သာမညဖလ အခါတော်နေ့ (သို့မဟုတ်) တန်ဆောင်မုန်းလပြည့်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

ဆောင်မုန်းလသည် မြန်မာလများတွင် ရှစ်လမြောက်ဖြစ်ပြီး မိုး နှောင်းဆောင်းဦးသာယာ ကြည်နူး ဖွယ်ကောင်းသော လရာသီဖြစ်သည်။ ရာသီဥတုသာယာကြည်လင်သည့် အလျောက် ပွဲတော်များသည့်လလည်း ဖြစ်ပေသည်။

လောကအကြောင်းနွယ်သော လောကီပွဲများ၊ ဗုဒ္ဓဘာသာမှ မီးရှုူး သန့်စင် ဖွားမြင်ပေးလိုက်သော ဘာသာရေးပွဲတော်များဖြစ်သည်။ ကထိန်အလှူပွဲ၊ မသိုးသင်္ကန်းရက် လှူပွဲ၊ ပံ့သကူပစ်ပွဲ၊ ကြာသင်္ကန်း ကပ်လှူပွဲ၊ တန်ဆောင်တိုင် မီးထွန်းပွဲတော် မဲဇလီဖူးသုပ် ဝေမျှသည့် ဓလေ့၊ ကျီးမနိုးပွဲ၊ ရှင်မာလဲပွဲ၊ အမျိုးသားအောင်ပွဲနေ့များကို ကျင်းပလေ့ ရှိကြသည်။

တန်ဆောင်မုန်း လပြည့်နေ့သည် ဘာသာရေးနေ့အားဖြင့် ‘သာမညဖလ အခါတော်နေ့’ဖြစ်သည်။ မြတ်စွာဘုရားသခင်သည် တန်ဆောင်မုန်းလပြည့်နေ့တွင် အဇာတ သတ်မင်းအား ‘ရဟန်းပြုရခြင်း၏ အကျိုး’ဟူသော သာမညဖလ သုတ္တန်တရားကို ဟောကြားတော် မူခဲ့ခြင်းကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို ‘သာမည ဖလအခါတော်နေ့’ အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် တန်ဆောင်မုန်း လပြည့်နေ့ကို ‘သံဃာတော်များနေ့’ဟူ၍လည်း ခေါ်ဆိုကြသည်။

ဘုရားရှင်သည် အဇာတသတ်မင်းအား ဟောကြားခဲ့သော သာမညဖလ ရဟန်းပြုခြင်း၏ မျက်မှောက် အကျိုး ၁၃ ရပ်ဖြစ်သည်။ ယင်းအကျိုးတို့မှာ (၁)မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ခြင်းအကျိုး၊ (၂) အခွန်ထမ်းဆောင်မှု လွတ်ကင်း ခြင်းအကျိုး၊ (၃)ပါတိမောက္ခသံဝရသီ လနှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်းအကျိုး၊ (၄) ဒုစရိုက် ကို ရှောင်သဖြင့် ဒုစရိုက်ဒုက္ခမှ ကင်း လွတ်၍ စူဠသီလနှင့် ပြည့်စုံခြင်း အကျိုး၊ (၅) ပွဲသဘင်အမျိုးမျိုး မ ကောင်းသောစကားအမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခများမှ လွတ်၍ မဇ္ဈိမသီလနှင့် ပြည့်စုံခြင်း

အကျိုး၊ (၆) နက္ခဗေဒင်ယတြာက္ခဏာ ဆေးကုခြင်းစသည်တို့မှ ရှောင်ကြဉ် သဖြင့် အာဇီဝပါရိ သုဒ္ဓိသီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်း အကျိုး၊ (၇)ဣန္ဒြေ ၆ ပါး၌ အကု သိုလ်မဖြစ်အောင် စောင့်စည်းနိုင် ခြင်းအကျိုး၊ (၈)သတိနှင့် ပြည့်စုံ ခြင်းအကျိုး၊ (၉)သမ္ပဇဉ် (ဆင်ခြင်တုံ)တရားနှင့် ပြည့်စုံခြင်းအကျိုး၊ (၁ဝ) သန္တောသ(ရောင့်ရဲခြင်း)အကျိုး၊ (၁၁)နီဝရဏငါးပါးမှ လွတ်ကင်း ခြင်းအကျိုး၊ (၁၂)ဈာန်တရားရနိုင် ခြင်းအကျိုး၊ (၁၃) ဝိဇ္ဇာရှစ်ပါးနှင့် ပြည့်စုံ၍ မဂ်ဖိုလ်ရနိုင်ခြင်းအကျိုးတို့ ဖြစ်ပေသည်။

