ငယ်စဉ်ကတည်းက ကွဲကွာနေတဲ့ ဖခင်ဖြစ်သူနဲ့ပြန်လည်တွေ့ဆုံခဲ့တဲ့ မြန်မာအိုင်ဒေါက ထက်အဉ္ဇလီ
ဇော်ဂျီ / ယူနီကုဒ်
Unicode ဖြင့်ဖတ်ပါ
★★★★★
မြန်မာအိုင်ဒေါမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ထက်အဉ္ဇလီဟာ မြန်မာအိုင်ဒေါ Season 4 ရဲ့ Top Finalist (၁၁) ယောက်မှာ ပါဝင်ခဲ့တဲ့ အမျိုးသမီး အဆိုရှင် တစ်ဦးဖြစ်ပါတယ်။သူမဟာ ငယ်စဉ်က ဖခင်ဖြစ်သူ နဲ့ကွဲကွာခဲ့ရပြီး ပြီးခဲ့တဲ့ အပါတ်က Rock Week မှာ ဖခင်ဖြစ်သူနဲ့ ပြန်လည်ဆုံတွေ့လိုနေပြီး ဖခင်ဖြစ်သူထံမှ အဆက်အသွယ် ရဖို့မျှော်လင့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီတစ်ပါတ်မှာတော့ ထက်အဉ္ဇလီဟာ သူမရဲ့ဖခင်ဖြစ်သူနဲ့ပြန်လည်တွေ့ရှိခဲ့ပြီး သူမအနေနဲ့ ဝမ်းသာပျော်မဆုံးဖြစ်နေပါတယ်။ထက်သတင်းကောင်းလေးပြောချင်လို့ပါရှင့် မနေ့ကပြိုင်ပွဲမှာ ထက်နဲ့လေးတန်းလောက်ထဲက ခွဲခွါခဲ့ရတဲ့ ထက်အရမ်းသတိရနေခဲ့ရတဲ့ ပါးပါး(အဖေ) နဲ့ပြန်ဆုံနိုင်ခွင့်ရခဲ့ပါပြီရှင့် ထက်ဝမ်းသာလို့မဆုံးပါဘူးရှင့် အားလုံးလည်ထပ်တူပျော်ရွှင်ကြမယ်ထင်ပါတယ်ရှင့်
ထက် မနေ့ကသီဆိုမှုမှာ ဆိုခါနီး ရင်ပြည့်ပြီးရင်ဘတ်မှာ လေခံနေတော့ ထင်သလောက်မလုပ်ပြနိုင်ခဲ့ပဲ လိုအပ်ချက်တွေရှိသွားလို့ အားမရခဲ့ပေမယ့်လည်း မူရင်းအဆိုရှင် အမ အေးချမ်းမေရဲ့ အသိမှတ်ပြုချစ်ခင်ပေးတာလေးလည်း သိခွငိ့ရတော့ အရမ်းဝမ်းသာရပါတယ်ရှင့် ထက်ကိုချစ်ခင်ကြတဲ့သူတွေရဲ့အပြုံးကိုလည်းမြင်တွေ့ခွင့်ရတော့ အကောင်းဆုံးမလုပ်နိုင်ပေမယ့်လည်း ကျေနပ်မိပါတယ် ချစ်တယ် ဝီဝီ တို့ရေ ဒီနေ့လေးက Voting အနည်းဆုံးသူ 2ဦးပြိုင်ပွဲကထွက်ခွါရမှာဖြစ်တော့ ထက်စိတ်ပူမိတာတော့အမှန်ပါ
ထက်နောက်ထက်အကောင်းဆုံးလေ့လာကြိုးစားသင်ယူပြီး ချပြခွင့်ရချင်သေးတယ် ဒီမှာရတဲ့နွေးထွေးမှုတွေနဲ့ ဆရာ ဆရာမတို့ရဲ့ ပညာတွေသင်ယူရင်း အားလုံးချစ်ခင်ရတဲ့ Idolကောင်းတစ်ယောက်အဖြစ် ပြိုင်ပွဲမှာ ဆက်ရှိချင်နေသေးတာကြောင့် ထက်ကိုချစ်ခင်ပြီးသားသူတွေရော စောင့်ကြည့်ဆဲသူတွေရော ထက်ကိုနောက်တစ်ဆင့်ကိုခေါ်ဆောင်ပေးပါလို့ ထက်တောင်းဆိုပါတယ်ရှင့်ထက်အကောင်းဆုံးကြိုးစားသွားပါ့မယ်ရှင့်တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုချစ်ခင်လေးစားလျှက်ထက်ဆိုပြီး ရေးသားခဲ့ဖော်ပြခဲ့ပါတယ်။။
Source-Htet Inzali
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Source-Htet Inzali