ကျေးဇူးရှိမှ ကျေးစွပ်လို့ရတာလို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပွဲကြမ်းလိုက်တဲ့ မင်းသမီး နန္ဒာလှိုင်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★








Unicode ဖြင့်ဖတ်ပါ
★★★★★

မကြာသေးမီ လွန်ခဲ့တဲ့ ရက်ပိုင်းလေးအတွင်းကပဲ အသက် ၄၅ နှစ်ပြည့်ခဲ့ပြီဖြစ်သလို မွေးနေ့ကို မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့တဲ့ မင်းသမီး နန္ဒာလှိုင်ဟာ အပျော်ရွှင်ရဆုံး ဘဝကို ဖြတ်သန်းနေသလို ခင်ပွန်းသည်ရဲ့ ချစ်ခြင်းမေတ္တာကိုလည်း အပြည့်အဝရရှိခံစားရတဲ့ ဇနီးကောင်းတဦးဖြစ်ပါတယ်။

အရွယ်နဲ့မမျှအောင် အရွယ်တင်နုပျိုနေဆဲ ခမ်းနားကျော့မော့လှပနေဆဲ မင်းသမီး မနန္ဒာ ရဲ့ မွေးနေ့ရက်မြတ် လေးမှာ အမာခံအားပေးသူ ပရိသတ်တွေကလည်း ဆုမွန်ကောင်း တောင်းပေးခဲ့ကြပြီး သမီးငယ်သုံးဦးအပါအဝင် မိသားစု မွေးနေ့မဂ်လာပွဲလေးကို ပျော်ပျော်ရွင်ရွင် ကျင်းပခဲ့တာဖြစ်ပါတယ်။

မင်းသမီးချောကြီးလို့ အားရပါးရ ခေါ်ရလောက်အောင်ကို လက်ရှိအချိန်ထိ ညှို့ငင်ဖမ်းစားနိုင်ဆဲ ကျက်သရေရှိရှိ မဟာဆန်ဆန် အလှအပကို ပိုင်ဆိုင်ထားသူ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီးရဲ့မွေးနေ့က နိုဝင်ဘာလ ၂ ရက် ဖြစ်ပြီး အဲ့ဒီနေ့မှာပဲ မင်းသမီးရဲ့ အသက် ၄၅ နှစ်ပြည့် မွေးနေ့မဂ်လာကို ကျင်းပခဲ့တာကို တွေ့ခဲ့ရတာပါ ချစ်ပရိသတ်ကြီးရေ။ ညှို့မင်းသမီး အဖြစ် ပရိသတ်တွေ အထူးတလည် စွဲမက်အားပေးခဲ့ရတဲ့ မနန္ဒာဟာ အသက် ၄၅ နှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ မနန္ဒာ ရဲ့ ဇာတ်ကားတွေကို အားပေးကြည့်ရှုလို့မဝနိုင်အောင်ရှိကြောင်း ရုပ်ရှင်ပိတ်ကား ပေါ် တကျော့ပြန်လာဖို့ မျှော်လင့်နေဆဲဖြစ်ကြောင်း ထုနဲ့ထည်နဲ့ရှိတဲ့ အမာခံပရိသတ်တွေက သိုက်သိုက်ဝန်းဝန်းနဲ့ အခိုင်အမာကို ချစ်ခင်အားပေးနေကြဆဲဖြစ်တာကို မြင်တွေ့ခဲ့ရတာလည်း လွမ်းမောစရာဖြစ်စေခဲ့တာပါ။

မင်းသမီး နန္ဒာလှိုင်အနေနဲ့ မွေးနေ့ကစလို့ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး လိုရာဆန္ဒများ ပြည့်ဝနိုင်ပါစေကြောင်း၊ မိသားစု ခင်ပွန်း၊ ချစ်စဖွယ်ရာ သမီးလေးသုံးဦးနဲ့မကြာသေးမီ လွန်ခဲ့တဲ့ ရက်ပိုင်းလေးအတွင်းကပဲ အသက် ၄၅ နှစ်ပြည့်ခဲ့ပြီဖြစ်သလို မွေးနေ့ကို မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့တဲ့ မင်းသမီး နန္ဒာလှိုင်ဟာ အပျော်ရွှင်ရဆုံး ဘဝကို ဖြတ်သန်းနေသလို ခင်ပွန်းသည်ရဲ့ ချစ်ခြင်းမေတ္တာကိုလည်း အပြည့်အဝရရှိခံစားရတဲ့ ဇနီးကောင်းတဦးဖြစ်ပါတယ်။

