ရိုက်ကွင်း မှာချောင်လေး ထဲသွားပြီး ခိုးအိပ်နေတာကို ဗီဒီယို ရိုက်ပြီး ဆေးထိုးခံလိုက်ရတဲ့ မအေးသောင်း

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

အပျိုကြီးမမ တို့များအလုပ်တွေဘယ်လောက်တောင်များတယ်မသိဘူးနော် ရိုက်ကွင်းပေါ်မှာတောင် ချောင်လေးထဲသွားပြီး သနားစရာခွေခွေလေးအိပ်နေရှာတဲ့ မအေးသောင်းကို နောက်ပြောင်ပြီး ရိုက်ကူးထားတဲ့ဗီဒီယိုလေးကို သူမကိုယ်တိုင်ပဲ လူမှုကွန်ယက် မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်း တဲ့အပျိုကြီးတို့များ အိပ်နေတာတောင်ချစ်စရာလေး။

ချောင်လေး ထဲမှာ အိပ်နေတဲ့သူမကို အနီးကပ်ဗီဒီယို ရိုက်တဲ့အချိန် အော်လိုက်တဲ့ပုံလေးက တကယ့်ကိုကလေးလေး အတိုင်းပဲမို့ ပရိသတ်တွေကလည်း ဒီပုံစံလေးကိုပဲထပ်ခါတလဲလဲပြောပြီး အချစ်ပိုနေခဲ့ပါတယ်။ ချစ်စရာအပျိုကြီးကတော့ စနောက်လည်းစိတ်မဆိုးတဲ့အပြင် သူမ ကိုယ်တိုင်တောင် ပြန်ပြီးဝေမျှခဲ့ပါသေးတယ်။

ဒီဗီဒီယိုလေးကို ” ရှုတင်မှာဘယ်လိုကြိုးစား သလဲ ဆိုတာ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ခွေခွေလေးအိပ်နေပုံလေးက တကယ်ကိုသနားစရာလေးပါ။ အသက်သုံးဆယ်ကျော်အပျိုကြီး တစ်ယောက် ချစ်ဖို့ကောင်းနေပြန်တော့လည်း တကယ့်ကို ကလေးလေးတစ်ယောက်လိုပဲနော်။ အပျိုကြီး ရဲ့ချစ်စရာ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပြီနော်။

Video / Photo – Aye Thaung,CRD-Happy : Cele Zone