“ပရိသတ်တွေ သဘောကျ နှစ်သက်နေတဲ့ မခိုင်လေး ရဲ့ စကားလုံးတွေ”

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်တွေက “မခိုင်လေး” လို့ ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မင်းသမီးခိုင်သင်းကြည်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းကနေ လက်ရှိအချိန်အထိကို အောင်မြင်မှုတွေထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ မခိုင်လေးဟာ ဆယ်စုနှစ် တစ်ခုကျော်တိုင်တဲ့ အထိကို နာမည်ပျက်မရှိရပ်တည်နေတဲ့အပြင် သရုပ်ဆောင်စွမ်းရည် လျော့ကျသွားခြင်းမရှိတာကြောင့်လည်း ဂျူနီယာအနုပညာရှင်မောင်နှမများရဲ့ လေးစားအတုယူစရာကောင်းတဲ့ အနုပညာရှင်တစ်ဦးဖြစ်နေတာဆိုရင် မှားမယ် မထင်ပါဘူးနော်။

ခိုင်သင်းကြည်ကတော့ ယနေ့အထိကို ဂျူနီယာများနဲ့တွဲဖက်သရုပ်ဆောင်တဲ့အခါ အရွယ်မလိုက်အောင် လန်းနိုင်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့အပြင် အနုပညာလောကမှာလည်း နာမည်ကောင်းနဲ့ ရပ်တည်လာခဲ့တဲ့ နိုင်ငံကျော် ထိပ်တန်းမင်းသမီးတစ်ယောက်ပါ။ရိုးသားပြီး ပွင့်လင်းလှတဲ့ အပြောအဆိုတွေကြောင့် မခိုင်လေးကို ပရိသတ်တွေက အချစ်ကြီး ချစ်နေရတာလည်း ဖြစ်ပါတယ်။

လတ်တလောမှာလည်း မခိုင်လေးရဲ့ ဗီဒီယိုဖိုင်လေး တစ်ခုက ပရိသတ်တွေ ရဲ့ ကျေနပ်သဘောကျမှုကို ရနေတာလည်း ဖြစ်ပါတယ်။ဒီဗီဒီယိုဖိုင်လေးထဲမှာတော့ မခိုင်လေးရဲ့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ အပြောအဆိုလေးတွေကို ပရိသတ်တွေကသဘောကျနှစ်သက်နေကြတာပါ။ ပရိသတ်ကြီးရေ မခိုင်လေး ရဲ့ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source – We Love Khine Thin Kyi,CRD-Cele Gabar