အဇာတသတ်မင်းသားသည် အသိဉာဏ် နုနယ်စဉ်အချိန် အရှင် ဒေဝဒတ်၏ စည်းရုံးမှုကို အထင်ကြီးကာ ဖခင်ဘုရင် ဗိမ္မိသာရမင်းကို အကျဉ်းချသတ်မိသည်ထိ ကြီးစွာသော အမှားကို ကျူးလွန်ခဲ့သည်။ အဇာတသတ်သည် ဖခင်ဘုရင် ဗိမ္မိသာရကို သတ်မိသည့်အချိန်မှစပြီး ညစဉ် အိပ်မပျော်သောရောဂါ ဝေဒနာစွဲကပ်တော့သည်။ သူ၏ မျက်လုံးများကို လှံချက်ပေါင်း ရာထောင်မက ထိုးဆွခြင်းခံရသကဲ့သို့ ဝေဒနာကို ခံစားနေရသည်။ မည်သည့် သမားတော်မှ မည်သည့် ဆွေးစွမ်းကောင်းဖြင့် ကုသနိုင်စွမ်း မရှိကြပေ။

တန်ဆောင်မုန်းလပြည့်ညတစ် ညတွင် အဇာတသတ်မင်းသည် မှူးမတ်ပေါင်းစုံညီဖြင့် ညီလာခံသဘင် ကျင်းပနေစဉ် ဆီးနှင်း၊ မြူတိမ်တို့ ဖြင့် ကြည်နူးသာယာဖွယ်ကောင်း လှသည့် တန်ဆောင်မုန်းလပြည့် နေ့ညအလှကို ကြည့်ရှုခံစားမိသည်။

အဇာတသတ်မင်းသည် ဤသို့ သာယာလှပသော ညချမ်း၌ မည်သည့်ပညာရှိ ရဟန်းပုဏ္ဏားထံ ချဉ်းကပ်ရလျှင် စိတ်ကြည်လင်မှုအပြည့် ရရှိနိုင်မည်ကို မှူးကြီးမတ်ကြီးတို့ အား မေးမြန်းသည်။ မှူးကြီးမတ်ကြီး တို့သည် ၎င်းတို့နှင့် နီးစပ်ရာ တိတ္ထိ ဆရာကြီးခြောက်ယောက်တို့ထံ မေးရန် တင်လျှောက်ကြသည်။

(၁) ပုရာဏဿပ ဆရာကြီးသည် အကိရိယဝါဒ – ဘာမှလုပ်ရန် မလိုဟူသော ဝါဒသမားဖြစ်သည်။ မလုပ် မရှုပ်၊ မပြုတ်ဟူသောဝါဒနှင့်တူသည်။
(၂) အဇိတကောသကမ္ဗလဆရာကြီး သည် နတ္ထိတဝါဒ – ဘာမှမရှိသော ဝါဒသမားဖြစ်သည်။
(၃) မက္ခလိဂေါသာလဆရာကြီးသည် အဟေတုကဝါဒ – ကြောင်းကျိုးပယ် ဝါဒသမားဖြစ်သည်။

(၄) ပကုဓကစ္စာယနဆရာကြီးသည် အကတဝါဒ – မပြုမပြင်ဝါဒသမား၊ ပြုလည်းမပြု၊ ပြင်လည်းမပြင်သူ ဖြစ်သည်။
(၅) သဉ္စယဗေလဋ္ဌဆရာကြီးသည် အမရာဝိက္ခေပဝါဒ – ဝေ့လည် ကြောင်ပတ်ဝါဒသမားဖြစ်သည်။
(၆) နိကဏ္ဌနာဋပုတ္တဆရာကြီးသည် ဟာတုယာမသံဝရဝါဒ – စောင့်စည်းမှု လေးမျိုးဖြင့် ကံသုံးပါးကို ထိန်းထားသော ဂျိန်းဝါဒသမားဖြစ်သည်။

အဇာတသတ်မင်းသည် အမတ်ကြီးတို့ ညွှန်ပြသည့် တိတ္ထိဆရာကြီး ခြောက်ဦးတို့တရားကို လက်ခံနိုင် ခြင်းမရှိ၍ ဆရာဇီဝကအား မေး တော်မူသည်။

