လူကြီးတွေတောင်ဆိုဖို့ အရမ်းခက်ခဲတဲ့သီချင်းကို ၁၆ နှစ်သမီးလေးက ဆိုနိုင်လို့ အံသြနေတဲ့ စမိုင်းလ်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင်နဲ့အဆိုတော် စမိုင်းလ်က သူတို့လိုလူကြီးတွေတောင် ဆိုဖို့ အရမ်းခက်ခဲတဲ့ သီချင်းကို အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ အေးမြဖြူလေးက သီဆိုပြသွားနိုင်လို့ အံ့သြတကြီး ချီးကျူးလိုက်ပါတယ်။

စမိုင်းလ်သာမကပဲ တစ်ခြားသောအနုပညာရှင်တွေ အဆိုတော်တွေ တော်တော်များများကလည်း အေးမြဖြူလေးရဲ့ သီဆိုမှုကို ဝိုင်းဝန်းချီးကျူးနေကြတာတွေ့ရပါတယ်။မနေ့က Myanmar Idol season 4 ရဲ့ တက္ကသိုလ်သီချင်းများ ယှဉ်ပြိုင်မှုအစီအစဉ်မှာ အေးမြဖြူက တစ်ချိန်က အဆိုတော်ချိုပြုံးသီဆိုထားတဲ့ တက္ကသိုလ်ကျောင်းက ငွေလမင်း ဆိုတဲ့ မြန်မာသံ သီချင်းကို ဌာန်ကရိုဏ်းကျကျ အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုပြသွားခဲ့တာပါ။

အေးမြဖြူဟာ လက်ရှိမှာ Fan အင်အားတောင့်တဲ့ Myanmar Idol ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီး Winner ဖြစ်မယ်ရယ်လို့လည်း အားလုံးက မှတ်ချက်ပြုထားကြသူလေးပါ။ သူလေးက အသက် ၁၆ နှစ်ပြည့်ထားပြီး လက်ရှိ Myanmar Idol season 4 ပြိုင်ပွဲဝင်တွေအားလုံးထဲမှာ အသက်အငယ်ဆုံးလည်း ဖြစ်ပါတယ်။

Myanmar Idol season 4 ရဲ့ တက္ကသိုလ်သီချင်းများအတွက် Voting result ကို ဒီနေ့ညမှာ သိရတော့မှာဖြစ်ပြီး ပြိုင်ပွဲဝင် ၁၀ ဦးကျန်ရှိတဲ့အထဲက ၂ ဦးကတော့ နှုတ်ဆက်ထွက်ခွာရတော့မှာပဲ ဖြစ်ပါတယ်။ပရိသတ်တွေကတော့ ပြိုင်ပွဲဝင်တွေအနက်က အေးမြဖြူ၊ အက်စတာဒေါ့ချင်းဆုန်၊ ဘင်ဂျမင်ဆုမ်း၊ တန်ခွန်ကျော်၊ စောခရစ်မူးလာ တို့ကို အားပေးမှုပိုများနေတာကိုလည်း တွေ့ရပါတယ်။

ကဲ ဒီနေ့ညမှာ ဘယ်သူတွေက အိမ်ပြန်ပြီး ဘယ်သူတွေက saved ဖြစ်မလဲ အသံအရမ်းကောင်းတယ်လို့ ချီးကျူးခံနေရတဲ့ အေးမြဖြူလေးကရော winner ဖြစ်လာနိုင်မလား စိတ်ဝင်စားစရာပါပဲနော်။

Credit- We Love Cele

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သ႐ုပ္ေဆာင္နဲ႔အဆိုေတာ္ စမိုင္းလ္က သူတို႔လိုလူႀကီးေတြေတာင္ ဆိုဖို႔ အရမ္းခက္ခဲတဲ့ သီခ်င္းကို အသက္ ၁၆ ႏွစ္ပဲ ရွိေသးတဲ့ ေအးျမျဖဴေလးက သီဆိုျပသြားႏိုင္လို႔ အံ့ၾသတႀကီး ခ်ီးက်ဴးလိုက္ပါတယ္။

စမိုင္းလ္သာမကပဲ တစ္ျခားေသာအႏုပညာရွင္ေတြ အဆိုေတာ္ေတြ ေတာ္ေတာ္မ်ားမ်ားကလည္း ေအးျမျဖဴေလးရဲ႕ သီဆိုမႈကို ဝိုင္းဝန္းခ်ီးက်ဴးေနၾကတာေတြ႕ရပါတယ္။မေန႔က Myanmar Idol season 4 ရဲ႕ တကၠသိုလ္သီခ်င္းမ်ား ယွဥ္ၿပိဳင္မႈအစီအစဥ္မွာ ေအးျမျဖဴက တစ္ခ်ိန္က အဆိုေတာ္ခ်ိဳၿပဳံးသီဆိုထားတဲ့ တကၠသိုလ္ေက်ာင္းက ေငြလမင္း ဆိုတဲ့ ျမန္မာသံ သီခ်င္းကို ဌာန္က႐ိုဏ္းက်က် အသံပါဝါအားေကာင္းေကာင္းနဲ႔ သီဆိုျပသြားခဲ့တာပါ။

ေအးျမျဖဴဟာ လက္ရွိမွာ Fan အင္အားေတာင့္တဲ့ Myanmar Idol ၿပိဳင္ပြဲဝင္တစ္ဦးျဖစ္ၿပီး Winner ျဖစ္မယ္ရယ္လို႔လည္း အားလုံးက မွတ္ခ်က္ျပဳထားၾကသူေလးပါ။ သူေလးက အသက္ ၁၆ ႏွစ္ျပည့္ထားၿပီး လက္ရွိ Myanmar Idol season 4 ၿပိဳင္ပြဲဝင္ေတြအားလုံးထဲမွာ အသက္အငယ္ဆုံးလည္း ျဖစ္ပါတယ္။

Myanmar Idol season 4 ရဲ႕ တကၠသိုလ္သီခ်င္းမ်ားအတြက္ Voting result ကို ဒီေန႔ညမွာ သိရေတာ့မွာျဖစ္ၿပီး ၿပိဳင္ပြဲဝင္ ၁၀ ဦးက်န္ရွိတဲ့အထဲက ၂ ဦးကေတာ့ ႏႈတ္ဆက္ထြက္ခြာရေတာ့မွာပဲ ျဖစ္ပါတယ္။ပရိသတ္ေတြကေတာ့ ၿပိဳင္ပြဲဝင္ေတြအနက္က ေအးျမျဖဴ၊ အက္စတာေဒါ့ခ်င္းဆုန္၊ ဘင္ဂ်မင္ဆုမ္း၊ တန္ခြန္ေက်ာ္၊ ေစာခရစ္မူးလာ တို႔ကို အားေပးမႈပိုမ်ားေနတာကိုလည္း ေတြ႕ရပါတယ္။

ကဲ ဒီေန႔ညမွာ ဘယ္သူေတြက အိမ္ျပန္ၿပီး ဘယ္သူေတြက saved ျဖစ္မလဲ အသံအရမ္းေကာင္းတယ္လို႔ ခ်ီးက်ဴးခံေနရတဲ့ ေအးျမျဖဴေလးကေရာ winner ျဖစ္လာႏိုင္မလား စိတ္ဝင္စားစရာပါပဲေနာ္။

Credit- We Love Cele