ထိုင်းသီချင်း နဲ့ အမှန်အကန်က နေတဲ့ ဖြူဖြူထွေး နဲ့ နေဆန်း (ရုပ်သံ)

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




crd : burmeseasia

Unicode ဖြင့်ဖတ်ပါ
★★★★★

ဟာသ ဗီဒီယိုလေး ကို တင်ပြီး ပရိသတ်ရဲ့ ချစ်ခြင်းမေတ္တာကို ရရှိလာပြီး အခုဆိုရင် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်နေပြီ ဖြစ်တဲ့ ဖြူဖြူထွေးကိုတော့ အားလုံးသိကြပြီးသားဖြစ်မှာပါ ။ အခုချိန်မှာတော့ ဖြူဖြူထွေးဟာကြော်ငြာရိုက်ကူးရေးတွေကိုလည်း ဆက်တိုက် ရိုက်ကူးနေရပါတယ်။ ချစ်စရာကောင်းပြီး ဟန်ဆောင်မှုကင်း ရိုးသားပွင့်လင်းတဲ့ စကားပြောပုံတွေကြောင့်လည်း ဖြူဖြူထွေးကို ပရိသတ်တွေက ပိုပြီးချစ် ပိုပြီး လက်ခံအားပေးလာကြတာကတော့ အမှန်ပါပဲ။ဖြူဖြူထွေးကတော့ ပွဲတက်တွေနဲ့ နယ်ဖျော်ဖြေရေးပွဲတွေကိုလည်း ဆက်တိုက် ဆိုသလို သွားနေရတဲ့ တက်သစ်စ အနုပညာရှင်လေးတစ်ယောက်လည်းဖြစ်ပါတယ်။

နောက်ပြီး နေဆန်းဆိုတဲ့ မိန်းကလေးလို ဝတ်ထား လိုက်ရင် သာမာန်မိန်းကလေးတွေတောင်ရှုံးလောက်တဲ့ အလှပိုင်ရှင်တစ်ဦးဖြစ်ပြီး ယောက်ျားလေးလို ဝတ်ထားတဲ့အချိန်မှာလည်း တကယ့်ကောင်လေးချောချောတစ်ယောက်ဖြစ်နေတဲ့ နေဆန်းကိုလည်း အားလုံးသိကြမယ်ထင်ပါတယ်။ နေဆန်း ကလည်း Tik Tok နဲ့ Facebook မှာ ဟာသ ဗီဒီယိုလေးတွေကိုတင်ပြီး ပရိသတ်တွေကို ဟာဒယရွှင်ဆေး တိုက်ကျွေးနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ တကယ်လို့များသူတို့နှစ်ယောက်ပေါင်းပြီး သရုပ်ဆောင်ထားတဲ့ Video လေးဆိုရင်ရော ဘယ်လိုနေမယ်ထင်ပါသလဲ ။ အခုကျနော်တို့ ဖော်ပြပေးသွားမယ့် Video လေးတစ်ခုကတော့ နေဆန်းနဲ့ ဖြူဖြူထွေးတို့နှစ်ယောက် အတွဲညီညီနဲ့ထိုင်းသီချင်းလေးတစ်ပုဒ်ကို လိုက်ပြီး သရုပ်ဆောင်ထားတဲ့ Video လေးပဲဖြစ်ပါတယ်။

ဒီVideo လေးကိုတော့ နေဆန်းရဲ့ Tik Tok အကောင့်မှာ တင်ထားတာပါ ။ ဒီထဲမှာတော့ နေဆန်းက မိန်းကလေးလိုဝတ်ဆင်ထားပြီး တကယ့်က မိန်းကလေးအစစ်တွေ ရှုံးလောက်အောင်လည်းလှပနေပါတယ်။ သူနဲ့ ဖြူဖြူထွေးတို့နှစ်မယောက်စလုံးက တကယ့်ကို ချစ်စရာကောင်းနေတာကို တွေ့ရမှာပါ။ သူတို့နှစ်ယောက်သရုပ်ဆောင်ထားတဲ့ သီချင်းလေးကတော့ Tik Tok ကစားသူတွေကြားမှာ ရေပန်းစားနေတဲ့ သီချင်းလေးလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ Video လေးကိုကြည့်ပြီး ပြုံးပျော်နိုင်ကြပါစေနော်။ သူတို့နှစ်ယောက်ရဲ့ Video လေးကို ကြည့်ပြီးသွားရင်လည်း မိတ်ဆွေတို့ရဲ့ အမြင်တွေကို ပြန်လည် ဝေမျှပေးသွားကြပါဦးခင်ဗျာ ။

crd : burmeseasia