လပြည့်နေ့မှာ မြန်မာဝတ်စုံလေးနဲ့ ကကွက်ဆန်းလေးတွေ ကပြလိုက်တဲ့ သစ်ကလေးရဲ့ ဗီဒီယိုဖိုင်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Credit- We love cele

Unicode ဖြင့်ဖတ်ပါ
★★★★★

မေမေချစ်သုဝေနဲ့ ဖေဖေလင်းလင်းတို့ကတော့ တန်ဆောင်မုန်းလပြည့်နေ့လေးမှာ မြန်မာဝတ်စုံလေးနဲ့ ကကွက်အဆန်းတွေ ထုတ်ပြလိုက်တဲ့ သစ်သစ်လေးရဲ့ အကကို သူတို့ရဲ့ ဖေ့ဘုတ်မှာ တင်လိုက်ပါတယ်။

သစ်လေးက တကယ့်ကို လူကြီးလေးလို ကပြတတ်နေပြီပဲနော်၊ ဖေဖေနဲ့ မေမေတို့က ထပ်တလဲလဲ ကခိုင်းနေတာကို သစ်လေးတစ်ယောက် မမောနိုင် မပန်းနိုင် ကပြနေတာတွေ့ရပါတယ်။သစ်လေးကို မြန်မာဆန်ဆန် ဝတ်စုံအဖြူဝမ်းဆက်လေးနဲ့ တွေ့ရပြီး အနွေးထည်အဖြူလေး ထပ်ဝတ်ထားတာကလည်း တကယ့်ကို လူကြီးလေးကျနေတာပဲနော်။

ခေတ် သစ် တို့ကို ချစ်တဲ့ ပရိသတ်တွေကတော့ သစ်လေးရဲ့ အကတော်ပုံကို ချီးကျူးနေကြပြီး သစ်လေးအပေါ် အချစ်ပိုနေကြတာ တွေ့ရပါတယ်။ပရိသတ်ကြီးလည်း သစ်လေးရဲ့ အကကို ကြည့်ကြည့်လိုက်ကြပါဦး၊ သစ်တစ်ယောက် ဘယ်လိုတွေတောင် အကတော်နေလဲဆိုတာကို။