ဘန်ကောက်မြို့မှာ လွတ်လပ်ပေါ့ပါးစွာ လျှောက်လည်နေတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
ဘန်ကောက်မြို့မှာ လွတ်လပ်ပေါ့ပါးစွာ လျှောက်လည်နေတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်
ကြည်လင်ရှင်းသန့်ပြီး အရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်က အနုပညာလောကမှာ ထွန်းလင်းတောက်ပတဲ့ ကြယ်ပွင့်လေးတစ်ပွင့် ဖြစ်ပါတယ်။ မေမြင့်မိုရ်က “ပန်းနုသွေး” ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုရရှိခဲ့ပြီး အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဝါရင့်သရုပ်ဆောင်တွေနဲ့အပြိုင် သရုပ်ဆောင်နေရပြီ ဖြစ်ပါတယ်။
လတ်တလောမှာတော့ မေမြင့်မိုရ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် မေမြင့်မိုရ်ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
မေမြင့်မိုရ်ကတော့ ကြည်လင်လှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး တစ်နေ့တစ်ခြား အလှကြီးလှလာတာပဲ ဖြစ်ပါတယ်။v
မေမြင့်မိုရ်က လက်ရှိမှာ ရုံတင်ပြသနေတဲ့ “ရိုးမပေါ်ကျတဲ့မျက်ရည်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိနေတာ ဖြစ်ပြီး အခြားသော အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေလျက် ရှိပါတယ်။
မေမြင့်မိုရ်ကတော့ ဘန်ကောက်မှာ လျှောက်လည်ရင်း ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်ကြီးလည်း မေမြင့်မိုရ်ရဲ့ အမိုက်စားပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။