အရွယ်နဲ့မမျှအောင် အရွယ်တင်နုပျိုနေဆဲ ခမ်းနားကျော့မော့လှပနေဆဲ မင်းသမီး မနန္ဒာ ရဲ့ မွေးနေ့ရက်မြတ် လေးမှာ အမာခံအားပေးသူ ပရိသတ်တွေကလည်း ဆုမွန်ကောင်း တောင်းပေးခဲ့ကြပြီး သမီးငယ်သုံးဦးအပါအဝင် မိသားစု မွေးနေ့မဂ်လာပွဲလေးကို ပျော်ပျော်ရွင်ရွင် ကျင်းပခဲ့တာဖြစ်ပါတယ်။

မင်းသမီးချောကြီးလို့ အားရပါးရ ခေါ်ရလောက်အောင်ကို လက်ရှိအချိန်ထိ ညှို့ငင်ဖမ်းစားနိုင်ဆဲ ကျက်သရေရှိရှိ မဟာဆန်ဆန် အလှအပကို ပိုင်ဆိုင်ထားသူ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီးရဲ့မွေးနေ့က နိုဝင်ဘာလ ၂ ရက် ဖြစ်ပြီး အဲ့ဒီနေ့မှာပဲ မင်းသမီးရဲ့ အသက် ၄၅ နှစ်ပြည့် မွေးနေ့မဂ်လာကို ကျင်းပခဲ့တာကို တွေ့ခဲ့ရတာပါ ချစ်ပရိသတ်ကြီးရေ။ ညှို့မင်းသမီး အဖြစ် ပရိသတ်တွေ အထူးတလည် စွဲမက်အားပေးခဲ့ရတဲ့ မနန္ဒာဟာ အသက် ၄၅ နှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ မနန္ဒာ ရဲ့ ဇာတ်ကားတွေကို အားပေးကြည့်ရှုလို့မဝနိုင်အောင်ရှိကြောင်း ရုပ်ရှင်ပိတ်ကား ပေါ် တကျော့ပြန်လာဖို့ မျှော်လင့်နေဆဲဖြစ်ကြောင်း ထုနဲ့ထည်နဲ့ရှိတဲ့ အမာခံပရိသတ်တွေက သိုက်သိုက်ဝန်းဝန်းနဲ့ အခိုင်အမာကို ချစ်ခင်အားပေးနေကြဆဲဖြစ်တာကို မြင်တွေ့ခဲ့ရတာလည်း လွမ်းမောစရာဖြစ်စေခဲ့တာပါ။

မင်းသမီး နန္ဒာလှိုင်အနေနဲ့ မွေးနေ့ကစလို့ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး လိုရာဆန္ဒများ ပြည့်ဝနိုင်ပါစေကြောင်း၊ မိသားစု ခင်ပွန်း၊ ချစ်စဖွယ်ရာ သမီးလေးသုံးဦးနဲ့အတူ သက်ဆုံးတိုင်ပျော်ရွှင်စွာနေထိုင်သွားနိုင်စေလို့ မနန္ဒာ ရဲ့ ချစ်ပရိသတ်တွေ က ဆုတောင်းပေးခဲ့ကြတာကို တွေ့ခဲ့ရပြီး မိဘ အပေါ် ကျေးဇူးသိတတ်တဲ့ မင်းသမီးက ကျေးဇူးရှင်မိခင်ကြီးကိုလည်း အထူး ဂရုတစိုက်စောင့်ရှောက်ပေးနေသူပါ။

ပရိသတ်တွေ အမြင်မှာ ချစ်စရာသိပ်ကောင်းတဲ့ မိခင်ကို ”လှအိုးကွဲ” စနောက်ခဲ့သလို မိခင်က သူဝတ်စားထားတဲ့ အနီရောင် တောက်တောက်နဲ့ လိုက်ဖက်အောင် ခရမ်းချဉ်သီး အနီရောင်ကို ကိုင်ပြီး ကိုယ်ဟန်ပြ ဓာတ်ပုံရိုက်ခံထားခဲ့တဲ့ မိခင်ရဲ့ ချစ်စဖွယ်ရာ ပုံရိပ်ကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးထားခဲ့တာပါ။

