သူမနာမည်ကို အလွဲသုံးစားလုပ်ပြီး ငွေလိမ်နေတဲ့ ပေ့ချ်အတုကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဖြူဖြူထွေး
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
သူမနာမည်ကို အလွဲသုံးစားလုပ်ပြီး ငွေလိမ်နေတဲ့ ပေ့ခ်ျအတုကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဖြူဖြူထွေး
မိုမိုလေးချစ်ပရိသတ်တွေအတွက် သူမရဲ့နာမည်ကိုယူပြီး ပေ့ခ်ျအတုဖွင့်ကာ ငွေလိမ်စားနေတဲ့သူတွေကို မလုပ်ကြဖို့ တောင်းပန်လိုက်တဲ့ ဖြူဖြူထွေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
Unicode ဖြင့်ဖတ်ပါ
★★★★★
သူမနာမည်ကို အလွဲသုံးစားလုပ်ပြီး ငွေလိမ်နေတဲ့ ပေ့ချ်အတုကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဖြူဖြူထွေး
ရိုးသားပြီး ပွင့်လင်းတဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေအရမ်းချစ်ကြတဲ့ ချစ်စရာကောင်မလေး ဖြူဖြူထွေးကတော့ သူမချစ်တဲ့ အနုပညာအလုပ်တွေလုပ်ရင်း မိဘကို လုပ်ကျွေးနေတဲ့ သမီးလိမ္မာလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖြူဖြူထွေးက သူမနာမည်ကို အလွဲသုံးစားလုပ်ပြီး ငွေလိမ်နေတဲ့ ပေ့ချ်အတုကြောင့် စိတ်မကောင်းဖြစ်နေတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ရိုးရိုးသားသားနဲ့ အနုပညာအလုပ်လုပ်နေတဲ့ သူမရဲ့နာမည်ကို ယူပြီး ငွေလိမ်နေတဲ့သူတွေကိုတော့ ဖြူဖြူထွေးက ဆက်မလုပ်ကြဖို့လည်း ပြောထားပါသေးတယ်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် သူမရဲ့နာမည်ကိုယူပြီး ပေ့ချ်အတုဖွင့်ကာ ငွေလိမ်စားနေတဲ့သူတွေကို မလုပ်ကြဖို့ တောင်းပန်လိုက်တဲ့ ဖြူဖြူထွေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဖြူဖြူထွေးကတော့ “အောက်ပါ အကောင့်သည် အားပေးလို့ဖွင့်တာမဟုတ်ပဲ လုပ်ငန်းရှင်များဆက်သွယ်လာလျှင် ဖြူဖြူထွေးပါ ဟု လိမ်လည်ကာ စရံများကို အတင်းတောင်းဆိုပြီး တကယ် အလုပ်လုပ်မဲ့နေ့တွင် ဖုန်းစက်ပိတ် ဖုန်းကဒ် တစ်ကဒ်ပြီးတစ်ကဒ် လုပ်စားနေတာ ဖြစ်ပါတယ် ,ဖြူဖြူထွေး နာမည် နဲ့ ပိုက်ဆံတွေလဲ လိုက်ချေနေပါတယ် ဆက်မလုပ် ဖို့ မေတ္တာရပ်ခံချင်ပါတယ် ချစ်လို့ လာအပ်တဲ့ လုပ်ငန်းရှင်တော်တော်များများအတွက် စိတ်မကောင်းဖြစ်မိပါတယ် အလုပ်အတွက် ဆက်သွယ်ရန် သမီးရဲ့ မန်းနေဂျာဖုန်းတစ်ခုပဲ ရှိပါ_ 09966444822” ဆိုပြီး အလုပ်အတွက်ဆို သူမရဲ့မန်နေဂျာကပဲ ဆက်သွယ်ကြဖို့ ပြောထားတာပါ။
လတ်တလောမှာတော့ ဖြူဖြူထွေးက အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာဖြစ်ပြီး၊ ပရဟိတအလုပ်တွေလည်း တတ်နိုင်သမျှ ပြုလုပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း သူမနာမည်နဲ့ ငွေလိမ်စားနေတဲ့သူတွေကြောင့် အရမ်းစိတ်မကောင်းဖြစ်နေတဲ့ ဖြူဖြူထွေးရဲ့သတင်းလေးကို အချင်းချင်း ဝေမျှပေးလိုက်ကြပါဦးနော်။