ကလေးအမေဖြစ်ပြီးမှ ပြောင်းလဲသွားတဲ့ သူမရဲ့ အကြောင်းကို ပြောပြလာတဲ့ ခိုင်နှင်းဝေ
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
ကလေးအမေဖြစ်ပြီးမှ ပြောင်းလဲသွားတဲ့ သူမရဲ့ အကြောင်းကို ပြောပြလာတဲ့ ခိုင်နှင်းဝေ
ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မင်းသမီးချောလေး ခိုင်နှင်းဝေက နှစ်ပေါင်းအတော်ကြာ ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားထားနိုင်သူ ဖြစ်ပါတယ်။ အသက်အရွယ်တစ်ခု ရောက်ရှိလာပြီးတဲ့နောက်မှာတော့ ခိုင်နှင်းဝေက အနုပညာလုပ်ငန်းတွေနဲ့အတူတူ ပရဟိတလုပ်ငန်းတွေကိုပါ တွဲဖက်လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ ခိုင်နှင်းဝေက လက်ရှိမှာတော့ သူမတို့မိသားစု နေပြည်တော်မှာ ပြုလုပ်မယ့် ကထိန်ပွဲလေးကိုသွားရင်း ခရီးစဉ်အမှတ်တရကို အခုလို ပြောပြလာပါတယ်။
“ပုံမှန် ဆို ကျမ ခရီးသွားတိုင်း ကျွန်မတို့ သားအမိ နှစ်ယောက် တူတူ ပုံ နဲ့ ကျမ တယောက်ထဲ ပုံတွေ့အညောင်းအညာပြေ ကားလေးရပ်ပြီး ပုံတွေရိုက်လေ့ရှိတယ်။ အဲ့လိုချိန်တိုင်း ကျွန်မက မင်းသမီး ဆိုတော့ ကျွန်မ ပုံလှလှလေးတွေထွက်ဖို့ပဲ အာရုံရတာ။ အခုများဖြင့် မမရွှန်းရွှန်း လေးနဲ့ ကျမဘဝက သူပဲပေးတာချည်း ကြည့်ပြီး မှင်သက်နေရတာ တယောက်ထဲ ပုံတောင် တစ်ပုံမှကိုမရိုက်ဖြစ်ပြန်ကော”
“အရင်ကများ ခရီးသွားရင် အလုပ်ပင်ပန်းတာများတော့ ကိုယ်ဘယ်လို သက်သောင့်သက်သာရှိမလဲပဲ စဉ်းစားပြီး ခေါင်းအုံးတွေ၊ စောင်တွေ၊ အရုပ်တွေအပြည့်နဲ့ ဇိမ်ယူတတ်တဲ့ ကျမက ခုဆို ကျွန်မလက်ပေါ်ကမဆင်းတဲ့ သမီးလေးကို တစ်လမ်းလုံး ချီပြီး သူအိပ်ချိန်လေးမှ နားရရှာနေသော်လည်း ပီတိတွေဖြစ် ပျော်နေ လိုက်တာ ကိုယ့်ကိုကိုယ် တောင် အံ့ဩမိ။”
“ဟော မမရွှန်း ခုမှအိပ်ပျော်တုန်း နားမယ်ကြံရင်းမှာပဲ ကျွန်မ ကလေးအမေ ကြီး အခုဆိုရင်တော့ဖြင့် ကထိန်ခင်းဖို့ နေပြည်တော် မြို့ကြီးကို ရောက်ပါပြီတဲ့ ရှင်” ဆိုပြီး ကလေးအမေဖြစ်ပြီးမှ ပြောင်းလဲသွားတဲ့ သူမရဲ့ အကြောင်းကို ပြောပြလာတာပဲ ဖြစ်ပါတယ်။
သမီးလေး ရွှန်းရတီခိုင်ကလည်း မေမေခိုင်နှင်းဝေ မချစ်ပဲ မနေနိုင်အောင် တီတီတာတာ အမူအယာလေးတွေနဲ့ တစ်နေ့တစ်ခြား ချစ်စရာကောင်းလာတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေလည်း ချစ်ရတဲ့ သမီးလေး ရွှန်းရတီခိုင်နဲ့ အမြဲတမ်း ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။