ဒီအစီအစဉ် သာ TV မှာ လာလို့ရှိရင် TV တောင်ရိုက်ခွဲမိမလား မသိဘူး ဆိုတဲ့ MasterChef Myanmar ပြိုင်ပွဲဝင် နိုင်ဇော်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ျမန္မာ့နိုင္ငံ ရဲ့ အႀကီးဆုံး စားဖိုမွူးၿပိဳင္ပြဲျဖစ္တဲ့ ” MasterChef Myanmar” ကေတာ့ လက္ရွိမွာေတာ့ Season 2 အထိေရာက္ရွိလာၿပီးျဖစ္ၿပီး ၿပိဳင္ပြဲဝင္ေတြအေပၚ ဒိုင္ေတြေပးတဲ့ ကြန္းမန႔္ေတြေၾကာင့္ ပရိသတ္အၾကား ပြဲအဆူဆုံး အစီအစဥ္ေတြက တစ္ခုပဲျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ နိုဝင္ဘာလ(၁၀)ရက္ေန႔က ထုတ္လြင့္ျပခဲ့တဲ့ MasterChef Myanmar ရဲ့အပိုင္း(၁၇)မွာေတာ့ အေၾကာ္စုံဗန္း Challenge ကိုေတာ့ Top 4 ၿပိဳင္ပြဲဝင္ေတြကယွဥ္ၿပိဳင္ခ်က္ျပဳတ္ခဲ့ၿပီး ၿပိဳင္ပြဲဝင္ အာကာမွ Winner အျဖစ္ ေနာက္တစ္ဆင့္ကိုတတ္လွမ္းခြင့္ ရခဲ့ပါတယ္။

က်န္ၿပိဳင္ပြဲဝင္(၃)ဦး ကေတာ့ Elimination Test အေနျဖင့္ ၿပိဳင္ပြဲဝင္ေတြ ၿပိဳင္ပြဲ တစ္ေလၽွာက္ ပထမဦးဆုံး ခ်က္ျပဳတ္ခဲ့တဲ့ ဟင္းပြဲမွာ ပါဝင္တဲ့ဟင္းအမယ္ေတြနဲ႔ပဲ မတူညီတဲ့ဟင္းပြဲ မိနစ္(၆၀)အတြင္းခ်က္ျပဳတ္ယွဥ္ၿပိဳင္ ရတာပဲျဖစ္ပါတယ္။ဒီၿပိဳင္ပြဲမွာေတာ့ ေနျပည္ေတာ္မွ လာေရာက္ယွဥ္ၿပိဳင္တဲ့ ၿပိဳင္ပြဲဝင္ နိုင္ေဇာ္ကေတာ့ အေကာင္းဆုံးႀကိဳးစား ယွဥ္ၿပိဳင္ခဲ့သလို ဒိုင္ေတြဆီမွ ကြန္းမန႔္ေကာင္းေတြရခဲ့ေပမယ့္လည္း ၿပိဳင္ပြဲမွ ႏွုတ္ဆက္ထြက္ခြာခဲ့ရပါတယ္။ဒီလိုထြက္ခြာသြားရတဲ့အေပၚမွာေတာ့ “နိုင္ေဇာ္ဟာ ေကာင္းတာမဟုတ္ဘူး အရမ္း ကိုေကာင္းတယ္ အကုန္လုံးက Prefect ျဖစ္တယ္တဲ့ အဲဒါလည္းေျပာၿပီးေရာ နိုင္ေဇာ္ကိုလည္း ျဖဳတ္ခ်လိုက္ေရာ ဒါကဘာအဓိပၸာယ္လည္းမသိဘူး ဒီအစီအစဥ္သာ TV မွာလာလို့ရွိရင္ ကိုယ့္ေရွ႕မွာရွိတဲ့TV ေတာင္ရိုက္ခြဲမိမလား မသိဘူး။