ဆရာဇီဝကသည် ရာဇဂြိုဟ် မြို့အနီးရှိ ဇီဝကသရက်ဥယျာဉ်၌ သီ တင်းသုံးနေတော်မူသော မြတ်စွာ ဘုရားရှင်ထံ ချဉ်းကပ်လျှောက်ထား ရန် အကြံပြုချက်အရ ယင်းတန် ဆောင်မုန်းလပြည့်ညတွင် မြတ်စွာ ဘုရားထံ သွားရောက်ကြသည်။

မြတ်စွာဘုရားသီတင်းသုံးရာ ကျောင်းသို့သွားသည့်အခါ နန်းတော် အရှေ့ဘက်တံခါးမှထွက်သည်။ ည အခါဖြစ်ခြင်း၊ အရှေ့ဘက်၌ရှိသည့် တောင်ရိပ်တောရိပ်၊ သစ်ရိပ်တို့ ဖုံး အုပ်နေခြင်းကြောင့် အမှောင်ဖုံးနေ သည်။ ထို့ကြောင့် လိုက်ပါသူအားလုံး တို့သည် မီးရှူးမီးတိုင်ကိုယ်စီ ထွန်း ညှိပြီး သွားကြသည်။ မီးရှူး မီးတိုင်ကို ပေါရာဏဝေါဟာရအားဖြင့် ‘တန် ဆောင်(တန်ဆောင်တိုင်)’ဟု ခေါ် သည်။ မြတ်စွာဘုရားထံသို့ အဇာ တသတ်မင်းနှင့် အခြံအရံပရိသတ် တို့သည် ဤသို့မီးရှူးမီးတိုင်များ ထွန်း ညှိပြီး သွားရောက်ခဲ့ခြင်းမှ အစပြုပြီး တန်ဆောင်တိုင်ပွဲတော်သည် မြတ် စွာဘုရားရှင်ကို ပူဇော်ပွဲအလေ့အထ အဖြစ် စတင်ဖြစ်တည်လာခဲ့သည်။

မြတ်စွာဘုရားရှင် ရှေ့မှောက် သို့ရောက်ရှိသည့်အခါ အဇာတသတ် မင်းသည် ‘လောက၌ အတတ်ကြီး တစ်ဆယ့်ရှစ်ပါးသော အတတ်ပ ညာတို့သည် မျက်မှောက်လက်ငင်း အကျိုးတရားများကို ခံစားရနိုင်ပါ သည်။ ရဟန်းပြုခြင်း၏ မျက်မှောက် လက်ငင်း ခံစားခွင့်ရရှိနိုင်မည့် အကျိုး တရားများကို သိရှိလိုကြောင်း” လျှောက်ထားမေးမြန်းသည်။

ကျေးဇူးတော်ရှင် မြတ်စွာဘုရား သည် သာမညဖလသုတ္တန်ဟူသော အထက်တွင် ဖော်ပြထားသည့် ရဟန်းပြုသဖြင့် လက်ငင်းရရှိနိုင် သော အကျိုး ၁၃ ပါးကို ဟောကြား တော်မူသည်။ မြတ်စွာဘုရား၏ ဟောကြားတော်မူသော သာမညဖလ သုတ္တန်ကို နာကြားရသော အဇာတ သတ်မင်းသည် တရားအဆုံး၌ သော တပန်တည်နိုင်သော်လည်း ၎င်းပြု ခဲ့သော ဖခင်ကိုသတ်သောကံသည် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို တားမြစ်ထား ခဲ့သည်။

မြတ်စွာဘုရားရှင်ကို ကြည်ညို သဒ္ဓါစိတ် ပြင်းပြသည့်အလျောက် လက်ရှိဘဝတွင် မဂ်ဉာဏ်ဖိုလ်ဉာဏ် မရရှိနိုင်သည်ကို သိသော်လည်း အားလျော့ခြင်းမရှိဘဲ သာသနာ တော်ကို ကြိုးစားစောင့်ရှောက်ခဲ့ သည်။ ရတနာသုံးပါးကို သက်ဝင်ယုံ ကြည်မှု သဒ္ဓါကောင်းလွန်းသည် ကြောင့် ကာလကြာမြင့်စွာ စွဲကပ်နေ သည်။ အိပ်မပျော်သော ရောဂါဝေဒ နာ ငြိမ်းအေးသွားသည်။ ပုထုဇဉ် တို့တွင် ရတနာသုံးပါးကို အကြည်ညို ဆုံး ဧတဒဂ်ပေးမှတ်တမ်းတင်ခြင်းခံ ရသည်။ ဒုက္ခကြီးလေးသော မဟာ အဝီစိငရဲမှ လွတ်ကင်းကာ ဒုက္ခပေါ့ ပါးသော လောဟကမ္ဘီငရဲ၌သာ ကျခံ ရတော့မည်။ နောင်အနာဂတ်ကာလ၌ ‘ဝိဇိတာဝီ’အမည်ဖြင့် ပစ္စေက ဗုဒ္ဓါ တစ်ပါးဖြစ်ပြီး ကျွတ်တမ်းဝင်ရလိမ့် မည်ဖြစ်သည်။

