပ်ပေးပါဆိုပြီးတောင်းနေတော့

စားပွဲထိုးလေးကယူလာပေးတော့ကြည့်ပြီးမှာရှာတယ် ကြက်ဥတလုံး ဘာညာဘာညာပေါ့လေ ဒါနဲ့ကျနော်လဲမနေသာပဲ လက်တို့ပြီးမင်းတို့ဘာလုပ်လို့လာစားကြတာလဲမေးကြည့်တော့ ကျနော်တို့လင်မယားတောင်းရာကပြန်လာတာ နှစ်သောင်းလောက်ရလာလို့လာစားတာပါတဲ့ ဒါနဲ့ဘာလို့ဒီဆိုင်ကိုလာစားရတာလဲဆိုတော့

အဝကပုံကိုကြည့်ပြီး လူ့ဘဝမှာမစားဘူးတာစားဘူးတယ်ရှိအောင်လာစားတာတဲ့ တောင်းစားပေမဲ့ စိတ်ကိုကြိုက်တာနဲ့ မင်းတို့ပိုက်ဆံနောက်နေ့မှစား အခုငါပေးမယ် မမှာနဲ့ ဟောဒီမှာအသီးအရွက်တွေ ဟောဒါက အသားတွေဟောဒါ အအေး ဟောဒါ ထမင်းကြော် ကြိုက်တာကိုကြိုက်သလောက်စားစမ်း အဝစားကုန်ရင်ထပ်ယူဆိုတော့ ဘေးဝိုင်းတွေကလဲမကန့်ကွက်တာနဲ့ကျနော်ကျွေးလိုက်တယ်

စားလိုက်ကြတာဗျာ ဟေ့ကောင်တွေကုန်သလောက်ပဲယူ ကျန်အောင်တော့မယူနဲ့နော်ဆိုတော့ ကုန်တယ်ဆိုပြီးစားလိုက်ကြတာဗျာ ကျနော်မစားနိုင်ပေမဲ့ ထိုင်ကြည့်ပြီးဝမ်းသာလိုက်တာဗျာ အရပ်စကားနဲ့ပြောရရင် တောငိးစားသူနဲ့အတူစားခြင်းပေါ့ဗျာ ဆုပေးသေးတယ် အကိုကြီး ကျမ်းမာပါစေတဲ့ ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ )))

ဒီလို စိတ်ဓာတ်ရှိပြီး ဒကာခံပေးခဲ့တဲ့ မိတ်ဆွေ စိတ်ဓာတ်ဟာ အတော်လေးကို မွန်မြတ်ရှာပါတယ်။ အများစုက နာမည်တပ် အလှူရှင်ဖြစ်ချင်တဲ့ ခေတ်မှာ အခုလို အလှူရှင်တွေ ရှားတာမို့ သိရှိနိုင်အောင် ပြန်လည်မျှေဝေပေးလိုက်ပါတယ်နော်။

Writer- SMT(Shwe Yaung Lan)
Source- Original Poster

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဒီေန႔ စိတ္ခ်မ္းေျမ့စရာ အေၾကာင္းတစ္ခုျဖစ္သလို သာဓုေခၚစရာ အလႉလည္းျဖစ္တာမို႔ျပန္လည္မွ်ေဝခ်င္ပါတယ္။ အေၾကာင္းကေတာ့ ႏြမ္းပါးတဲ့ သူဖုန္းစားမိသားစု က ေဟ့ာ
ေပါ့စားတဲ့အျဖစ္အပ်က္ကေလးပါပဲ။ ဒီအေၾကာင္းကို ကိုယ္တိုင္ႀကဳံေတြ႕လာတဲ့ လူမႈကြန္ရက္ အသုံးျပဳသူတစ္ေယာက္က ျပန္လည္မွ်ေဝထားတာျဖစ္ပါတယ္။ျဖစ္ပုံက ဒီလိုပါ….