ဒီပြဲက မတရားဘူးလို့ ကၽြန္ေတာ္ ထင္တယ္.. သုံးေယာက္ထဲမွာ ကိုယ္ကအေကာင္းဆုံး ျဖစ္လ်က္ နဲ႔ အိမ္ျပန္ရတယ္ဆိုေတာ့ ဒါသက္သက္ မ်က္ႏွာလိုက္တာဆိုတာ ေသခ်ာေနၿပီးသားပဲ ” လို့ ဆိုထားပါတယ္။ ပရိသတ္ႀကီးထဲမွာေရာ MasterChef Myanmar Season 2 ကိုေစာင့္ေမၽွာ္ၾကည့္ရွူတဲ့ ပရိသတ္ေတြရွိရင္ အျမင္ေလးေတြေဝမၽွ ခဲ့ပါဦးေနာ္။

crd : burmeseasia

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာ့နိုင်ငံ ရဲ့ အကြီးဆုံး စားဖိုမှူးပြိုင်ပွဲဖြစ်တဲ့ ” MasterChef Myanmar” ကတော့ လက်ရှိမှာတော့ Season 2 အထိရောက်ရှိလာပြီးဖြစ်ပြီး ပြိုင်ပွဲဝင်တွေအပေါ် ဒိုင်တွေပေးတဲ့ ကွန်းမန့်တွေကြောင့် ပရိသတ်အကြား ပွဲအဆူဆုံး အစီအစဉ်တွေက တစ်ခုပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ နိုဝင်ဘာလ(၁၀)ရက်နေ့က ထုတ်လွင့်ပြခဲ့တဲ့ MasterChef Myanmar ရဲ့အပိုင်း(၁၇)မှာတော့ အကြော်စုံဗန်း Challenge ကိုတော့ Top 4 ပြိုင်ပွဲဝင်တွေကယှဉ်ပြိုင်ချက်ပြုတ်ခဲ့ပြီး ပြိုင်ပွဲဝင် အာကာမှ Winner အဖြစ် နောက်တစ်ဆင့်ကိုတတ်လှမ်းခွင့် ရခဲ့ပါတယ်။

ကျန်ပြိုင်ပွဲဝင်(၃)ဦး ကတော့ Elimination Test အနေဖြင့် ပြိုင်ပွဲဝင်တွေ ပြိုင်ပွဲ တစ်လျှောက် ပထမဦးဆုံး ချက်ပြုတ်ခဲ့တဲ့ ဟင်းပွဲမှာ ပါဝင်တဲ့ဟင်းအမယ်တွေနဲ့ပဲ မတူညီတဲ့ဟင်းပွဲ မိနစ်(၆၀)အတွင်းချက်ပြုတ်ယှဉ်ပြိုင် ရတာပဲဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာတော့ နေပြည်တော်မှ လာရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင် နိုင်ဇော်ကတော့ အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ခဲ့သလို ဒိုင်တွေဆီမှ ကွန်းမန့်ကောင်းတွေရခဲ့ပေမယ့်လည်း ပြိုင်ပွဲမှ နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။ဒီလိုထွက်ခွာသွားရတဲ့အပေါ်မှာတော့ “နိုင်ဇော်ဟာ ကောင်းတာမဟုတ်ဘူး အရမ်း ကိုကောင်းတယ် အကုန်လုံးက Prefect ဖြစ်တယ်တဲ့ အဲဒါလည်းပြောပြီးရော နိုင်ဇော်ကိုလည်း ဖြုတ်ချလိုက်ရော ဒါကဘာအဓိပ္ပာယ်လည်းမသိဘူး ဒီအစီအစဉ်သာ TV မှာလာလို့ရှိရင် ကိုယ့်ရှေ့မှာရှိတဲ့TV တောင်ရိုက်ခွဲမိမလား မသိဘူး။

ဒီပွဲက မတရားဘူးလို့ ကျွန်တော် ထင်တယ်.. သုံးယောက်ထဲမှာ ကိုယ်ကအကောင်းဆုံး ဖြစ်လျက် နဲ့ အိမ်ပြန်ရတယ်ဆိုတော့ ဒါသက်သက် မျက်နှာလိုက်တာဆိုတာ သေချာနေပြီးသားပဲ ” လို့ ဆိုထားပါတယ်။ ပရိသတ်ကြီးထဲမှာရော MasterChef Myanmar Season 2 ကိုစောင့်မျှော်ကြည့်ရှူတဲ့ ပရိသတ်တွေရှိရင် အမြင်လေးတွေဝေမျှ ခဲ့ပါဦးနော်။

crd : burmeseasia