အဇာတသတ်မင်းသည် ပထမ သံဃာယနာတင် ဒကာအဖြစ် ခံယူ သည်။ ဘုရားရှင်၏ ဓာတ်တော် များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီးတည်ထားခဲ့ သည်။ ဗုဒ္ဓသာသနာနှစ်ကို အတိအ ကျ သတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင် တို့ သာသနာနှစ်ကို အတိအကျ သုံး စွဲခွင့်ရရှိနေသည်မှာ အဇာတသတ် မင်း၏ ကျေးဇူးဖြစ်သည်။

နောင်အခါ သီရိဓမ္မာသောက မင်းကြီးသည် အဇာတသတ်မင်း စု ဆောင်းထားသည့် ဓာတ်တော်များ ကို ရှာဖွေ၍ စေတီပေါင်း ရှစ် သောင်းလေးထောင် တည်ထားကိုး ကွယ် သာသနာပြုခဲ့သောကြောင့် ယနေ့တိုင် ဗုဒ္ဓဘာသာဝင်များ ဖူး မြော်ခွင့်ရနေကြသည်။

ကျေးဇူးရှင် မြတ်စွာဘုရားသည် အဇာတသတ်မင်းကို အကြောင်းပြု ၍ ဟောကြားတော်မူခဲ့သော သာမ ညဖလ သုတ်တော်သည် ရဟန်းသံ ဃာတော်များအတွက် ကြေးမုံမှန် ချပ်ကြီးတစ်ခုသဖွယ် ဖြစ်တည်နေပြီး လူဒါယကာများအတွက် ပြဒါးချိန် ကြီးသဖွယ် ဖြစ်တည်နေသည်။ ရ ဟန်းသံဃာများသည် ကိုယ်ကျင့်သီ လရှိ မရှိကို ဤသုတ်ဖြင့် ထင်ဟပ် စေနိုင်ပြီး လူဒါယကာများအဖို့ မိမိ တို့ကိုးကွယ်သော ဆရာသမားတို့၏ ကျင့်ကြံမှု ဟုတ် မဟုတ်၊ မှန်မမှန် ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်နိုင်ခြင်း ကြောင့် ဖြစ်ပေသည်။

မြတ်မင်းလှိုင်

ကိုးကား
အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာ တော်ဟောကြားသည့် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေဆာင္မုန္းလသည္ ျမန္မာလမ်ားတြင္ ရွစ္လေျမာက္ျဖစ္ၿပီး မိုး ေႏွာင္းေဆာင္းဦးသာယာ ၾကည္ႏူး ဖြယ္ေကာင္းေသာ လရာသီျဖစ္သည္။ ရာသီဥတုသာယာၾကည္လင္သည့္ အေလ်ာက္ ပြဲေတာ္မ်ားသည့္လလည္း ျဖစ္ေပသည္။

ေလာကအေၾကာင္းႏြယ္ေသာ ေလာကီပြဲမ်ား၊ ဗုဒၶဘာသာမွ မီးရႈူး သန႔္စင္ ဖြားျမင္ေပးလိုက္ေသာ ဘာသာေရးပြဲေတာ္မ်ားျဖစ္သည္။ ကထိန္အလႉပြဲ၊ မသိုးသကၤန္းရက္ လႉပြဲ၊ ပံ့သကူပစ္ပြဲ၊ ၾကာသကၤန္း ကပ္လႉပြဲ၊ တန္ေဆာင္တိုင္ မီးထြန္းပြဲေတာ္ မဲဇလီဖူးသုပ္ ေဝမွ်သည့္ ဓေလ့၊ က်ီးမႏိုးပြဲ၊ ရွင္မာလဲပြဲ၊ အမ်ိဳးသားေအာင္ပြဲေန႔မ်ားကို က်င္းပေလ့ ရွိၾကသည္။

