အင်တာနက်မှာ လူကြိုက်များနေတဲ့ ဟင်္သာတ မြို့က ကထိန်ပွဲ တစ်ခုရဲ့ မြင်ကွင်းပုံရိပ်များ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အင္တာနက္မွာ လူႀကိဳက္မ်ားေနတဲ့ ဟသၤာတ ၿမိဳ႕က ကထိန္ပြဲ တစ္ခုရဲ႕ ျမင္ကြင္းပုံရိပ္မ်ား

ျမန္မာႏိုင္ငံမွာ ဝါလကင္းလြတ္သီတင္းကြၽတ္ကာလ ေရာက္ခ်ိန္မွာေတာ့ ကထိန္ေတြခင္း အလႉအတန္းေတြ ျပဳၾကတာ ျမန္မာ့ဓေလ့တစ္ခုပါ။ ယခင္က အိုးစည္ဒိုးပတ္ ေတြနဲ႔ ေပ်ာ္႐ႊင္စည္ကားခဲ့တဲ့ ကထိန္လွည့္ပြဲေတြဟာ တေျဖးေျဖး ေခတ္ေရးစီးေၾကာင္း ဆိုတဲ့ စကားတစ္ရပ္ရဲ႕ စြက္ဖက္မႈနဲ႔အတူ တိမ္ေကာလာပါတယ္။ အိုးစည္ဒိုးပတ္ေနရာမွာ ကုလားဆိုင္း ၊ ဂန္းနန္စတိုင္ ေတြကို ေဘာက္ႀကီးေဘာက္ငယ္နဲ႔ လွည့္လည္ဖြင့္လို႔ပတ္ဝန္းက်င္လည္း နားမခံသာ။ ဘာသာျခားေတြ မေျပာနဲ႔ ဗုဒၶဘာသာဝင္ေတြပင္အေတာ္ေလး စိတ္အေႏွာက္အယွက္ျဖစ္ခဲ့ၾကပါတယ္။

အခုေတာ့ တိမ္ေကာေပ်ာက္ကြယ္ရေတာ့မယ့္ ျမန္မာ့ကထိန္အစစ္အမွန္ သ႐ုပ္သကန္ေတြအၾကားမွာ ေဝလားဝါးလားေတြက ႀကီးစိုးလာၿပီးေတာ့ ျမန္မာ့ကထိန္ဆိုရင္အားလုံးက တြန္႔ဆုတ္ေတာ့မလိုပင္ျဖစ္ေနတာ အားလုံးအသိပါ။ ကထိန္ကို ဦးတည္ၿပီး ေသာက္ၾကစားၾက မူးၾကရမ္းၾက ျဖစ္ေနတာကလည္း အင္မတန္မွ စိတ္ပ်က္ဖြယ္ေကာင္းပါတယ္။

ဒါေပမယ့္ တမူထူးျခားၿပီးေတာ့ ၾကည့္ျမင္သူေတြကို စိတ္ႏွလုံးခ်မ္းေျမ့ေစခဲ့တဲ့ အ.လ.က (၃) ဟသၤတ ၿမိဳ႕က ကထိန္လွည့္ပြဲေလးကေတာ့ အင္တာနက္လူမႈကြန္ရက္ေပၚမွာ ၾကည့္ရႈသူေတြကို စိတ္ခ်မ္းေျမ့ေစခဲ့တာကိုေတြ႕ရပါတယ္။ ႐ိုး႐ိုးယဥ္ယဥ္ေလးေတြနဲ႔ ယဥ္ေက်းသိမ္ေမြ႕စြာ လွည့္လည္ေနတဲ့ ကထိန္ပြဲေလးကိုလည္း အမ်ားက သာဓုေခၚၾကပါတယ္။

ဒါေၾကာင့္ အင္မတန္က်က္သေရမဂၤလာရွိတဲ့ ပုံရိပ္ေလးေတြ ပရိသတ္ႀကီးအတြက္ စိတ္ခ်မ္းေျမ့ေစဖို႔ တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Credit : Shwe Yaung Lan

Unicode ဖြင့်ဖတ်ပါ
★★★★★

အင်တာနက်မှာ လူကြိုက်များနေတဲ့ ဟင်္သာတ မြို့က ကထိန်ပွဲ တစ်ခုရဲ့ မြင်ကွင်းပုံရိပ်များ

မြန်မာနိုင်ငံမှာ ဝါလကင်းလွတ်သီတင်းကျွတ်ကာလ ရောက်ချိန်မှာတော့ ကထိန်တွေခင်း အလှူအတန်းတွေ ပြုကြတာ မြန်မာ့ဓလေ့တစ်ခုပါ။ ယခင်က အိုးစည်ဒိုးပတ် တွေနဲ့ ပျော်ရွှင်စည်ကားခဲ့တဲ့ ကထိန်လှည့်ပွဲတွေဟာ တဖြေးဖြေး ခေတ်ရေးစီးကြောင်း ဆိုတဲ့ စကားတစ်ရပ်ရဲ့ စွက်ဖက်မှုနဲ့အတူ တိမ်ကောလာပါတယ်။ အိုးစည်ဒိုးပတ်နေရာမှာ ကုလားဆိုင်း ၊ ဂန်းနန်စတိုင် တွေကို ဘောက်ကြီးဘောက်ငယ်နဲ့ လှည့်လည်ဖွင့်လို့ပတ်ဝန်းကျင်လည်း နားမခံသာ။ ဘာသာခြားတွေ မပြောနဲ့ ဗုဒ္ဓဘာသာဝင်တွေပင်အတော်လေး စိတ်အနှောက်အယှက်ဖြစ်ခဲ့ကြပါတယ်။

အခုတော့ တိမ်ကောပျောက်ကွယ်ရတော့မယ့် မြန်မာ့ကထိန်အစစ်အမှန် သရုပ်သကန်တွေအကြားမှာ ဝေလားဝါးလားတွေက ကြီးစိုးလာပြီးတော့ မြန်မာ့ကထိန်ဆိုရင်အားလုံးက တွန့်ဆုတ်တော့မလိုပင်ဖြစ်နေတာ အားလုံးအသိပါ။ ကထိန်ကို ဦးတည်ပြီး သောက်ကြစားကြ မူးကြရမ်းကြ ဖြစ်နေတာကလည်း အင်မတန်မှ စိတ်ပျက်ဖွယ်ကောင်းပါတယ်။

ဒါပေမယ့် တမူထူးခြားပြီးတော့ ကြည့်မြင်သူတွေကို စိတ်နှလုံးချမ်းမြေ့စေခဲ့တဲ့ အ.လ.က (၃) ဟင်္သတ မြို့က ကထိန်လှည့်ပွဲလေးကတော့ အင်တာနက်လူမှုကွန်ရက်ပေါ်မှာ ကြည့်ရှုသူတွေကို စိတ်ချမ်းမြေ့စေခဲ့တာကိုတွေ့ရပါတယ်။ ရိုးရိုးယဉ်ယဉ်လေးတွေနဲ့ ယဉ်ကျေးသိမ်မွေ့စွာ လှည့်လည်နေတဲ့ ကထိန်ပွဲလေးကိုလည်း အများက သာဓုခေါ်ကြပါတယ်။

ဒါကြောင့် အင်မတန်ကျက်သရေမင်္ဂလာရှိတဲ့ ပုံရိပ်လေးတွေ ပရိသတ်ကြီးအတွက် စိတ်ချမ်းမြေ့စေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Credit : Shwe Yaung Lan