ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးအကြောင်းဖွင့်ပြောပြလာတဲ့ အဆိုတော် ဇွဲပြည့်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

အဆိုတော် ဇွဲပြည့်ကတော့ ၃ နှစ်ကြာလက်တွဲလာတဲ့ ချစ်သူလေးဇာလီမိုးနဲ့ အိမ်ထောင်ပြုခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ဂီတအလုပ်တွေကိုလည်း အရမ်းနားလည်ပေးတဲ့သူပါလို့ Duwun Media ကနေ ဖြေဆိုခဲ့ပါတယ်။

‘’ သူကတော့ မယူခင်တုန်းကရော၊ ယူပြီးတဲ့အချိန်မှာရော အစ်ကို့ အလုပ်နဲ့ပတ်သက်ပြီး အရမ်းနားလည်ပေးပါတယ်။ အိမ်ထောင်ရေးကလည်း အရမ်းသာယာနေပါတယ်။ အခုက အိမ်ထောင်ရေးမှာ ဘာမှပြောင်းလဲသွားတာမျိုးတော့မရှိဘူး။ အဓိက ကတော့ အရင်တုန်းကလိုမျိုး ဖုန်းတွေပြောပြီးထိုင်လွမ်းရတာ၊ ဆွေးရတာတွေတော့ ပျောက်ပြီပေါ့’’ လို့ ဆိုပါတယ်။

ဇွဲပြည့်ကတော့ ရင်သွေးလေး ဘယ်တော့ ယူမှာလဲဆိုတဲ့ မေးခွန်းအပေါ် ပြန်ဖြေလာတဲ့ အဖြေလေးကတော့ အရမ်းကို Romantic ဆန်လှပါတယ်။ ချစ်ဇနီးချောကို ချစ်လို့တောင် မဝသေးပါဘူးလို့ ပြောပါတယ်။

‘’ အခုက စီးပွားရေးတစ်ခုလည်း စလုပ်နေပြီဆိုတော့ စီးပွားရေးဘက်ကို လှည့်မယ်ပေါ့နော်။ ရင်သွေးယူဖို့ကတော့ နည်းနည်းလိုသေးတယ်။ အခုမှချစ်လို့တောင် မဝသေးဘူး။ ကလေးကို မချစ်နိုင်သေးဘူး။ သူနဲ့ ပုံတွေ မတင်ဖြစ်တာကလည်း ဂီတ Personal နဲ့ အိမ်ထောင်ရေး Personal ဆိုပြီးတော့ ခွဲခြားထားတယ်။ ဇာနည်မောင်မောင်နဲ့ ဇွဲပြည့် ဘဝ ကွာသလိုပေါ့။ အိမ်ထောင်ရေးကိုတော့ ဘဝတစ်ခုလိုထားတာဆိုတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ပြတာမျိုးသိပ်မရှိဘူး’’ လို့ သူကဆိုပါတယ်။

အဆိုတော် ဇွဲပြည့်ဟာ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က ချစ်သူဖြစ်တဲ့ ဇာလီမိုးနဲ့ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၃ လ ပဲရှိပါသေးတယ်။ ဇွဲပြည့်ကတော့ ၂၀၁၅ ခုနှစ် မတ်လအတွင်းက သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့ တေးစီးရီးထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၇ ခုနှစ် မေလအတွင်းမှာတော့ ဒုတိယမြောက် တေးစီးရီးအနေနဲ့ ခိုလှုံရာဆိုတဲ့ တစ်ကိုယ်တော်အခွေထွက်ရှိခဲ့ပါတယ်။ တတိယမြောက် တေးစီးရီးဖြစ်တဲ့ အားကိုးပါ အခွေကတော့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဇွဲပြည့်က ‘’နွံနစ်ခဲ့’’ ဆိုတဲ့ Single Song လေးထွက်ရှိထားပါသေးတယ်တဲ့။ ‘’အားကိုးပါ’’ တေးစီးရီးအတွက်ကိုလည်း MTV တွေ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Source : Cele Yatkwat

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အဆိုေတာ္ ဇြဲျပည့္ကေတာ့ ၃ ႏွစ္ၾကာလက္တြဲလာတဲ့ ခ်စ္သူေလးဇာလီမိုးနဲ႔ အိမ္ေထာင္ျပဳခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ ဂီတအလုပ္ေတြကိုလည္း အရမ္းနားလည္ေပးတဲ့သူပါလို႔ Duwun Media ကေန ေျဖဆိုခဲ့ပါတယ္။