တန္ေဆာင္မုန္း လျပည့္ေန႔သည္ ဘာသာေရးေန႔အားျဖင့္ ‘သာမညဖလ အခါေတာ္ေန႔’ျဖစ္သည္။ ျမတ္စြာဘုရားသခင္သည္ တန္ေဆာင္မုန္းလျပည့္ေန႔တြင္ အဇာတ သတ္မင္းအား ‘ရဟန္းျပဳရျခင္း၏ အက်ိဳး’ဟူေသာ သာမညဖလ သုတၱန္တရားကို ေဟာၾကားေတာ္ မူခဲ့ျခင္းကို အေၾကာင္းျပဳ၍ တန္ေဆာင္မုန္းလျပည့္ေန႔ကို ‘သာမည ဖလအခါေတာ္ေန႔’ အျဖစ္ သတ္မွတ္ခဲ့ၾကျခင္းျဖစ္သည္။ ထို႔ေၾကာင့္ တန္ေဆာင္မုန္း လျပည့္ေန႔ကို ‘သံဃာေတာ္မ်ားေန႔’ဟူ၍လည္း ေခၚဆိုၾကသည္။

ဘုရားရွင္သည္ အဇာတသတ္မင္းအား ေဟာၾကားခဲ့ေသာ သာမညဖလ ရဟန္းျပဳျခင္း၏ မ်က္ေမွာက္ အက်ိဳး ၁၃ ရပ္ျဖစ္သည္။ ယင္းအက်ိဳးတို႔မွာ (၁)မင္းခစားဘဝႏွင့္ မင္းျပစ္မင္းဒဏ္မွ ကင္းလြတ္ျခင္းအက်ိဳး၊ (၂) အခြန္ထမ္းေဆာင္မႈ လြတ္ကင္း ျခင္းအက်ိဳး၊ (၃)ပါတိေမာကၡသံဝရသီ လႏွင့္ ျပည့္စုံသျဖင့္ အပါယ္ေဘးမွ ကင္းေဝးျခင္းအက်ိဳး၊ (၄) ဒုစ႐ိုက္ ကို ေရွာင္သျဖင့္ ဒုစ႐ိုက္ဒုကၡမွ ကင္း လြတ္၍ စူဠသီလႏွင့္ ျပည့္စုံျခင္း အက်ိဳး၊ (၅) ပြဲသဘင္အမ်ိဳးမ်ိဳး မ ေကာင္းေသာစကားအမ်ိဳးမ်ိဳးတို႔မွ ေရွာင္ၾကဥ္သျဖင့္ ထိုဒုကၡမ်ားမွ လြတ္၍ မဇၩိမသီလႏွင့္ ျပည့္စုံျခင္း

အက်ိဳး၊ (၆) နကၡေဗဒင္ယၾတာကၡဏာ ေဆးကုျခင္းစသည္တို႔မွ ေရွာင္ၾကဥ္ သျဖင့္ အာဇီဝပါရိ သုဒၶိသီလႏွင့္ ညီၫြတ္၍ မဟာသီလႏွင့္ ျပည့္စုံျခင္း အက်ိဳး၊ (၇)ဣေျႏၵ ၆ ပါး၌ အကု သိုလ္မျဖစ္ေအာင္ ေစာင့္စည္းႏိုင္ ျခင္းအက်ိဳး၊ (၈)သတိႏွင့္ ျပည့္စုံ ျခင္းအက်ိဳး၊ (၉)သမၸဇဥ္ (ဆင္ျခင္တုံ)တရားႏွင့္ ျပည့္စုံျခင္းအက်ိဳး၊ (၁ဝ) သေႏၲာသ(ေရာင့္ရဲျခင္း)အက်ိဳး၊ (၁၁)နီဝရဏငါးပါးမွ လြတ္ကင္း ျခင္းအက်ိဳး၊ (၁၂)ဈာန္တရားရႏိုင္ ျခင္းအက်ိဳး၊ (၁၃) ဝိဇၨာရွစ္ပါးႏွင့္ ျပည့္စုံ၍ မဂ္ဖိုလ္ရႏိုင္ျခင္းအက်ိဳးတို႔ ျဖစ္ေပသည္။

