အက်စတာဒေါ့သ်ချင်းဆုန်ကို ဝန်းရံလိုက်တဲ့ ဒါရိုက်တာကိုပေါက်

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်တစ်ဦးအနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ ရုပ်ရှင်တွေကို ကိုယ်တိုင်ရိုက်ကူးပုံဖော်နေတဲ့ ဒါရိုက်တာ တစ်ဦးအဖြစ်ရပ်တည်နေတဲ့ ကိုပေါက်ကတော့ Myanmar Idol Season 4 မှ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ချင်တိုင်းရင်သူလေး အက်စတာဒေါ့သ်ချင်းဆုန်ကို “ကျုပ် က သူ့ ပရိသတ် ဖြစ်တယ်” ဆိုပြီး အက်စတာရဲ့ Rock Week ဖျော်ဖြေထားတဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှ ဝန်းရံလိုက်ပါတယ်။

အက်စတာကတော့ Myanmar Idol Season (4) ပြိုင်ပွဲကြီးမှာ ပရိသတ်အကြားမှာ နိုင်ငံကျော်အဆိုတော် ဆုန်သင်းပါရ် လိုလင်းလက်လာမည့် ကြယ်ပွင့်လေးလို့ ချီးမွမ်းခြင်းခံနေရသူလည်းဖြစ်ပါတယ်။သူကတော့ ပြိုင်ပွဲကြီးစတင်ကတည်းပရိသတ်တွေသာမက နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ အဆိုတော်ယုန်လေးနဲ့ တေးရေး၊တေးဆို ညီမင်းခိုင်တို့ရဲ့ အားပေးထောက်ခံချီးကျူးမှုကို ရရှိထားပါသေးတယ်။သူ့ရဲ့ ထူးခြားတဲ့ အဆိုစွမ်းရည်နဲ့ အမှားအယွင်း၊လိုအပ်ချက်မရှိအောင်သီဆိုတတ်မှုကြောင့် Winner ဖြစ်ကိုဖြစ်ရမယ်လို့ အခိုင်အမာ ထင်ကြေးပေးခြင်းခံနေရတဲ့ ပြိုင်ပွဲဝင်တစ်ဦးလည်းဖြစ်ပါတယ်။

နိုင်ငံကျော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဒါရိုက်တာကိုပေါက်ကတော့ Myanmar Idol Season 4 ရဲ့ ပရိသတ်အများဆုံးနဲ့ အပတ်တိုင်းလိုလို Voting အများဆုံးရရှိနေတဲ့ အက်စတာဒေါ့သ်ချင်းဆုန်ရဲ့ ပရိသတ်ပါတဲ့နော်။ ပရိသတ်ကြီးရေ အက်စတာဒေါ့သ်ချင်းဆုန်ကတော့ နိုင်ငံကျော်အနုပညာရှင်တွေရဲ့ အားပေးထောက်ခံမှုကိုပါရရှိနေတာပါနော်။

Source : Cele Gabar

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source : Cele Gabar