လာခိုးမယ် ဆိုလို့ အထုပ်ပြင်ထားပေမယ့် ခိုးရာမလိုက်လိုက်ရတဲ့ ဖြူဖြူကျော်သိန်း ရဲ့ အဖြစ်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Credit-Cele Star

Unicode ဖြင့်ဖတ်ပါ
★★★★★

အဆိုတော်ဖြူဖြူကျော်သိန်း ဆိုတာကတော့ ဝတ်စုံ ဒီဇိုင်းအထူးအဆန်းတွေ ဆံပင်ပုံ အထူးအဆန်းတွေနဲ့ နာမည်ကျော်ကြားလူသိများလာသူတစ်ဦးဖြစ်ပြီး သူမရဲ့ ထူးခြားတဲ့ အသံကြောင့်လည်း ပရိသတ်အသည်းစွဲ အဆိုတော်တစ်ဦးဖြစ်နေတာပါ။

အခုလည်း သူမက “မနေ့ညကလာခိုးမယ်ဆိုလို့ အထုပ်တောင်ပြင် ထားသေးတယ်၊ မြန်မာအိုင်ဒေါလ်မှာ ဒီတပတ်ဝတ်မယ့် ဝတ်စုံတွေတောင်ပါသေး၊ ဒါပေမယ့် မနက်သာလင်းသွားတယ်၊ လာခိုးမခိုး မသိလိုက်ဘူး၊ ခေးအိပ်ပျော်သွားလို့ ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်မှာ တင်လိုက်တာပါ။

သူမက ဆောရီးညော်၊ နောက်နှစ်ပေါ့ လို့လည်း အပြောင်အပြက်လေး ပြောထား ပါသေးတယ်။ ဖြူဖြူရေ ဖြစ်မှဖြစ်ရလေနော်။ ဖြူဖြူကျော်သိန်းဟာ ဆိုရင် အခုအချိန်အထိ အပျိုကြီးဘဝမှာ ပျော်ရွှင်နေဆဲဖြစ်ပြီး သူမဘဝအတွက် သူမတကယ်ချစ်ရမယ့်သူကို မတွေ့သေးတာလို့ ယူဆရပါတယ်။

မကြာသေးခင်ကလည်း ဖြူဖြူနဲ့ Project K အဖွဲ့သား တစ်ဦး ချစ်ကြိုက်နေကြပြီဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လာခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် ဒီသတင်းအပေါ် ဖြူဖြူရော Project K အဖွဲ့သား အကနဲ့ အဆိုတော် မောင်လေးကပါ အတည်ပြုခဲ့ခြင်း မရှိကြပါဘူး။ ဖြူဖြူကျော်သိန်းဟာ လက်ရှိမှာ Myanmar Idol ရဲ့ နာမည်ကျော်ဒိုင် တစ်ဦးဖြစ်ပြီး သူမရဲ့ ဖက်ရှင်တွေကလည်း လတ်တလော လူပြောများနေသူလည်း ဖြစ်ပါတယ်။

ကဲ ဖြူဖြူကတော့ ခိုးရာလိုက်ဖို့ အထုပ်တောင်ပြင်ထားတာတဲ့နော်၊ ဖြူဖြူ့ကို နောက်နှစ် ကျရင် ခိုးမယ့်သူလေးက ဘယ်သူဖြစ်မလဲ၊ စိတ်ဝင် စားစရာပါပဲ။

Credit-Cele Star