လပြည့်နေ့လေး ကို ကောင်းမှု ကုသိုလ်တွေပြု လုပ်ပြီးဖြတ်သန်းနေ တဲ့ ခြူးလေး
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
ဒီနေ့ နိုဝင်ဘာလ (၁၁)ရက်နေ့လေးကတော့ မြန်မာလူမျိူး တို့ရဲ့ နေ့ထူးနေ့မြတ်လေးဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့လေးပဲဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ ထုံးတမ်းအရ ကောင်းမှု ကုသိုလ်တွေပြုလုပ်ပြီး ဖြတ်သန်းနေကြတာဖြစ်ပါတယ်။ဒီလိုနေ့လေးမှာ ပရိသတ်တွေရဲ့အချစ်တော်တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး ခြူးလေးကလည်း ကုသိုလ်ကောင်း မှုတွေပြုလုပ်ပြီး တစ်နေ့တာကိုဖြတ်သန်းနေတဲ့အကြောင်းကို သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာပါတယ်။
ခြူးလေးကတော့ ဒီလပြည့်နေ့လေးမှာ မြန်မာနိုင်ငံ ရဲ့မြို့တော်ဖြစ်တဲ့ နေပြည်တော်မြို့ကိုရောက်ရှိနေတာဖြစ်ပြီး နေပြည်တော်ထာဝရငြိမ်းချမ်းရေး စေတီတော်မြတ်ကြီး ထက် ဌာပနာတော်သွင်း ရွှေထီးတော်တင် နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားမှာ ကုသိုလ်ယူပါဝင်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ ဒီမဟာမင်္ဂလာ အခမ်းအနားကိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့တာဖြစ်ပြီး ခြူးလေးအပြင် နေတိုး၊ထွန်းထွန်း ၊မိုးယံဇွန်၊သားညီတို့နဲ့ အခြားသော အနုပညာလောကသားတွေလည်းပါဝင်ကုသိုလ်ယူခဲ့ကြပါသေးတယ်။
ခြူးလေးကို ချစ်ခင်ပြီးအားပေးတဲ့ ပရိသတ်တွေကတော့ခြူးလေး တစ်ယောက်ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကိုကြည့်ရှု့ပီတိဖြစ်ကာ သာဓုခေါ်ဆိုနေကြတာကိုလည်းတွေ့ရပါတယ်။CeleGabar ပရိသတ်ကြီးတွေလည်း ခြူးလေးတစ်ယောက်ပြုလုပ်တဲ့ ကုသိုလ်တွေကို ထပ်တူထပ်မျှသာဓုခေါ်နိုင်အောင်မျှဝေပေးရင် လပြည့်နေ့တစ်နေ့တာကို ဘယ်လိုဖြတ်သန်းနေလည်းဆိုတာလေးတွေကို ဖြေသွားပေးခဲ့ပါဦးနော်။
Source – Chue Chue,CRD-CleoPaTra : CeleGabar