တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ လျှောက်လည်နေကြတဲ့ နော်ဖောအယ်ထား၊ ပိုးမမှီသာ၊ မေတိုးခိုင်နဲ့ ဖုန်းသီရိကျော်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





CRD-Momolay

Unicode ဖြင့်ဖတ်ပါ
★★★★★

ချစ်စရာကောင်းတဲ့ မိန်းကလေးတွေဖြစ်တဲ့ နော်ဖောအယ်ထား၊ မေတိုးခိုင်၊ ပိုးမမှီသာနဲ့ ဖုန်းသီရိကျော်တို့ဟာ အသက်အရွယ် ငယ်ရွယ်သေးကြပေမယ့် အနုပညာလောကမှာတော့ အောင်မြင်မှုကိုယ်စီ ရရှိနေသူတွေ ဖြစ်ပါတယ်။ နော်ဖောအယ်ထားနဲ့ မေတိုးခိုင်တို့ကတော့ အောင်မြင်မှုရရှိပြီးသား သူတွေဆိုပေမယ့် ပိုးမမှီသာနဲ့ ဖုန်းသီရိကျော်တို့ကတော့ ကျောင်းတက်ရင်း အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ကာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိနေတာ ဖြစ်ပါတယ်။

အနုပညာလုပ်ငန်းတွေကို အတွဲညီညီနဲ့ လုပ်ကိုင်ကြတဲ့ နော်ဖောအယ်ထား၊ မေတိုးခိုင်၊ ပိုးမမှီသာနဲ့ ဖုန်းသီရိကျော်တို့က အပြင်မှာလည်း သူငယ်ချင်းတွေ၊ ညီအစ်မတွေလို ရင်းနှီးချစ်ခင်သူတွေဖြစ်ပါတယ်။

နော်ဖောအယ်ထားတို့ သူငယ်ချင်းတစ်စုက လက်ရှိမှာတော့ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ တောင်ကြီးကိုရောက်ခိုက် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ လျှောင်လည်ခဲ့ကြတဲ့ သူမတို့ လေးဦးရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

နော်ဖောအယ်ထား၊ မေတိုးခိုင်၊ ပိုးမမှီသာ၊ ဖုန်းသီရိကျော်တို့ လေးဦးကတော့ လူငယ်တွေပီပီ တောင်ကြီးတန်ဆောင်မှာ လျှောက်လည်ရင်း ပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။သူငယ်ချင်းတွေစုပြီး အပျော်ခရီးသွားကြတယ်ဆိုတာ အရမ်းကို ပျော်စရာကောင်းတဲ့ အမှတ်တရတစ်ခုပါပဲ။ နော်ဖောအယ်ထားတို့လည်း ပျော်ရွှင်ပြီး မမေ့နိုင်စရာ အမှတ်တရကောင်းတွေ ရရှိခဲ့ပါစေနော်။