စနစ်ကောင်းအကျင့်ကောင်းတွေကိုသင်ယူမယ်ဆိုရင် ဘယ်ရောက်ရောက် အကျိုးရှိပါလားဆိုတာသိလာတယ်ဆိုတဲ့ ချမ်းချမ်း

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ အဆိုတော်တစ်ယောက်ဖြစ်တဲ့ ချမ်းချမ်းကတော့ အသံချိုချိုလေးနဲ့ ပရိသတ်တွေကိုဖမ်းစားနိုင်ပြီး အောင်မြင်ကျော်ကြားနေတဲ့ တေးသံရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။သမီးလေးတစ်ယောက်ကို မွေးဖွားထားပြီး သမီးလေးကို စောင့်ရှောက်ပေးနေတဲ့မိခင်ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်နော်။ချမ်းချမ်းက နိုင်ငံတကာကို ဖျော်ဖြေ‌ရေးတွေအတွက် သွားရောက်ရသလို အလည်အပတ်ခရီးတွေလည်း ထွက်လေ့ရှိပါတယ်။အခုဆိုရင်တော့ ချမ်းချမ်းက သူမရောက်ရှိခဲ့တဲ့ နေရာတွေနဲ့ပက်သက်ပြီး အောက်ပါအတိုင်း ပြောပြလာပါတယ်နော်။

“သိပ်လှတဲ့ နေရာတွေ..အရောင်တွေက ဘာမှပြင်စရာမလိုအောင်သဘာဝအတိုင်းစိမ်းနေတာ..သမိုငိးဝင် နှစ်ပေါင်း ၆၀၀ရာကျော်လောက်က အဆောက်အအုံတွေ..တံတားတွေ..ပြတိုက်တွေနဲ့ နှစ်ပေါင်း ရာထောင်ချီနေပြီဖြစ်တဲ့ ပန်းချီပန်းပု အဆောက်အအုံတွေဟာဘဝမှာဘယ်တော့မှမမေ့နိုင်တဲ့အမှတ်တရတွေပဲ..Fashion နိုင်ငံလို့ခေါ်လောက်တဲ့ Branded အဝတ်အစားတွေ အိတ်တွေ ဈေးအကြီးဆုံးကားတွေ ကလဲ အရမ်းကိုကြည့်မဝအောင်ပဲ…နောက်ဆုံးတခုကတော့ ကျမရဲ့ ဘာသာကိုပိုပြီးလေးစားသက်ဝင်မိတာပဲ…နေရာအနှံ့သွားလိုက်တိုင်းဘုရားသခင်နဲ့ပက်သက်တဲ့ အဆောက်အအုံအကြီးကြီးတွေ..ဘုရားကျောင်းတွေ…Bible ကျောင်းအဆောက်အအုံတွေနဲ့ အိမ်တိုင်းနေရာတိုင်းမှာလဲ…”

“ဘုရားသခင်ရဲ့ ရုပ်ထုလေးတွေကို ထားထားကြတာကြည်နူးစရာပါ..အရမ်းကိုသန့်ရှင်းပြီးစည်းကမ်းရှိတဲ့နိုင်ငံကိုရောက်တော့ …ဘာကြောင့်သူတို့နိုင်ငံတွေတိုးတက်သလဲလို့ တွေးမိတယ်…ဘယ်အရာကိုမဆိုရေရှည်အတွက်စဉ်းစားပြီးမှလုပ်ကြတယ်..တည်ဆောက်ကြတယ်..စီစဉ်ကြတယ်…ကြာကောင်းကြာမယ်..ဒါပေမဲ့ ထိန်းသိမ်းမှုအားကောင်းတော့ အရာရာဟာ နှစ်ပေါင်းရာထောင်ချီနေတာတောင် အကောင်းအတိုင်းမပျက်စီးပဲနောင်လာနောင်သားတွေလေ့လာစရာအဖြစ်ချန်ထားနိုင်ကြတယ်…တို့မြန်မာနိုင်ငံမှာလဲသမိုင်းဝင်နေရာတွေကိုစနစ်တကျနဲ့ သန့်သန့်ရှင်းရှင်းလေးစည်းကမ်းရှိရှိထိန်းသိမ်းမယ်ဆိုနောင်လာနောင်သားတွေအတွက်လေ့လာစရာကျန်နေနိုင်တာလေးတွေးမိတယ်….ဘယ်ပဲရောက်ရောက်ကောင်းတဲ့ အလေ့အကျင့် ….စနစ်ကောင်း အကျင့်ကောင်းတွေကိုသင်ယူမယ်ဆိုရင် ဘယ်ရောက်ရောက် အကျိုးရှိပါလားဆိုတာသိလာတယ်…”ဆိုပြီး သူမရဲ့အတွေးလေးကို မျှဝေလာပါတယ်နော်။

Photo Credit:Chan Chan’s Page,CRD-Myanmar Load