((( မေန႔ည က ဂ်ပန္ကလာတဲ့သူငယ္ခ်င္းကိုထမင္းလိုက္ေကြၽးရင္းအဝစား ေဟာ့ေပါ့ဆိုင္မွာစားျဖစ္ၾကတယ္ က်ေနာ္တို႔ရယ္ တျခားအတြဲႏွစ္တြဲရယ္ရွိတဲ့ဆိုင္ထဲကို အဝတ္အစားႏြမ္းႏြမ္းနဲ႔နံနံေစာ္ေစာ္ လင္မယားႏွစ္ေယာက္နဲ႔ခေလးေလးမိသားစုတစု မဝံ့မရဲနဲ႔ဝင္လာၿပီး က်ေနာ္တို႔နားက စားပြဲမွာဝင္ထိုင္ရင္း မီႏူးကိုစာအုပ္ေပးပါဆိုၿပီးေတာင္းေနေတာ့

စားပြဲထိုးေလးကယူလာေပးေတာ့ၾကည့္ၿပီးမွာရွာတယ္ ၾကက္ဥတလုံး ဘာညာဘာညာေပါ့ေလ ဒါနဲ႔က်ေနာ္လဲမေနသာပဲ လက္တို႔ၿပီးမင္းတို႔ဘာလုပ္လို႔လာစားၾကတာလဲေမးၾကည့္ေတာ့ က်ေနာ္တို႔လင္မယားေတာင္းရာကျပန္လာတာ ႏွစ္ေသာင္းေလာက္ရလာလို႔လာစားတာပါတဲ့ ဒါနဲ႔ဘာလို႔ဒီဆိုင္ကိုလာစားရတာလဲဆိုေတာ့

အဝကပုံကိုၾကည့္ၿပီး လူ႔ဘဝမွာမစားဘူးတာစားဘူးတယ္ရွိေအာင္လာစားတာတဲ့ ေတာင္းစားေပမဲ့ စိတ္ကိုႀကိဳက္တာနဲ႔ မင္းတို႔ပိုက္ဆံေနာက္ေန႔မွစား အခုငါေပးမယ္ မမွာနဲ႔ ေဟာဒီမွာအသီးအ႐ြက္ေတြ ေဟာဒါက အသားေတြေဟာဒါ အေအး ေဟာဒါ ထမင္းေၾကာ္ ႀကိဳက္တာကိုႀကိဳက္သေလာက္စားစမ္း အဝစားကုန္ရင္ထပ္ယူဆိုေတာ့ ေဘးဝိုင္းေတြကလဲမကန္႔ကြက္တာနဲ႔က်ေနာ္ေကြၽးလိုက္တယ္

စားလိုက္ၾကတာဗ်ာ ေဟ့ေကာင္ေတြကုန္သေလာက္ပဲယူ က်န္ေအာင္ေတာ့မယူနဲ႔ေနာ္ဆိုေတာ့ ကုန္တယ္ဆိုၿပီးစားလိုက္ၾကတာဗ်ာ က်ေနာ္မစားႏိုင္ေပမဲ့ ထိုင္ၾကည့္ၿပီးဝမ္းသာလိုက္တာဗ်ာ အရပ္စကားနဲ႔ေျပာရရင္ ေတာငိးစားသူနဲ႔အတူစားျခင္းေပါ့ဗ်ာ ဆုေပးေသးတယ္ အကိုႀကီး က်မ္းမာပါေစတဲ့ ေပးတဲ့ဆုနဲ႔ျပည့္ပါေစဗ်ာ )))

ဒီလို စိတ္ဓာတ္ရွိၿပီး ဒကာခံေပးခဲ့တဲ့ မိတ္ေဆြ စိတ္ဓာတ္ဟာ အေတာ္ေလးကို မြန္ျမတ္ရွာပါတယ္။ အမ်ားစုက နာမည္တပ္ အလႉရွင္ျဖစ္ခ်င္တဲ့ ေခတ္မွာ အခုလို အလႉရွင္ေတြ ရွားတာမို႔ သိရွိႏိုင္ေအာင္ ျပန္လည္ေမွ်ေဝေပးလိုက္ပါတယ္ေနာ္။

Writer- SMT(Shwe Yaung Lan)
Source- Original Poster