တစ်နှစ်တာလုံး ငွေကြေးလာဘ်လာဘကိစ္စ အဆင်ပြေချောမွေ့ဖို့ တန်ဆောင်မုန်းလပြည့် ညမှာ ပံ့သကူငွေလှူပါ၊၊

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★


ပံ့သကူ












#Original Uploader

Unicode ဖြင့်ဖတ်ပါ
★★★★★

ယနေ့ခေတ် လူငယ်တော်တော်များ မကြားဖူးကြတော့သည့် ပံ့သကူပစ်ခြင်း အလေ့အထ

ပံ့သကူ

ဒီဘက်ခေတ်မှာ လူငယ်တော်တော်များများ မကြားဖူးတော့ဘဲ တိမ်မြုပ် ပျောက်ကွယ်လာနေပြီ ဖြစ်တဲ့ အလေ့တစ်ခုပါ။ ကိုယ် လှူချင်၊ တန်းချင် တဲ့ ပစ္စည်း ၊ ငွေကြေး ၊ အသုံးအဆောင် ပစ္စည်း တစ်ခုခု ကို အိတ်တစ်လုံးထဲမှာ ထည့်ပါ။ ပြီးရင် လူ မမြင်နိုင်တဲ့ အချိန်မှာ လမ်းနေရာတစ်ခုခု မှာ သွားပြီး ချထားပါ။ ခြွင်းချက် နည်းနည်း ရှိပါတယ်။ အဲဒီလို ချထားတဲ့ အခါမှာ ဘယ်သူ မှ သိလို့ မဖြစ်ပါဘူး။ ကိုယ် တစ်ယောက် သာ သိရပါမယ်။ လူသွားလမ်းနဲ့ လူတွေ တွေ့မြင်နိုင်တဲ့ နေရာ မျိုးလည်း ဖြစ်ရပါမယ်။ အလှူဆိုပြီး ရေထဲ ပစ်ချလိုက်သလို မျိုးတော့ မဖြစ်ရပါဘူး။ နောက်တစ်ရက်မှာ ကိုယ် လှူလိုက်တဲ့ ပစ္စည်း ကို ရသွားတဲ့ လူက ကောင်းချီးမင်္ဂလာ ပေးတဲ့အခါ မှာ ကုသိုလ် ရပါလိမ့်မယ်။

အဲဒီ ကုသိုလ်ဟာ ( ရှေး အရင် က ရဟန်းတွေဟာ လှည့်လည် အလှူခံခြင်း မပြုဘဲ ၊ အမှိုက်ပုံ စတဲ့ နေရာတွေကနေ အဝတ်စုတ်၊ တွေ ကောက်ယူပြီး သင်္ကန်း ချုပ်ဝတ်လေ့ရှိပါတယ်။ အဝတ်ကောင်းကောင်း လေး ရပြီဆိုရင် အဲဒီ ရဟန်းအဖို့ တစ်နွေစာ တရားအားထုတ်လို့ ရနိုင်ပြီပေါ့။) ခုန ရဟန်းတစ်ပါး ဟာ အဝတ်ကောင်းကောင်းလေး တစ်ခု ရသွားတဲ့ အခါမှာ ဖြစ်တဲ့ ပီတိ နဲ့ အလားတူ ပါတယ်။ ကုသိုလ်ရပုံချင်းလည်း တူပါတယ်။ ဒါကြောင့် “ပံ့သကူ ပစ်တယ်” ဆိုတဲ့ စကား ပေါ်ပေါက်လာတာပါ။

တန်ဆောင်မုန်းလပြည့် ညမှာ နေ့နံပလိုက် ပံ့သကူငွေလှူကြစို့

လှူရမယ့်အချိန်က တန်ဆောင်မုန်းလပြည့်ည ၁၂းဝဝတိတိ ပံ့သကူဆိုတဲ့အတိုင်း ဘယ်သူမှမသိလေ ကောင်းလေပါပဲ၊၊လှူရမှာကတော့ ပံ့သကူပစ်မယ့်အထဲ-

တနင်္ဂနွေသားသမီးများ ငွေ ၁၃ ဂဏန်း (၁၃၀/၁၃၀၀ စသဖြင့်)

တနလာင်္သားသမီးများ ငွေ ၉ ဂဏန်း သို့မဟုတ် ၁၆ ဂဏန်း (၉၀၀/၉၀၀၀ /၁၆၀/၁၆၀၀ စသဖြင့်)

အင်္ဂါသားသမီးများ ငွေ ၅ ဂဏန်း သို့မဟုတ် ၁၂ ဂဏန်း (၅၀ /၅၀၀/၁၂၀၀ စသဖြင့်)

ဗုဒ္ဓဟူးသားသမီးများ ငွေ ၈ ဂဏန်း (၈၀၀/၈၀၀၀ စသဖြင့်)

ကြာသပတေးသားသမီးများ ငွေ ၁၁ ဂဏန်း

သောကြာသားသမီးများ ငွေ ၇ သို့မဟုတ် ၁၄ ဂဏန်း

စနေသားသမီးများ ငွေ ၁ ဂဏန်း ကို ငွေသီးသန့်သော်လည်ကောင်း မိမိလှူဒါန်းမည့် ပံ့သကူပစ္စည်းများ အတွင်း ထည့်ပြီး ပံ့သကူ ဒါနလှူဒါန်းပါ။

#Original Uploader