အဇာတသတ္မင္းသားသည္ အသိဉာဏ္ ႏုနယ္စဥ္အခ်ိန္ အရွင္ ေဒဝဒတ္၏ စည္း႐ုံးမႈကို အထင္ႀကီးကာ ဖခင္ဘုရင္ ဗိမၼိသာရမင္းကို အက်ဥ္းခ်သတ္မိသည္ထိ ႀကီးစြာေသာ အမွားကို က်ဴးလြန္ခဲ့သည္။ အဇာတသတ္သည္ ဖခင္ဘုရင္ ဗိမၼိသာရကို သတ္မိသည့္အခ်ိန္မွစၿပီး ညစဥ္ အိပ္မေပ်ာ္ေသာေရာဂါ ေဝဒနာစြဲကပ္ေတာ့သည္။ သူ၏ မ်က္လုံးမ်ားကို လွံခ်က္ေပါင္း ရာေထာင္မက ထိုးဆြျခင္းခံရသကဲ့သို႔ ေဝဒနာကို ခံစားေနရသည္။ မည္သည့္ သမားေတာ္မွ မည္သည့္ ေဆြးစြမ္းေကာင္းျဖင့္ ကုသႏိုင္စြမ္း မရွိၾကေပ။

တန္ေဆာင္မုန္းလျပည့္ညတစ္ ညတြင္ အဇာတသတ္မင္းသည္ မႉးမတ္ေပါင္းစုံညီျဖင့္ ညီလာခံသဘင္ က်င္းပေနစဥ္ ဆီးႏွင္း၊ ျမဴတိမ္တို႔ ျဖင့္ ၾကည္ႏူးသာယာဖြယ္ေကာင္း လွသည့္ တန္ေဆာင္မုန္းလျပည့္ ေန႔ညအလွကို ၾကည့္ရႈခံစားမိသည္။

အဇာတသတ္မင္းသည္ ဤသို႔ သာယာလွပေသာ ညခ်မ္း၌ မည္သည့္ပညာရွိ ရဟန္းပုဏၰားထံ ခ်ဥ္းကပ္ရလွ်င္ စိတ္ၾကည္လင္မႈအျပည့္ ရရွိႏိုင္မည္ကို မႉးႀကီးမတ္ႀကီးတို႔ အား ေမးျမန္းသည္။ မႉးႀကီးမတ္ႀကီး တို႔သည္ ၎တို႔ႏွင့္ နီးစပ္ရာ တိတၳိ ဆရာႀကီးေျခာက္ေယာက္တို႔ထံ ေမးရန္ တင္ေလွ်ာက္ၾကသည္။

(၁) ပုရာဏႆပ ဆရာႀကီးသည္ အကိရိယဝါဒ – ဘာမွလုပ္ရန္ မလိုဟူေသာ ဝါဒသမားျဖစ္သည္။ မလုပ္ မရႈပ္၊ မျပဳတ္ဟူေသာဝါဒႏွင့္တူသည္။
(၂) အဇိတေကာသကမၺလဆရာႀကီး သည္ နတၳိတဝါဒ – ဘာမွမရွိေသာ ဝါဒသမားျဖစ္သည္။
(၃) မကၡလိေဂါသာလဆရာႀကီးသည္ အေဟတုကဝါဒ – ေၾကာင္းက်ိဳးပယ္ ဝါဒသမားျဖစ္သည္။

(၄) ပကုဓကစၥာယနဆရာႀကီးသည္ အကတဝါဒ – မျပဳမျပင္ဝါဒသမား၊ ျပဳလည္းမျပဳ၊ ျပင္လည္းမျပင္သူ ျဖစ္သည္။
(၅) သၪၥယေဗလ႒ဆရာႀကီးသည္ အမရာဝိေကၡပဝါဒ – ေဝ့လည္ ေၾကာင္ပတ္ဝါဒသမားျဖစ္သည္။
(၆) နိကဏၭနာဋပုတၱဆရာႀကီးသည္ ဟာတုယာမသံဝရဝါဒ – ေစာင့္စည္းမႈ ေလးမ်ိဳးျဖင့္ ကံသုံးပါးကို ထိန္းထားေသာ ဂ်ိန္းဝါဒသမားျဖစ္သည္။

အဇာတသတ္မင္းသည္ အမတ္ႀကီးတို႔ ၫႊန္ျပသည့္ တိတၳိဆရာႀကီး ေျခာက္ဦးတို႔တရားကို လက္ခံႏိုင္ ျခင္းမရွိ၍ ဆရာဇီဝကအား ေမး ေတာ္မူသည္။