‘’ သူကေတာ့ မယူခင္တုန္းကေရာ၊ ယူၿပီးတဲ့အခ်ိန္မွာေရာ အစ္ကို႔ အလုပ္နဲ႔ပတ္သက္ၿပီး အရမ္းနားလည္ေပးပါတယ္။ အိမ္ေထာင္ေရးကလည္း အရမ္းသာယာေနပါတယ္။ အခုက အိမ္ေထာင္ေရးမွာ ဘာမွေျပာင္းလဲသြားတာမ်ိဳးေတာ့မရွိဘူး။ အဓိက ကေတာ့ အရင္တုန္းကလိုမ်ိဳး ဖုန္းေတြေျပာၿပီးထိုင္လြမ္းရတာ၊ ေဆြးရတာေတြေတာ့ ေပ်ာက္ၿပီေပါ့’’ လို႔ ဆိုပါတယ္။

ဇြဲျပည့္ကေတာ့ ရင္ေသြးေလး ဘယ္ေတာ့ ယူမွာလဲဆိုတဲ့ ေမးခြန္းအေပၚ ျပန္ေျဖလာတဲ့ အေျဖေလးကေတာ့ အရမ္းကို Romantic ဆန္လွပါတယ္။ ခ်စ္ဇနီးေခ်ာကို ခ်စ္လို႔ေတာင္ မဝေသးပါဘူးလို႔ ေျပာပါတယ္။

‘’ အခုက စီးပြားေရးတစ္ခုလည္း စလုပ္ေနၿပီဆိုေတာ့ စီးပြားေရးဘက္ကို လွည့္မယ္ေပါ့ေနာ္။ ရင္ေသြးယူဖို႔ကေတာ့ နည္းနည္းလိုေသးတယ္။ အခုမွခ်စ္လို႔ေတာင္ မဝေသးဘူး။ ကေလးကို မခ်စ္ႏိုင္ေသးဘူး။ သူနဲ႔ ပုံေတြ မတင္ျဖစ္တာကလည္း ဂီတ Personal နဲ႔ အိမ္ေထာင္ေရး Personal ဆိုၿပီးေတာ့ ခြဲျခားထားတယ္။ ဇာနည္ေမာင္ေမာင္နဲ႔ ဇြဲျပည့္ ဘဝ ကြာသလိုေပါ့။ အိမ္ေထာင္ေရးကိုေတာ့ ဘဝတစ္ခုလိုထားတာဆိုေတာ့ အိမ္ေထာင္ေရးနဲ႔ ပတ္သက္ၿပီး ျပတာမ်ိဳးသိပ္မရွိဘူး’’ လို႔ သူကဆိုပါတယ္။

အဆိုေတာ္ ဇြဲျပည့္ဟာ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၁၉ ရက္ေန႔က ခ်စ္သူျဖစ္တဲ့ ဇာလီမိုးနဲ႔ မဂၤလာပြဲက်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သူတို႔ရဲ႕ အိမ္ေထာင္သက္တမ္းက ၃ လ ပဲရွိပါေသးတယ္။ ဇြဲျပည့္ကေတာ့ ၂၀၁၅ ခုႏွစ္ မတ္လအတြင္းက သူ႔ရဲ႕ ပထမဆုံးတစ္ကိုယ္ေတာ္အေခြျဖစ္တဲ့ အျပည္ျပည္ဆိုင္ရာအသည္းကြဲေသာေန႔ ေတးစီးရီးထြက္ရွိခဲ့ပါတယ္။ အဲဒီေနာက္ ၂၀၁၇ ခုႏွစ္ ေမလအတြင္းမွာေတာ့ ဒုတိယေျမာက္ ေတးစီးရီးအေနနဲ႔ ခိုလႈံရာဆိုတဲ့ တစ္ကိုယ္ေတာ္အေခြထြက္ရွိခဲ့ပါတယ္။ တတိယေျမာက္ ေတးစီးရီးျဖစ္တဲ့ အားကိုးပါ အေခြကေတာ့ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္းမွာ ထြက္ရွိခဲ့တာျဖစ္ပါတယ္။ အခုလက္ရွိမွာေတာ့ ဇြဲျပည့္က ‘’ႏြံနစ္ခဲ့’’ ဆိုတဲ့ Single Song ေလးထြက္ရွိထားပါေသးတယ္တဲ့။ ‘’အားကိုးပါ’’ ေတးစီးရီးအတြက္ကိုလည္း MTV ေတြ ႐ိုက္ကူးေနတယ္လို႔ သိရပါတယ္။

Source : Cele Yatkwat