ေဇာ္ဂ်ီ / ယူနီကုဒ္္
Unicode ဖြင့်ဖတ်ပါ
★★★★★
သရုပ်ဆောင်နေမင်းကတော့ Myanmar Idol က ပြိုင်ပွဲဝင်တစ်ဦးကို အရမ်းတွေ သဘောကျပြီး သူ့မှာ ရှိသမျှအကုန်ပေါင်နှံရောင်းချမယ့်အပြင် ချေးငှားပြီးတော့တောင် Vote ပေးသွားမယ်လို့ ဆိုလိုက်ပါတယ်။
နေမင်းက သူ့ရဲ့ ဖေ့ဘုတ်မှာ ” ငါသည် နောက်တစ်ပတ်ကစ၍ နော်စေးစေးထူးကို ရှိသမျှအကုန်လုံး ပေါင်နှံ ရောင်းချ ချေးဌား ရှာကျန် ကာ votes ပေးတော့မည်” ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။ သူက သူတင် Vote ပေးရုံမကဘဲ သူ့ပရိသတ်တွေကိုပါ အဆိုပါ ပြိုင်ပွဲဝင်အတွက် Vote ပေး ပေးကြဖို့ ပြောဆိုလိုက်သေးတာပါ။
သရုပ်ဆောင်နေမင်း Vote ပေးမယ်ဆိုတဲ့ ပြိုင်ပွဲဝင်ကဘယ်သူလဲ စိတ်ဝင်စားနေကြပြီမလား၊ သူလေးကတော့ ပြီးခဲ့တဲ့ Rock Week မှာ Vote အနည်းဆုံးဖြစ်ပြီး ပြုတ်ခဲ့ပေမယ့် ဒိုင်တွေက ပြန် save ပေးထားကြတဲ့ ကံထူးသူ ကရင်မလေး နော်စေးစေးထူးပါပဲ။ နော်စေးစေးထူးဟာ အသံပါဝါအားကောင်းသူတစ်ဦးဖြစ်ပြီး ပါဖောမန့်စ်ပိုင်းမှာလည်း အားသာသူတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ အဆိုကောင်းကောင်း၊ ပါဖော်မန့်စ်ကောင်းကောင်း ပရိသတ်ပေးတဲ့ Voting ရလဒ်ကသာ အဓိကဖြစ်တာမို့ သူမက တစ်ခြားသော ပြိုင်ပွဲဝင်တွေကို မယှဉ်နိုင်ဖြစ်ခဲ့ရတာပါ။
အခုတော့ သူမအတွက် Vote ပေးမယ့် Fan စစ်စစ်ကြီးပေါ်လာပါပြီနော်၊ ကဲဒါဆိုရင် နောက်အပတ် ကျောင်းသီချင်းပြိုင်ပွဲမှာ နော်စေးစေးထူးတစ်ယောက် သရုပ်ဆောင်နေမင်းပေးတဲ့ vote တွေနဲ့တကယ်ပဲ ပြိုင်ပွဲနောက်တဆင့် တက်ခွင့်ရမလားဆိုတာ စောင့်ကြည့်ရအောင်ပါနော်။
Credit- We Love Cele
Zawgyi ျဖင့္ဖတ္ပါ
★★★★★
သ႐ုပ္ေဆာင္ေနမင္းကေတာ့ Myanmar Idol က ၿပိဳင္ပြဲဝင္တစ္ဦးကို အရမ္းေတြ သေဘာက်ၿပီး သူ႔မွာ ရွိသမွ်အကုန္ေပါင္ႏွံေရာင္းခ်မယ့္အျပင္ ေခ်းငွားၿပီးေတာ့ေတာင္ Vote ေပးသြားမယ္လို႔ ဆိုလိုက္ပါတယ္။
ေနမင္းက သူ႔ရဲ႕ ေဖ့ဘုတ္မွာ ” ငါသည္ ေနာက္တစ္ပတ္ကစ၍ ေနာ္ေစးေစးထူးကို ရွိသမွ်အကုန္လုံး ေပါင္ႏွံ ေရာင္းခ် ေခ်းဌား ရွာက်န္ ကာ votes ေပးေတာ့မည္” ဆိုၿပီး ေရးသားထားတာ ေတြ႕ရပါတယ္။ သူက သူတင္ Vote ေပး႐ုံမကဘဲ သူ႔ပရိသတ္ေတြကိုပါ အဆိုပါ ၿပိဳင္ပြဲဝင္အတြက္ Vote ေပး ေပးၾကဖို႔ ေျပာဆိုလိုက္ေသးတာပါ။
သ႐ုပ္ေဆာင္ေနမင္း Vote ေပးမယ္ဆိုတဲ့ ၿပိဳင္ပြဲဝင္ကဘယ္သူလဲ စိတ္ဝင္စားေနၾကၿပီမလား၊ သူေလးကေတာ့ ၿပီးခဲ့တဲ့ Rock Week မွာ Vote အနည္းဆုံးျဖစ္ၿပီး ျပဳတ္ခဲ့ေပမယ့္ ဒိုင္ေတြက ျပန္ save ေပးထားၾကတဲ့ ကံထူးသူ ကရင္မေလး ေနာ္ေစးေစးထူးပါပဲ။ ေနာ္ေစးေစးထူးဟာ အသံပါဝါအားေကာင္းသူတစ္ဦးျဖစ္ၿပီး ပါေဖာမန္႔စ္ပိုင္းမွာလည္း အားသာသူတစ္ဦးျဖစ္ပါတယ္။ ဒါေပမယ့္ ဘယ္လိုပဲ အဆိုေကာင္းေကာင္း၊ ပါေဖာ္မန္႔စ္ေကာင္းေကာင္း ပရိသတ္ေပးတဲ့ Voting ရလဒ္ကသာ အဓိကျဖစ္တာမို႔ သူမက တစ္ျခားေသာ ၿပိဳင္ပြဲဝင္ေတြကို မယွဥ္ႏိုင္ျဖစ္ခဲ့ရတာပါ။
အခုေတာ့ သူမအတြက္ Vote ေပးမယ့္ Fan စစ္စစ္ႀကီးေပၚလာပါၿပီေနာ္၊ ကဲဒါဆိုရင္ ေနာက္အပတ္ ေက်ာင္းသီခ်င္းၿပိဳင္ပြဲမွာ ေနာ္ေစးေစးထူးတစ္ေယာက္ သ႐ုပ္ေဆာင္ေနမင္းေပးတဲ့ vote ေတြနဲ႔တကယ္ပဲ ၿပိဳင္ပြဲေနာက္တဆင့္ တက္ခြင့္ရမလားဆိုတာ ေစာင့္ၾကည့္ရေအာင္ပါေနာ္။
Credit- We Love Cele