မင်္ဂလာပွဲတစ်ခုကိုမိသားစုနဲ့အတူ တက်ရောက်ချီးမြှင့်ခဲ့တဲ့ မြင့်မြတ်

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

ရုပ်ရှင်ဇာတ်ကားတိုင်းကို အပိုလိုမရှိသရုပ်ဆောင်တတ်တဲ့ သဘာဝမင်းသားဆိုပြီးပရိသတ်တွေ အားပေးချစ်ခင်နေရတာကတော့ မင်းသားခေဖာလေးမြင့်မြတ်ပါ။ မြင့်မြတ်ဟာ ဗီဒီယိုဇာတ်ကားခေတ်မှစ၍ ယနေ့ထိတိုင်အောင် ဇာတ်ကားပေါင်းမြောက်များစွာ ရိုက်ကူးနေရတဲ့ ထိပ်တန်းမင်းသားတစ်လက်ပါ။ အိမ်ထောင်ကျသွားသော်လည်း သူချစ်တဲ့ပရိသတ်ကြီးအတွက် ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်လက်ရိုက်ကူးလျက်ရှိနေတာပါ။

သားလေးဖြစ်သူ မြတ်သူဟာလည်း သိပ်ကိုချစ်စရာကောင်းလွန်းပြီး တစ်အိမ်လုံးရဲ့ အသည်းကျော်လေး ဖြစ်နေရတာပါ။ သားလေးဟာ တစ်အိမ်လုံးရဲ့အချစ်တော်လေးဖြစ်နေတာပါ။ မြင့်မြတ်ကတော့ သားလေးကို အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်နေတာပါ။

အခုမှာလည်း မြင့်မြတ်ရဲ့မန်နေဂျာရဲ့မင်္ဂလာဆောင်အခမ်းအနားကိုမိသားစုလိုက် တက်ရောက်ချီးမြှင့်ခဲ့တဲ့ပုံလေးတွေ တင်ထားတာပါ။ မြင့်မြတ်တို့ဇနီးမောင်နှံဟာ ဒီပွဲလေးမှာ မင်္ဂလာအောင်စံပယ်ပန်းကုံးတက်ရောက်ချီးမြှင့်ခဲ့တာပါ။ ပရိသတ်ကြီးအတွက်ဒီပုံရိပ်လေးတွေတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- ဂျူနီယာမြင့်မြတ် Facebook Page

Zawgyi ဖြင့်ဖတ်ပါ
★★★★★