အခုအခါမှာတော့ သာယာနေတဲ့ ဘဝထဲမှာ လှိုင်းဂယက်တခုကြုံခဲ့ရပုံရပြီး ကျေးဇူးရှိမှ ကျေးစွပ်လို့ရတာလို့ မင်းသမီး နန္ဒာလှိုင် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပွဲကြမ်းလိုက်တာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ အခုလိုပွဲကြမ်းပြီး ပို့စ်ရေးသားမိလိုက်လို့ ခဏနေရင် ခင်ပွန်းသည် က ဖုန်းဆက်မေးတော့မယ်လို့လည်း မနန္ဒာ က ဆိုခဲ့သေးပြီး ဘာဖြစ်တယ်ဆိုတာ လာမမေးစေလိုကြောင်း ရှင်းပြထားသလို ပြသနာနဲ့မကင်းနိုင်တဲ့ လူမှုဘဝမှာ လူတိုင်းအတွက် ဒါဟာ ဖြစ်လေ့ဖြစ်ထ ကြုံလေ့ကြုံထရှိတဲ့ ပုံမှန်ကိစ္စတခုလို့ ဆိုရမှာပါ။အတူ သက်ဆုံးတိုင်ပျော်ရွှင်စွာနေထိုင်သွားနိုင်စေလို့ မနန္ဒာ ရဲ့ ချစ်ပရိသတ်တွေ က ဆုတောင်းပေးခဲ့ကြတာကို တွေ့ခဲ့ရပြီး မိဘ အပေါ် ကျေးဇူးသိတတ်တဲ့ မင်းသမီးက ကျေးဇူးရှင်မိခင်ကြီးကိုလည်း အထူး ဂရုတစိုက်စောင့်ရှောက်ပေးနေသူပါ။

ပရိသတ်တွေ အမြင်မှာ ချစ်စရာသိပ်ကောင်းတဲ့ မိခင်ကို ”လှအိုးကွဲ” စနောက်ခဲ့သလို မိခင်က သူဝတ်စားထားတဲ့ အနီရောင် တောက်တောက်နဲ့ လိုက်ဖက်အောင် ခရမ်းချဉ်သီး အနီရောင်ကို ကိုင်ပြီး ကိုယ်ဟန်ပြ ဓာတ်ပုံရိုက်ခံထားခဲ့တဲ့ မိခင်ရဲ့ ချစ်စဖွယ်ရာ ပုံရိပ်ကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးထားခဲ့တာပါ။

အခုအခါမှာတော့ သာယာနေတဲ့ ဘဝထဲမှာ လှိုင်းဂယက်တခုကြုံခဲ့ရပုံရပြီး ကျေးဇူးရှိမှ ကျေးစွပ်လို့ရတာလို့ မင်းသမီး နန္ဒာလှိုင် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပွဲကြမ်းလိုက်တာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ အခုလိုပွဲကြမ်းပြီး ပို့စ်ရေးသားမိလိုက်လို့ ခဏနေရင် ခင်ပွန်းသည် က ဖုန်းဆက်မေးတော့မယ်လို့လည်း မနန္ဒာ က ဆိုခဲ့သေးပြီး ဘာဖြစ်တယ်ဆိုတာ လာမမေးစေလိုကြောင်း ရှင်းပြထားသလို ပြသနာနဲ့မကင်းနိုင်တဲ့ လူမှုဘဝမှာ လူတိုင်းအတွက် ဒါဟာ ဖြစ်လေ့ဖြစ်ထ ကြုံလေ့ကြုံထရှိတဲ့ ပုံမှန်ကိစ္စတခုလို့ ဆိုရမှာပါ။

ငွေနဲ့ပေးပြီးဝယ်ယူခဲ့ရတဲ့တချို့သောသင်ခန်းစာတွေရှိကြောင်း၊ ပေးလိုက်ရတဲ့ငွေနဲ့ရလိုက်တဲ့သင်ခန်းစာကတန်ကြောင်း မနန္ဒာရဲ့ ရေးသားမှုကိုလည်းတွေ့ခဲ့ရသေးတာမို့ မနန္ဒာ တယောက် အဆင်ပြေပြေရှိပါစေလို့ ပရိသတ်တွေက ဆန္ဒပြုနေပြီး စိုးရိမ်ပူပန်ပေးနေသလို အားပေးစကားတွေလည်း ပြောပေးနေကြတာဖြစ်ပါတယ်။ မနန္ဒာတယောက် အေးချမ်းပျော်ရွှင်ပါစေလို့ ဆုတောင်းပေးနေမိပါတယ်။