လူတိုင်းမှတ်သားသင့်ပြီးအဖိုးတန်တဲ့ စာသားလေးတွေကို တင်လိုက်ပြန်တဲ့မယ်လိုဒီ
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
အနုပညာလောကမှာ ပရိသတ်အားပေးမှု အပြည့်အဝ ရရှိထားတဲ့ မင်းသမီးချောလေး မယ်လိုဒီကိုတော့ တော်တော်များများလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ မယ်လိုဒီကတော့ သူ့အနေနဲ့ ရုပ်ရှင်ကားတွေ များစွာရိုက်ခဲ့ပြီးအကယ်ဒမီဆုကြီးကိုလည်း ရရှိခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့အနုပညာလှုပ်ရှားမှုတွေကို ခပ်ကြဲကြဲသာ လုပ်ကိုင်လာတော့တာ ဖြစ်ပါတယ်။
တဖက်မှာ အနုပညာမလုပ်တော့ပေမယ့်လည်း တဖက်မှာတော့ မိသားစုအတွက် အမြဲလိုလို အချိန်ပေးနေပြီး ပျော်ရွှင်မှုတွေကို ဖန်တီးနေတာ ဖြစ်ပါတယ်။ ချစ်ရတဲ့ သားတယောက်ရှိပြီး သားနဲ့ အလွန်လိုက်ဖက်တဲ့ အမေတယောက်လည်း ဖြစ်ပါတယ်။ မယ်လိုဒီကတော့အမြဲတမ်းလိုလို သ့ူရဲ့သားလေးအတွက် ဆုံးမစကားတွေ ပြောပြီး ဆုံးမလေ့ရှိပါတယ်။
လက်ရှိမှာလည်း မယ်လိုဒီ ကတော့ “ကိုယ့်ရဲ့ကလေးဘဝအချိန်တုန်းကအပူပင်ကင်းကင်း ပျော်ရွှင်စရာ စိတ်ချမ်းသာစရာ ကောင်းရဲ့လား ကိုယ်မိဘဖြစ်လာတော့ရော သားသမီးကို အပူပင်ကင်းကင်း ပျော်ရွှင်အောင် စိတ်ချမ်းသာအောင်ထားနိုင်ရဲ့လား ဆရာဖြိုးသီဟရဲ့ သားတွေကိုပြောပေးပါ စာအုပ်ကလေးဖတ်ရင်းအတွေးတွေ အတိတ်နဲ့လက်ရှိအခြေအနေ ကူးခတ်ရင်း ဆင်ခြင်မိနေတယ် ချစ်ပါ မိဘ သားသမီး ဇနီး ခင်ပွန်း မိတ်ဆွေသူငယ်ချင်း အချိန်ပေးပါ စိတ်ရှည်ပါ သက်ရှိထင်ရှား ရှိတုန်းမြင်နေရတုန်း ချစ်ခွင့်ရတုန်းချစ်ပါ ထွေးပွေ့ကြင်နာပါ ချစ်ခြင်းမေတ္တာဖြင့်” ဆိုပြီး အားလုံးအတွက်လည်း အဓိပ္ပါယ် ရှိတဲ့ စာသားလေးကို တင်ထားတာ ဖြစ်ပါတယ်။ မယ်လိုဒီရဲ့ စကားလေးတွေကတော့ မှတ်သားစရာကောင်းသလို သားရှိတဲ့မိခင်တွေအနေနဲ့လည် ကိုယ်ချင်းစာတတ်ကြမယ် ထင်ပါတယ်။