ပကာသနတွေထက် ရိုးရှင်းပြီး ခမ်းနားတဲ့အလှဖြစ်ဖို့က ပိုပြီးအရေးကြီးတယ်ဆိုတဲ့ မိုးဟေကို

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★








Unicode ဖြင့်ဖတ်ပါ
★★★★★

ပကာသနတွေထက် ရိုးရှင်းပြီး ခမ်းနားတဲ့အလှဖြစ်ဖို့က ပိုပြီးအရေးကြီးတယ်ဆိုတဲ့ မိုးဟေကို

နိုင်ငံကျော် မင်းသမီးချောလေး မိုးဟေကိုက ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာမှာ ပါဝင်သရုပ်ဆောင်နေသူ တစ်ဦးပါ။ မိုးဟေကိုဟာ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုတွေ ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေများစွာကို ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။

အမြဲတမ်း ခမ်းနားလှပစွာ လှနေတတ်တဲ့ မင်းသမီးချော မိုးဟေကိုကို ဒီတစ်ခေါက်မှာလည်း အရမ်းကျက်သရေရှိတဲ့ မြန်မာဝတ်စုံလေးနဲ့ အေးချမ်းစွာ တွေ့မြင်ရပါတယ်။

မိုးဟေကိုက “ပကာသနတွေနဲ့ ဆန်းပြားတဲ့အလှ ဖြစ်ဖို့ထက် ရိုးရှင်းပြီး ခမ်းနားတဲ့အလှဖြစ်ဖို့က ပိုပြီးအရေးကြီးတယ်နော် ” လို့တောင် ဆိုထားပါသေးတယ်။

မိုးဟေကိုက အဖြူရောင် မြန်မာဝတ်စုံလေးကိုဝတ်ပြီး သူမရဲ့ အသက်အရွယ်အတိုင်း တည်ငြိမ်လှပနေတာပဲ ဖြစ်ပါတယ်။

မိုးဟေကိုက လက်ရှိမှာတော့ “အောင်ဆန်း” ရုပ်ရှင်နဲ့ “မိတင်စိန်” ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

မိုးဟေကိုကတော့ ဘယ်အချိန်ကြည့်ကြည့် လှနေတာပဲနော်။ ပရိသတ်ကြီးလည်း မိုးဟေကိုရဲ့ ကျက်သရေရှိလှတဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။