ကြော်ငြာအတူရိုက်ကူးနေတဲ့ ဝါဆိုမိုးဉီးနဲ့ သင်ဇာတို့ ညီအမနှစ်ယောက်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Unicode ဖြင့်ဖတ်ပါ
★★★★★

ကြော်ငြာအတူရိုက်ကူးနေတဲ့ ဝါဆိုမိုးဉီးနဲ့ သင်ဇာတို့ ညီအမနှစ်ယောက်

လှပလွန်းတဲ့ ခန္ဓာကိုယ်နဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးတို့ကြောင့် ပရိသတ်တွေအားလုံးရဲ့ အချစ်ကို ရရှိထားတဲ့ ဝါဆိုမိုးဉီးကတော့ အနုပညာပိုင်းမှာ ထူးချွန်သူတစ်ဉီးပါ။ လတ်တလောမှာတော့ သရုပ်ဆောင် ဝါဆိုမိုးဦးနဲ့ ညီမလေး သင်ဇာတို့ ညီမနှစ်ယောက်ရဲ့ စိန်နန်းတော် ကြော်ငြာရိုက်ကွင်းပုံရိပ်တွေကိုတော့ မိုမိုလေးမှ သွားရောက်ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ညီအမနှစ်ယောက်လုံးက ချောလွန်းတဲ့အပြင် လတ်ဝတ်ရတနာတွေကြောင့်လည်း ပိုလို့ကို ထင်ပေါ်လှပနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် မတူညီတဲ့ အလှတရားတွေနဲ့ လင်းလက်နေကြတဲ့ ဝါဆိုမိုးဉီးနဲ့ သင်ဇာတို့ ညီအမနှစ်ယောက်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

တည်ငြိမ်ရင့်ကျက်တဲ့ အလှပိုင်ရှင် ဝါဆိုနဲ့ ကလေးဆန်လွန်းတဲ့ ချစ်စရာကောင်မလေး သင်ဇာ…။

အနုပညာကိုလည်း ဝါသနာချင်းတူတဲ့ ညီအမ…။

အဆိုပိုင်းမှာလည်း ထူးချွန်တဲ့ ဝါဆိုမိုးဦးကတော့ အဆိုပိုင်း၊ သရုပ်ဆောင်ပိုင်းမှာသာမကပဲ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးအနေနဲ့လည်း ဇာတ်ကားတွေရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဝါဆိုမိုးဉီးရဲ့ ညီမလေး သင်ဇာကလည်း လက်ရှိမှာ အနုပညာအလုပ်တွေလုပ်ရင်း ကျောင်းတက်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း တစ်ယောက်တစ်မျိုးစီနဲ့ အရမ်းလှကြတဲ့ ဝါဆိုမိုးဦးတို့ ညီအမနှစ်ဉီးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုသဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။