Online ပေါ်မှာ လူပြောများနေတဲ့ ဟင်္သာတက ကထိန်ပွဲ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

က်ေနာ္တို့ ျမန္မာနိုင္ငံမွာ ၁၂ လရာသီအလိုက္ ပြဲေတာ္ေတြရွိတဲ့အနက္ တန္ေဆာင္မုန္းလ ဟာ ဗုဒၶဘာသာဝင္ျမန္မာလူမ်ိဳးတို့ရဲ့ ဘုန္းေတာ္ႀကီးေက်ာင္းေတြမွာ ကထိန္ခင္းတဲ့ လပဲျဖစ္ပါတယ္…ကထိန္ပြဲေတာ္ကို “မိုးလကုန္စဲ ကထိန္ပြဲ” ဆိုတဲ့ ဆိုရိုးအတိုင္း သီတင္းကၽြတ္ လျပည့္ေက်ာ္ တစ္ရက္ေန႔မွ တန္ေဆာင္မုန္း လျပည့္ေန႔အထိ ခင္းက်င္းၾကတာပဲ ျဖစ္ပါတယ္..

ပုဂံေခတ္ကစလို့ ယေန႔ကလာအထိ အစဥ္အလာမပ်က္ ကထိန္ခင္းပြဲေတြ က်င္းပခဲ့ရာမွာ မရွိႏြမ္းပါးတဲ့ ရဟန္းကို ျဖစ္ေစ၊ အႀကီးဆုံး မေထရ္ကိုျဖစ္ေစ ကပ္လွူဖို့အတြက္ ဉတ္သကၤန္းအျပင္ အၿခံအရံ လွူဖြယ္ပစၥည္းေတြကို ထည့္သြင္း လွူဒါန္းေလ့ရပါတယ္… ဒီလိုလွူဒါန္းၾကတဲ့ ပစၥည္းေတြကို ပေဒသာပင္ပုံစံျပဳလုပ္ၿပီး ဘုန္းေတာ္ႀကီးေက်ာင္းေတြကို သြားေရာက္လွည့္လည္ လွူဒါန္းၾကပါတယ္…

ခုလည္းပဲ တမူထူးျခားၿပီး က်က္သေရမဂၤလာနဲ႔ ျပည့္စုံတဲ့ အ.လ.က (၃)၊ ဟသၤာတၿမိဳ့ရဲ့ ကထိန္လွည့္လည္ပုံေတြဟာ လူမွုကြန္ရက္မွာ ျပန႔္ႏွံ့ေနတာျဖစ္ပါတယ္…. ျမန္မာဆန္ဆန္ဝတ္ဆင္ထားၾကတဲ့ ေက်ာင္းသူေက်ာင္းသားေလးေတြ ဆရာ ဆရာမေတြရဲ့ ကထိန္လွည့္လည္ပုံဟာ ၾကည့္ရွုရသူေတြအဖို့ တကယ့္ကို မဂၤလာရွိလွတဲ့ ျမင္ကြင္းေလးပဲ ျဖစ္ပါတယ္…
လူမွုကြန္ရက္မွာ နာမည္ႀကီးေနတဲ့ အဲဒီပုံေလးေတြကို ၾကည့္ရွုနိုင္ဖို့ ျပန္လည္ မၽွေဝေပးလိုက္ပါတယ္ေနာ္…

CRD-ခန္႔ညားေအာင္:အေထြေထြဗဟုသုတ

Unicode ဖြင့်ဖတ်ပါ
★★★★★

ကျနော်တို့ မြန်မာနိုင်ငံမှာ ၁၂ လရာသီအလိုက် ပွဲတော်တွေရှိတဲ့အနက် တန်ဆောင်မုန်းလ ဟာ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ကထိန်ခင်းတဲ့ လပဲဖြစ်ပါတယ်…ကထိန်ပွဲတော်ကို “မိုးလကုန်စဲ ကထိန်ပွဲ” ဆိုတဲ့ ဆိုရိုးအတိုင်း သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ ခင်းကျင်းကြတာပဲ ဖြစ်ပါတယ်..

ပုဂံခေတ်ကစလို့ ယနေ့ကလာအထိ အစဉ်အလာမပျက် ကထိန်ခင်းပွဲတွေ ကျင်းပခဲ့ရာမှာ မရှိနွမ်းပါးတဲ့ ရဟန်းကို ဖြစ်စေ၊ အကြီးဆုံး မထေရ်ကိုဖြစ်စေ ကပ်လှူဖို့အတွက် ဉတ်သင်္ကန်းအပြင် အခြံအရံ လှူဖွယ်ပစ္စည်းတွေကို ထည့်သွင်း လှူဒါန်းလေ့ရပါတယ်… ဒီလိုလှူဒါန်းကြတဲ့ ပစ္စည်းတွေကို ပဒေသာပင်ပုံစံပြုလုပ်ပြီး ဘုန်းတော်ကြီးကျောင်းတွေကို သွားရောက်လှည့်လည် လှူဒါန်းကြပါတယ်…

ခုလည်းပဲ တမူထူးခြားပြီး ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံတဲ့ အ.လ.က (၃)၊ ဟင်္သာတမြို့ရဲ့ ကထိန်လှည့်လည်ပုံတွေဟာ လူမှုကွန်ရက်မှာ ပြန့်နှံ့နေတာဖြစ်ပါတယ်…. မြန်မာဆန်ဆန်ဝတ်ဆင်ထားကြတဲ့ ကျောင်းသူကျောင်းသားလေးတွေ ဆရာ ဆရာမတွေရဲ့ ကထိန်လှည့်လည်ပုံဟာ ကြည့်ရှုရသူတွေအဖို့ တကယ့်ကို မင်္ဂလာရှိလှတဲ့ မြင်ကွင်းလေးပဲ ဖြစ်ပါတယ်…
လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ အဲဒီပုံလေးတွေကို ကြည့်ရှုနိုင်ဖို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်…