အနီတောက်တောက်ဖက်ရှင်နဲ့ အရမ်းဂေါ်နေတဲ့ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားပုံရိပ်တွေ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Unicode ဖြင့်ဖတ်ပါ
★★★★★

အနီတောက်တောက်ဖက်ရှင်နဲ့ အရမ်းဂေါ်နေတဲ့ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားပုံရိပ်တွေ

မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး မင်းသမီးတွေထဲက တစ်ဉီးဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ လှပတဲ့ရုပ်ရည်နဲ့ ချစ်စရာကောင်းတဲ့ စိတ်ထားကို ပိုင်ဆိုင်ထားသူလေးပါ။ စိတ်ဓာတ်ပြတ်သားပြီး လှပတယ်လို့ ပရိသတ်တွေက လက်ခံထားတဲ့ သင်ဇာလေးကတော့ လတ်တလောမှာ အနီရဲရဲဖက်ရှင်နဲ့ အရမ်းဂေါ်နေတဲ့ သူမရဲ့ အလန်းစားပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဘယ်အချိန်ကြည့်ကြည့် အရမ်းလန်းပြီး ထင်ရှားနေတတ်တဲ့ သင်ဇာကတော့ ဆွဲဆောင်မှုရှိတဲ့ အနီရဲရဲဝတ်စုံလေးနဲ့ အရမ်းကို ညှို့အားပြင်းနေတာပါနော်။

ပရိသတ်တွေအတွက် နှစ်ခါပြန်ကြည့်ချင်မိလောက်အောင် လန်းတဲ့ သင်ဇာ့ရဲ့ ညှို့အားပြင်းပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

အဆီပိုမရှိ ကျစ်လစ်ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ လှပတဲ့ရုပ်ရည်နဲ့ ချစ်စရာကောင်းတဲ့ စိတ်ထားကို ပိုင်ဆိုင်ထားသူလေးမို့ အောင်မြင်မှုတွေ ပိုပိုတိုးလာသူလေးပါ။

မပီပြင် ဝိုးတဝါးလေးရိုက်ထားတာတောင် ညှို့အားပြင်းနေတုန်းပဲ သင်ဇာရယ်…။

သင်ဇာဝင့်ကျော်ကတော့ လတ်တလောမှာ အနုပညာအလုပ်တွေလုပ်ရင်း အချစ်ရေးကို စိတ်မဝင်စားသေးပဲ ချစ်ရတဲ့ မိသားစုကိုလုပ်ကျွေးရင်း ဘဝကိုပျော်ပျော်ကြီး ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ခရီးသွားရတာကို ဝါသနာပါတဲ့ သင်ဇာလေးကတော့ မကြာခဏဆိုသလို ပြည်တွင်း၊ ပြည်ပခရီးတွေ ထွက်လေ့ရှိပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းလန်းတဲ့ သင်ဇာလေးကိုချစ်ရင် သူမရဲ့ပုံရိပ်တွေကို အချင်းချင်းဝေမျှလိုက်ကြဖို့မမေ့ပါနဲ့နော်။