ဆရာဇီဝကသည္ ရာဇၿဂိဳဟ္ ၿမိဳ႕အနီးရွိ ဇီဝကသရက္ဥယ်ာဥ္၌ သီ တင္းသုံးေနေတာ္မူေသာ ျမတ္စြာ ဘုရားရွင္ထံ ခ်ဥ္းကပ္ေလွ်ာက္ထား ရန္ အႀကံျပဳခ်က္အရ ယင္းတန္ ေဆာင္မုန္းလျပည့္ညတြင္ ျမတ္စြာ ဘုရားထံ သြားေရာက္ၾကသည္။

ျမတ္စြာဘုရားသီတင္းသုံးရာ ေက်ာင္းသို႔သြားသည့္အခါ နန္းေတာ္ အေရွ႕ဘက္တံခါးမွထြက္သည္။ ည အခါျဖစ္ျခင္း၊ အေရွ႕ဘက္၌ရွိသည့္ ေတာင္ရိပ္ေတာရိပ္၊ သစ္ရိပ္တို႔ ဖုံး အုပ္ေနျခင္းေၾကာင့္ အေမွာင္ဖုံးေန သည္။ ထို႔ေၾကာင့္ လိုက္ပါသူအားလုံး တို႔သည္ မီးရႉးမီးတိုင္ကိုယ္စီ ထြန္း ညႇိၿပီး သြားၾကသည္။ မီးရႉး မီးတိုင္ကို ေပါရာဏေဝါဟာရအားျဖင့္ ‘တန္ ေဆာင္(တန္ေဆာင္တိုင္)’ဟု ေခၚ သည္။ ျမတ္စြာဘုရားထံသို႔ အဇာ တသတ္မင္းႏွင့္ အၿခံအရံပရိသတ္ တို႔သည္ ဤသို႔မီးရႉးမီးတိုင္မ်ား ထြန္း ညႇိၿပီး သြားေရာက္ခဲ့ျခင္းမွ အစျပဳၿပီး တန္ေဆာင္တိုင္ပြဲေတာ္သည္ ျမတ္ စြာဘုရားရွင္ကို ပူေဇာ္ပြဲအေလ့အထ အျဖစ္ စတင္ျဖစ္တည္လာခဲ့သည္။

ျမတ္စြာဘုရားရွင္ ေရွ႕ေမွာက္ သို႔ေရာက္ရွိသည့္အခါ အဇာတသတ္ မင္းသည္ ‘ေလာက၌ အတတ္ႀကီး တစ္ဆယ့္ရွစ္ပါးေသာ အတတ္ပ ညာတို႔သည္ မ်က္ေမွာက္လက္ငင္း အက်ိဳးတရားမ်ားကို ခံစားရႏိုင္ပါ သည္။ ရဟန္းျပဳျခင္း၏ မ်က္ေမွာက္ လက္ငင္း ခံစားခြင့္ရရွိႏိုင္မည့္ အက်ိဳး တရားမ်ားကို သိရွိလိုေၾကာင္း” ေလွ်ာက္ထားေမးျမန္းသည္။

ေက်းဇူးေတာ္ရွင္ ျမတ္စြာဘုရား သည္ သာမညဖလသုတၱန္ဟူေသာ အထက္တြင္ ေဖာ္ျပထားသည့္ ရဟန္းျပဳသျဖင့္ လက္ငင္းရရွိႏိုင္ ေသာ အက်ိဳး ၁၃ ပါးကို ေဟာၾကား ေတာ္မူသည္။ ျမတ္စြာဘုရား၏ ေဟာၾကားေတာ္မူေသာ သာမညဖလ သုတၱန္ကို နာၾကားရေသာ အဇာတ သတ္မင္းသည္ တရားအဆုံး၌ ေသာ တပန္တည္ႏိုင္ေသာ္လည္း ၎ျပဳ ခဲ့ေသာ ဖခင္ကိုသတ္ေသာကံသည္ မဂ္ဉာဏ္ဖိုလ္ဉာဏ္ကို တားျမစ္ထား ခဲ့သည္။

