မဲဇလီဖူးက တကယ်ပဲ ဆေးပေါင်းခသလား..ဆေးပေါင်းခတဲ့ မဲဇလီဖူးသုတ် ဘယ်လို လုပ်ကြမလဲ

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

မဲဇလီ ဖူးသုပ်ကို ဆေးဖက် ဝင်တဲ့ အစာအဖြစ် ဆေးပေါင်းခတဲ့ တန်ဆောင် မုန်းလပြည့်နေ့မှာ စားလေ့ရှိကြပါတယ်။

မဲဇလီဖူးဟာ တကယ်ပဲ ကျန်းမာရေးအတွက် အထောက်အကူပြုသလားဆိုတာကတော့ စဉ်းစားစရာပါ။

ကဲ ဒါဆို မယ်ဇလီဖူးကို စနစ်တကျ လေ့လာကြည့်ရအောင်. . .

မဲဇလီဖူးမှာ ရေဓာတ်၊ ဂလူးကိုဆိုက်၊ ကတ်သတစ်အက်စစ်၊ အန်သရိုကွီနုန်း၊ ကမ်ဖီရောစတဲ့ ပစ္စည်းတွေပါဝင်တာကြောင့် ဆေးဖက်ဝင်

တဲ့ အပင်ထွက်ပစ္စည်းအနေနဲ့ စားသုံးကြတာဖြစ်ပါတယ်။

မဲဇလီဖူး မှာ အောက်ပါ အကျိုးကျေးဇူးတွေရှိကြောင်း သိရပါတယ်။

အစာအိမ် အူလမ်းကြောင်းကို ကျန်းမာစေပါတယ်

မဲဇလီဖူးကို ရောဂါကင်းရှင်းစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။

အကြောင်းကတော့ အန်သရာကွီနုန်း ပမာဏများစွာ ပါဝင်ပြီး ဝမ်းချုပ်တာ၊ သွေးထွက်တာနဲ့ အက်စစ်ဆန်တက်ပြီး ရင်ပူတာတို့လို အစာခြေ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဆန့်ကျင်ရာမှာ အဓိက အသုံးဝင်ပါတယ်။

ဝမ်းမှန်မှန်သွားစေပါတယ်

မဲဇလီဖူးဟာ အူတွေကို သန့်စင် စေပြီး အူမကြီးရဲ့ လှုပ်ရှားမှုကို ကောင်း မွန်စေ

တာကြောင့် ဝမ်းပျော့ပျော့သွား စေတဲ့ အာနိသင်ရှိပါတယ်။

ဒါ့အပြင် အူလမ်းကြောင်းရှိ တုတ်ကောင်တွေကို ဖယ်ရှားပေးတဲ့ အစွမ်းလည်း ရှိပါတယ်။

ပျို့ချင် အန်ချင်တာကို သက်သာစေပါတယ်

မဲဇလီဖူးကို အနည်းငယ်စားပေးရင် ပျို့ချင်အန်ချင်ဖြစ်တာကို သက်သာစေပါ တယ်။

ကိုယ်ခံ စွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်။

မဲဇလီဖူးကို စားတာကြောင့် သရက်ရွက်ထဲမှာ ဆဲလ်အသစ်များများဖြစ်အောင် လှုံ့ဆော်ပေးနိုင်တဲ့အတွက် ဆေးဖက်ဝင်

အစွမ်း ရှိတာပါ။

ရောဂါကို တွန်း လှန်နိုင်တဲ့ အစွမ်းရှိတာကို အသေးစိတ် လေ့လာမှုတွေ

ဆက်လက်ပြုလုပ်နေကြပြီး ကာကွယ်ဆေးအဖြစ် တွဲဖက်သုံးဖို့ဖြစ်နိုင်ခြေ ရှိ၊ မရှိ စဉ်းစားနေကြပါတယ်။

ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိ ရှိပါတယ်။

မဲဇလီဖူးမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့် ပါဝင်ပါတယ်။

ပိုလီဖီနော ဓာတ်ပါဝင်မှုများပါတယ်။

ဒါကြောင့် ဖရီးရယ်ဒီကယ်ကြောင့် ဆဲလ်ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်သလို အသည်းမှာ ထိခိုက်မှု မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒါပေမဲ့ လူတွေမှာ ဘယ်လောက်အထိ အသုံးဝင် ထိရောက်မှု ရှိသလဲဆိုတာကို နောက်ထပ် လေ့လာမှုတွေ ထပ်လုပ်ဖို့ လိုအပ်နေပါသေးတယ်။

ပိုးမွှားတွေကို တွန်းလှန်ပေးပါတယ်

လေ့လာမှုတွေအရ မဲဇလီဖူးမှာ Staphylococcus aureus, Pseudomonas aeruginosa နဲ့ Proteus. vulgaris စတဲ့ ပိုးတွေကို တွန်းလှန်ပေးနိုင်တဲ့အစွမ်းရှိကြောင်း ဆိုပါတယ်။

ဒါပေမဲ့ ဖန်းဂပ်စ်မှိုတွေကိုတော့ တွန်းလှန် နိုင်တယ်လို့ မပြသထားပါဘူး။

အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။

မဲဇလီဖူးဟာ ဖရီးရယ်ဒီကယ်တွေကြောင့် ဆဲလ်ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးတဲ့

ဆေးဖက်ဝင် အပင်တစ်မျိုး ဖြစ်တဲ့အတွက် အူမကြီးကင်ဆာနဲ့ အစာဟောင်းအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။

ကဲ တန်ဆောင်မုန်းလပြည့်နေ့ရောက်ရင်တော့ မဲဇလီဖူးသုပ် စားဖြစ်အောင်စားဖို့ မမေ့နဲ့နော်. . .

