လပြည့်နေ့လေးကို ဟော်တယ်မှာ အနားယူ၊ အလုပ်တွေလုပ်ရင်း ဖြတ်သန်းခဲ့တယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★








Unicode ဖြင့်ဖတ်ပါ
★★★★★

လပြည့်နေ့လေးကို ဟော်တယ်မှာ အနားယူ၊ အလုပ်တွေလုပ်ရင်း ဖြတ်သန်းခဲ့တယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်အူဝဲ လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က အလှမယ်ပြိုင်ပွဲတွေမှတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ရရှိနေတာဖြစ်ပြီး အခုဆိုရင် အကယ်ဒမီ (၂)ဆုရှင်အဖြစ် အောင်အောင်မြင်မြင် ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒီကနေ့ တန်ဆောင်မုန်းလပြည့်နေ့လေးကတော့ အများပြည်သူပိတ်ရက်တစ်ရက် ဖြစ်ပေမယ့် အိန္ဒြာကျော်ဇင်ကတော့ အနားမယူနိုင်ပဲ အလုပ်တွေ လုပ်ရင်းနဲ့သာ လပြည့်နေ့လေးကို ဖြတ်သန်းခဲ့ပါတယ်။

အိန္ဒြာကျော်ဇင်က “ကလေးတွေလည်း ပို့ရင်း ကိုယ့်အလုပ်လေးလည်းလုပ်ရင်း တန်ဆောင်မုန်းလပြည့်နေ့ရဲ့ ညနေခင်းတစ်ခုကို ပေါ့ပါးစွာဖြတ်သန်း…” ဆိုပြီး Novotel Hotel မှာ အနားယူခဲ့တဲ့ ပုံရိပ်တွေကို မျှဝေပေးထားပါတယ်။

အိန္ဒြာကျော်ဇင်က လက်ရှိမှာ မိသားစုအရေးကိစ္စတွေကိုလုပ်ကိုင်ရင်း “စတုတ္ထမြောက်သွေးကြောမျှင်”၊ “ငရဲဆိုချိုနဲ့လား” အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ တန်ဆောင်မုန်းလပြည့်နေ့လေးကို မိသားစုတွေကို အချိန်ပေးရင်း အလုပ်တွေလုပ်ရင်းနဲ့သာ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိန္ဒြာကျော်ဇင်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။

The post လပြည့်နေ့လေးကို ဟော်တယ်မှာ အနားယူ၊ အလုပ်တွေလုပ်ရင်း ဖြတ်သန်းခဲ့တယ်ဆိုတဲ့ အိန္ဒြာကျော်ဇင် appeared first on VPS – Shweman Online Media.