ဒီနေ့ သီဆိုမယ့် ခေါင်းစဉ်နဲ့ အညီ ကျောင်းတက်တုန်းက ပုံရိပ်လေးကို ချပြပြီး အားပေးဖို့ စကားဆို လိုက်တဲ့ အက်စတာ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပရိသတ္ စိတ္၀င္စား အားေပးမွု ကိုအျပည့္အ၀ ရထားတဲ့ ျမန္မာအုိင္ေဒါျပိဳင္ပြဲၾကီး ကေတာ့ တစ္ပတ္ထက္ တစ္ပတ္ျပိဳင္ဆိုင္မွုျပင္းထန္ လာျပီျဖစ္ပါတယ္။ လက္ရွိမွာ စိတ္ၾကိဳက္သီခ်င္းမ်ားသီဆိုမွုနဲ႔ ေရာ့ခ္ဂီတသီဆိုမွု ဆိုျပီး ႏွစ္ပတ္ယွဥ္ျပိဳင္ျပီးေနာက္မွာ ျပိဳင္ပြဲ၀င္တစ္ေယာက္ကေတာ့ ႏူတ္ဆက္ထြက္ခြာ ခဲ့ရျပီျဖစ္ပါတယ္။ ပံုမွန္အားျဖင့္ နွစ္ပတ္ေျမာက္ မွာ ႏွစ္ေယာက္ထြက္ခြာ ရမွာျဖစ္ေပမယ့္ ျပီးခဲ့တဲ့ေရာ့ခ္ဂီတ အပတ္မွာ ျပိဳင္ပြဲ၀င္ေနာ္ေစးေစးထူးကို ဒိုင္ေတြက Save ခဲ့တာေၾကာင့္ ဒီေန႔ယွဥ္ျပိဳင္မယ့္ တကၠသိုလ္ သီခ်င္းအပတ္မွာေတာ့ ျပိဳင္ပြဲ၀င္ႏွစ္ေယာက္က ႏူတ္ဆက္ထြက္ခြာ ရမွာပဲျဖစ္ပါတယ္။

ျပိဳင္ပြဲ၀င္ေတြထဲမွာ အက္စတာေဒါ့သ္ခ်င္းဆုန္ကေတာ့ အမာခံ ပရိသတ္အင္အား ေတာင့္တင္းသူ တစ္ေယာက္လို႔ ဆိုရမွာပါ။ ခ်င္းတိုင္းရင္းသူ တစ္ေယာက္ျဖစ္ျပီး ဒုတိယဆုန္သင္းပါရ္လို႔ တင္စားေခၚေ၀ၚခံရတဲ့အထိ အသံပါ၀ါ အားေကာင္းသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ပထမဆံုး စိတ္ၾကိဳက္ သီခ်င္းသီဆိုမွု အပတ္မွာ ပရိသတ္ဆီက voting အမ်ားဆံုး ရရွိထားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ပရိသတ္ အခ်ိဳ႕ကေတာ့ ျမန္မာအုိင္ေဒါရဲ႕ ပထမဆံုးမိန္းကေလး winner ျဖစ္ႏုိင္ဖို႔လည္း ေမွ်ာ္လင့္ေနၾကတာျဖစ္ပါတယ္။

အက္စတာကေတာ့ ဒီေန႔ျပိဳင္ပြဲရဲ႕ေခါင္းစဥ္ နဲ႔အညီ သူတကၠသိုလ္ တက္တုန္းက ပံုရိပ္ေလး တစ္ခု နဲ႔အတူ “Hello…အားလုံးပဲ မဂၤလာ နံနက္ခင္းပါရွင့္ဒီညအတြက္ ညီမအရမ္းကို ရင္ခုန္ေနပါတယ္သီဆိုယွဥ္ၿပိဳင္ရမယ့္ သီခ်င္းက တကၠသိုလ္သီခ်င္းေလး ျဖစ္တဲ့အတြက္တခ်ိန္က တကၠသိုလ္ တက္ခဲ့တဲ့ အကိုတို႔အမ တို႔အေနနဲ႔ေရာ အခု တကၠသိုလ္တက္ေနတဲ့ ေမာင္ေလးညီမေလး တို႔အေနနဲ႔ေရာ တကၠသိုလ္တက္ရတဲ့ အႏွစ္သာရေတြ ေပ်ာ္ရႊင္စရာအခ်ိန္ေလးေတြကို ျပန္လည္ျမင္ေယာင္မိမယ္လို့ထင္ပါတယ္ရွင့္