ျမတ္စြာဘုရားရွင္ကို ၾကည္ညိဳ သဒၶါစိတ္ ျပင္းျပသည့္အေလ်ာက္ လက္ရွိဘဝတြင္ မဂ္ဉာဏ္ဖိုလ္ဉာဏ္ မရရွိႏိုင္သည္ကို သိေသာ္လည္း အားေလ်ာ့ျခင္းမရွိဘဲ သာသနာ ေတာ္ကို ႀကိဳးစားေစာင့္ေရွာက္ခဲ့ သည္။ ရတနာသုံးပါးကို သက္ဝင္ယုံ ၾကည္မႈ သဒၶါေကာင္းလြန္းသည္ ေၾကာင့္ ကာလၾကာျမင့္စြာ စြဲကပ္ေန သည္။ အိပ္မေပ်ာ္ေသာ ေရာဂါေဝဒ နာ ၿငိမ္းေအးသြားသည္။ ပုထုဇဥ္ တို႔တြင္ ရတနာသုံးပါးကို အၾကည္ညိဳ ဆုံး ဧတဒဂ္ေပးမွတ္တမ္းတင္ျခင္းခံ ရသည္။ ဒုကၡႀကီးေလးေသာ မဟာ အဝီစိငရဲမွ လြတ္ကင္းကာ ဒုကၡေပါ့ ပါးေသာ ေလာဟကမၻီငရဲ၌သာ က်ခံ ရေတာ့မည္။ ေနာင္အနာဂတ္ကာလ၌ ‘ဝိဇိတာဝီ’အမည္ျဖင့္ ပေစၥက ဗုဒၶါ တစ္ပါးျဖစ္ၿပီး ကြၽတ္တမ္းဝင္ရလိမ့္ မည္ျဖစ္သည္။

အဇာတသတ္မင္းသည္ ပထမ သံဃာယနာတင္ ဒကာအျဖစ္ ခံယူ သည္။ ဘုရားရွင္၏ ဓာတ္ေတာ္ မ်ားကို စုေဆာင္းသိမ္းဆည္း၍ ဓာတ္ေတာ္တိုက္ႀကီးတည္ထားခဲ့ သည္။ ဗုဒၶသာသနာႏွစ္ကို အတိအ က် သတ္မွတ္ခဲ့သည္။ ဗုဒၶဘာသာဝင္ တို႔ သာသနာႏွစ္ကို အတိအက် သုံး စြဲခြင့္ရရွိေနသည္မွာ အဇာတသတ္ မင္း၏ ေက်းဇူးျဖစ္သည္။

ေနာင္အခါ သီရိဓမၼာေသာက မင္းႀကီးသည္ အဇာတသတ္မင္း စု ေဆာင္းထားသည့္ ဓာတ္ေတာ္မ်ား ကို ရွာေဖြ၍ ေစတီေပါင္း ရွစ္ ေသာင္းေလးေထာင္ တည္ထားကိုး ကြယ္ သာသနာျပဳခဲ့ေသာေၾကာင့္ ယေန႔တိုင္ ဗုဒၶဘာသာဝင္မ်ား ဖူး ေျမာ္ခြင့္ရေနၾကသည္။

ေက်းဇူးရွင္ ျမတ္စြာဘုရားသည္ အဇာတသတ္မင္းကို အေၾကာင္းျပဳ ၍ ေဟာၾကားေတာ္မူခဲ့ေသာ သာမ ညဖလ သုတ္ေတာ္သည္ ရဟန္းသံ ဃာေတာ္မ်ားအတြက္ ေၾကးမုံမွန္ ခ်ပ္ႀကီးတစ္ခုသဖြယ္ ျဖစ္တည္ေနၿပီး လူဒါယကာမ်ားအတြက္ ျပဒါးခ်ိန္ ႀကီးသဖြယ္ ျဖစ္တည္ေနသည္။ ရ ဟန္းသံဃာမ်ားသည္ ကိုယ္က်င့္သီ လရွိ မရွိကို ဤသုတ္ျဖင့္ ထင္ဟပ္ ေစႏိုင္ၿပီး လူဒါယကာမ်ားအဖို႔ မိမိ တို႔ကိုးကြယ္ေသာ ဆရာသမားတို႔၏ က်င့္ႀကံမႈ ဟုတ္ မဟုတ္၊ မွန္မမွန္ ကို ဤသုတၱန္ျဖင့္ ခ်ိန္ကိုက္ႏိုင္ျခင္း ေၾကာင့္ ျဖစ္ေပသည္။

ျမတ္မင္းလႈိင္

ကိုးကား
အရွင္သံဝရာလကၤာရ-ဓမၼပိယဆရာ ေတာ္ေဟာၾကားသည့္ မဂၤလာအေပါင္းႏွင့္ ျပည့္စုံေသာ တန္ေဆာင္မုန္းလျပည့္ သာမညဖလ အခါေတာ္ေန႔