Tiktok ရိုက်နေတာကို နမ်းခိုင်းနေတယ်လို့ အထင်မှားသွားတဲ့ ကောင်းပြည့်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

Tiktok ရိုက္ေနတာကို နမ္းခိုင္းေနတယ္လို႔ အထင္မွားသြားတဲ့ ေကာင္းျပည့္
ေကာင္းျပည့္နဲ႔ သႏၱာဗိုလ္ကေတာ့ လိုက္ဖက္ညီတဲ့ အႏုပညာစံုတြဲလို႔ ဆိုႏိုင္ပါတယ္။ ခ်စ္သူသက္တမ္း ၾကာရွည္ေနျပီ ျဖစ္ေပမဲ့ ခုခ်ိန္ထိေတာ့ ေရႊလက္တြဲျခင္း မရွိေသးပါဘူး။ စိတ္ခ်မ္းသာတဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ထားတဲ့ ေကာင္းျပည့္တစ္ေယာက္ အရင္ကထက္ ကိုယ္အေလးခ်ိန္ ပိုတက္လာသလို ခ်စ္သူ ဘိုရစ္ကို အခ်ိန္ေတြေပးရင္း ေပ်ာ္ေပ်ာ္ၾကီး ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။

သႏၱာဗိုလ္က ဆိုရွယ္မီဒီယာမွာ active ျဖစ္ေပမဲ့ ေကာင္းျပည့္ရဲ႔ အႏုပညာလႈပ္ရွားမႈကိုေတာ့ ေတြ႔ရနည္းပါတယ္။ ႏွစ္ဦးသား wedding show ေတြမွာ မဂၤလာဝတ္စံု ဆင္ျမန္းထားတဲ့ ပံုေတြကို ျမင္ျပီး လက္ထပ္သြားျပီလို႔ ထင္ေနၾကသူေတြလည္း ရွိပါတယ္။

Tiktok ကစားရတာ ဝါသနာပါတဲ့ သႏၱာဗိုလ္က တစ္ေယာက္တည္း ဗီဒီယိုေတြ တင္ေလ့ရွိသလို ေကာင္းျပည့္နဲ႔ပါ တြဲဖက္ျပီး တင္ေလ့ရွိပါတယ္။ ေကာင္းျပည့္တစ္ေယာက္ သႏၱာဗိုလ္တင္တဲ့ ဗီဒီယိုမွာ အငိုက္မိသြားခဲ့တာေလးကိုေတာ့ ပရိသတ္ၾကီးသိဖို႔ ေဖာ္ျပေပးခ်င္ပါတယ္။

သႏၱာဗိုလ္က TikTok ကစားေနတာကို ပါးကို နမ္းခိုင္းတယ္ အထင္နဲ႔ အားရပါးရ နမ္းမယ္ အလုပ္မွာ သႏၱာဗိုလ္က တြန္းထုတ္လုိက္တာေၾကာင့္ ေကာင္းျပည့္တစ္ေယာက္ အခြီ ျဖစ္သြားခဲ့ရပါတယ္။

ၾကည္ႏူးမႈေတြကို ပရိသတ္ဆီ ကူးစက္ေစတဲ့ ေကာင္းျပည့္တို႔ အတြဲကေတာ့ တကယ့္ အိုင္ေဒါ couple ပဲ ျဖစ္ပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

ကောင်းပြည့်နဲ့ သန္တာဗိုလ်ကတော့ လိုက်ဖက်ညီတဲ့ အနုပညာစုံတွဲလို့ ဆိုနိုင်ပါတယ်။ ချစ်သူသက်တမ်း ကြာရှည်နေပြီ ဖြစ်ပေမဲ့ ခုချိန်ထိတော့ ရွှေလက်တွဲခြင်း မရှိသေးပါဘူး။ စိတ်ချမ်းသာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ ကောင်းပြည့်တစ်ယောက် အရင်ကထက် ကိုယ်အလေးချိန် ပိုတက်လာသလို ချစ်သူ ဘိုရစ်ကို အချိန်တွေပေးရင်း ပျော်ပျော်ကြီး ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

သန္တာဗိုလ်က ဆိုရှယ်မီဒီယာမှာ active ဖြစ်ပေမဲ့ ကောင်းပြည့်ရဲ့ အနုပညာလှုပ်ရှားမှုကိုတော့ တွေ့ရနည်းပါတယ်။ နှစ်ဦးသား wedding show တွေမှာ မင်္ဂလာဝတ်စုံ ဆင်မြန်းထားတဲ့ ပုံတွေကို မြင်ပြီး လက်ထပ်သွားပြီလို့ ထင်နေကြသူတွေလည်း ရှိပါတယ်။

Tiktok ကစားရတာ ဝါသနာပါတဲ့ သန္တာဗိုလ်က တစ်ယောက်တည်း ဗီဒီယိုတွေ တင်လေ့ရှိသလို ကောင်းပြည့်နဲ့ပါ တွဲဖက်ပြီး တင်လေ့ရှိပါတယ်။ ကောင်းပြည့်တစ်ယောက် သန္တာဗိုလ်တင်တဲ့ ဗီဒီယိုမှာ အငိုက်မိသွားခဲ့တာလေးကိုတော့ ပရိသတ်ကြီးသိဖို့ ဖော်ပြပေးချင်ပါတယ်။

သန္တာဗိုလ်က TikTok ကစားနေတာကို ပါးကို နမ်းခိုင်းတယ် အထင်နဲ့ အားရပါးရ နမ်းမယ် အလုပ်မှာ သန္တာဗိုလ်က တွန်းထုတ်လိုက်တာကြောင့် ကောင်းပြည့်တစ်ယောက် အခွီ ဖြစ်သွားခဲ့ရပါတယ်။

ကြည်နူးမှုတွေကို ပရိသတ်ဆီ ကူးစက်စေတဲ့ ကောင်းပြည့်တို့ အတွဲကတော့ တကယ့် အိုင်ဒေါ couple ပဲ ဖြစ်ပါတယ်။