ညီမကို အားေပးၾကတဲ့ အနယ္နယ္အရပ္က မိဘျပည္သူမ်ား အတြက္ ညီမ အေကာင္းဆုံး အတက္နိုင္ဆုံးသီဆို ယွဥ္ၿပိဳင္သြားပါ့မယ္ရွင့္…အခုခ်ိန္မွာ voting က ညီမအတြက္ အသက္ျဖစ္ပါတယ္ရွင့္…ညီမကိုအားေပးၾကပါဦးရွင့္အားလုံးရဲ့ ခ်စ္ျခင္းေမတၱာက ညီမအတြက္ ခြန္အား တစ္ခုျဖစ္ပါတယ္ရွင့္” လို႔ေရးသားမွ်ေ၀ေပး ခဲ့တာျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဒီညျမန္မာအုိင္ေဒါကို ေစာင့္ၾကည့္ဖို႔ မေမ့ၾကနဲ႔ ဦးေနာ္။

crd : celefamily

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ် စိတ်ဝင်စား အားပေးမှု ကိုအပြည့်အ၀ ရထားတဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီး ကတော့ တစ်ပတ်ထက် တစ်ပတ်ပြိုင်ဆိုင်မှုပြင်းထန် လာပြီဖြစ်ပါတယ်။ လက်ရှိမှာ စိတ်ကြိုက်သီချင်းများသီဆိုမှုနဲ့ ရော့ခ်ဂီတသီဆိုမှု ဆိုပြီး နှစ်ပတ်ယှဉ်ပြိုင်ပြီးနောက်မှာ ပြိုင်ပွဲဝင်တစ်ယောက်ကတော့ နူတ်ဆက်ထွက်ခွာ ခဲ့ရပြီဖြစ်ပါတယ်။ ပုံမှန်အားဖြင့် နှစ်ပတ်မြောက် မှာ နှစ်ယောက်ထွက်ခွာ ရမှာဖြစ်ပေမယ့် ပြီးခဲ့တဲ့ရော့ခ်ဂီတ အပတ်မှာ ပြိုင်ပွဲဝင်နော်စေးစေးထူးကို ဒိုင်တွေက Save ခဲ့တာကြောင့် ဒီနေ့ယှဉ်ပြိုင်မယ့် တက္ကသိုလ် သီချင်းအပတ်မှာတော့ ပြိုင်ပွဲဝင်နှစ်ယောက်က နူတ်ဆက်ထွက်ခွာ ရမှာပဲဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တွေထဲမှာ အက်စတာဒေါ့သ်ချင်းဆုန်ကတော့ အမာခံ ပရိသတ်အင်အား တောင့်တင်းသူ တစ်ယောက်လို့ ဆိုရမှာပါ။ ချင်းတိုင်းရင်းသူ တစ်ယောက်ဖြစ်ပြီး ဒုတိယဆုန်သင်းပါရ်လို့ တင်စားခေါ်ဝေါ်ခံရတဲ့အထိ အသံပါဝါ အားကောင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပထမဆုံး စိတ်ကြိုက် သီချင်းသီဆိုမှု အပတ်မှာ ပရိသတ်ဆီက voting အများဆုံး ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ် အချို့ကတော့ မြန်မာအိုင်ဒေါရဲ့ ပထမဆုံးမိန်းကလေး winner ဖြစ်နိုင်ဖို့လည်း မျှော်လင့်နေကြတာဖြစ်ပါတယ်။

အက်စတာကတော့ ဒီနေ့ပြိုင်ပွဲရဲ့ခေါင်းစဉ် နဲ့အညီ သူတက္ကသိုလ် တက်တုန်းက ပုံရိပ်လေး တစ်ခု နဲ့အတူ “Hello…အားလုံးပဲ မင်္ဂလာ နံနက်ခင်းပါရှင့်ဒီညအတွက် ညီမအရမ်းကို ရင်ခုန်နေပါတယ်သီဆိုယှဉ်ပြိုင်ရမယ့် သီချင်းက တက္ကသိုလ်သီချင်းလေး ဖြစ်တဲ့အတွက်တချိန်က တက္ကသိုလ် တက်ခဲ့တဲ့ အကိုတို့အမ တို့အနေနဲ့ရော အခု တက္ကသိုလ်တက်နေတဲ့ မောင်လေးညီမလေး တို့အနေနဲ့ရော တက္ကသိုလ်တက်ရတဲ့ အနှစ်သာရတွေ ပျော်ရွှင်စရာအချိန်လေးတွေကို ပြန်လည်မြင်ယောင်မိမယ်လို့ထင်ပါတယ်ရှင့်

ညီမကို အားပေးကြတဲ့ အနယ်နယ်အရပ်က မိဘပြည်သူများ အတွက် ညီမ အကောင်းဆုံး အတက်နိုင်ဆုံးသီဆို ယှဉ်ပြိုင်သွားပါ့မယ်ရှင့်…အခုချိန်မှာ voting က ညီမအတွက် အသက်ဖြစ်ပါတယ်ရှင့်…ညီမကိုအားပေးကြပါဦးရှင့်အားလုံးရဲ့ ချစ်ခြင်းမေတ္တာက ညီမအတွက် ခွန်အား တစ်ခုဖြစ်ပါတယ်ရှင့်” လို့ရေးသားမျှဝေပေး ခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီညမြန်မာအိုင်ဒေါကို စောင့်ကြည့်ဖို့ မမေ့ကြနဲ့ ဦးနော်။

crd : celefamily