ဆေးပေါင်းခတဲ့ မဲဇလီဖူးသုတ် ဘယ်လို လုပ်ကြမလဲ

တန်ဆောင်တိုင်လည်းရောက်တော့မယ်ဆိုတော့ လပြည့်ညမှာ လုပ်စားဖို့ ဆေးဖက်ဝင်တဲ့ မဲဇလီဖူးသုတ် လုပ်ပုံလုပ်နည်းလေး ဖော်ပြပေးလိုက်ပါတယ်နော်။

မဲဇလီပင်ဟာ မြန်မာနိုင်ငံ  အနှံ့အပြားမှာ ပေါက်နိုင်တဲ့  ဆိုဒ်အလယ်အလတ်ရှိတဲ့ သဘာဝပေါက်ပင်တစ်မျိုး ဖြစ်ပါတယ်။ မဲဇလီပင်ရဲ့ အရွက်၊ အဖူးတွေဟာ  အနည်းငယ်ခါးတဲ့အရသာရှိပါတယ်။ မြန်မာနိုင်ငံ မှာ လူတွေ တော်တော်များများ ယုံကြည်ကြတာက မဲဇလီ ပင်ဟာ ဆေးဖက်ဝင်ပြီး စိတ်ဖိအားတွေ  ၊ အိပ်မပျော်တာတွေ၊ စိတ်မငြိမ်မသက်ဖြစ်တာတွေကိုလျှော့ချပေးနိုင်ပါတယ်တဲ့။ ရုက္ခဗေဒဆိုင်ရာအခေါ်အရ မဲဇလီပင်ရဲ့အမည်က Cassia Siamea (ကာစီးရား စမီးရား) ဖြစ်ပါတယ်။

မြန်မာလူမျိုးတွေက  မဲဇလီအရွက်နဲ့ အပွင့်၊အဖူးတွေကို ဟင်းချက်လေ့ရှိပါတယ်။ အခုဖော်ပြပေးမှာကတော့ မဲဇလီဖူးသုတ်ပါ။

ပါဝင်ပစ္စည်းများ (တစ်ယောက်စာ)

မဲဇလီဖူး အနည်းငယ်ခန့် (အနေတော်  ၈ခက်ခန့်)

ကြက်သွန်နီအသေး ခြောက်လုံးခန့်

ကြက်သွန်ဖြူကို ဆီသတ်ထားတဲ့ဆီ ၃ဇွန်းခန့် (ကြက်သွန်ဖြူအဖတ်ကလေးတွေပါ ထည့်ရန်)

ကုလားပဲခြမ်းမှုန့် ဇွန်းတစ်ဝက်ခန့်

သံပုရာရည် ၂ဇွန်းခန့်

ပုဇွန်ခြောက်မှုန့် ၂ဇွန်းခန့်

ငါးငံပြာရည် ၂ဇွန်း

နှမ်းလှော် ၂ဇွန်းခန့်

ပြုလုပ်ပုံအဆင့်ဆင့်

မဲဇလီဖူးကို ရေနွေးဖြင့် ငါးမိနစ်ခန့် ပြုတ်ပါ။ ပြီးရင်ရေစစ်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်းပါ။

ကြက်သွန်နီကို ပါးပါးလေးတွေလှီးပြီး ရေဆေး၊ ရေစစ်ထားပါ။

ကြက်သွန်ဖြူကို အဝိုင်းလေးတွေလှီးပြီး အသင့်ကြော်ထားပါ။

ပြီးရင်တော့ ဇလုံတစ်ခုထဲမှာ ခုနက ထောင်းထားတဲ့ မဲဇလီဖူးတွေရယ်၊ ကြက်သွန်နီ၊ ပုဇွန်ခြောက်မှုန့် ၊ ပဲမှုန့်၊ ငံပြာရည်၊ သံပုရာရည်၊ ကြက်သွန်နီ ဆီသပ်ထားတာတွေကို တစ်ခါတည်းရောနယ်ပြီး နှမ်းဖြူးပေးပါ ။ (နှမ်းကို ရောနှယ်လို့လည်းရပါတယ်) အရသာ အငံ၊ အပေါ့အတွက်ကတော့ လိုသလို ပြင်ဆင်လို ့ ရပါတယ်။ မဲဇလီဖူး သုပ်လေးကို နေ့လည်နေ့ခင်း ရေနွေးပူပူလေးနဲ့ သုံးဆောင်နိုင်သလို ရိုးရာအရ တန်ဆောင်တိုင် လပြည့်ည မှာလည်း သုံးဆောင်နိုင်ပါသေးတယ်။

Credit : We Media & Doe Mal

Zawgyi ဖြင့်ဖတ်ပါ
★★★★★


















အစွမ်း ရှိတာပါ။
























သံပုရာရည် ၂ဇွန်းခန့်


ငါးငံပြာရည် ၂ဇွန်း


ပြုလုပ်ပုံအဆင့်ဆင့်





Credit : We Media & Doe Mal