နာမည်ကြီးနေတဲ့ MTV ကို ရွံတယ်လို့ ပြတ်ပြတ်သားသား ဝေဖန်လိုက်တဲ့ အကယ်ဒမီ ခင်စိုးပိုင်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာ့ရုပ်ရှင်လောကမှာ နာမည်ကြီးအောင်မြင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခင်စိုးပိုင် ကိုတော့ အသက်အရွယ် လူလတ်ပိုင်းတွေကောင်းစွာ သိကြမှာပါ။ ဗီလိန်ခန်းမှာလည်း ပိုင်နိုင်သလို ၊ ဒရမ်မာခင်းပြီဆိုရင်လည်း မျက်ရည်ကျရတဲ့အထိ သရုပ်ဆောင် ပိုင်နိုင်တဲ့ နေရာမှာ နာမည်ကြီးလှတဲ့ ဝါရင့်သရုပ်ဆောင် တစ်ဦးလည်းဖြစ်ပါတယ်။

သူတို့ခေတ်အခါက ဇာတ်ပို့ဗီလိန်နေရာမှာ အောင်မြင်လှသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခုတလော အင်တာနက် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ပြီး ဝေဖန်မှုတွေ များစွာရှိနေတဲ့ ရှုမငြီးရဲ့ MTV ကိုကြည့်ပြီးတော့ ရွံမိတယ်လို့ သူက ဆိုပါတယ်။ ပြီးတော့ ကိုယ်အဆက်ပြတ်တဲ့ ကာလ ငယ်လေးမှာ အခုလိုအထိတွေတောင် အနုပညာလောကမှာ ဖြစ်ပျက်နေတာလားဆိုပြီးတော့လည်း အံ့သြမိတယ်လို့ ဆိုပါတယ်။ ပိုပြီး အံ့သြမိတာက ဒီလိုမျိုးကို ဆင်ဆာလွတ်တာ တော်တော်လေး အံ့သြမိတယ်လို့ ဆိုပါတယ်။သူတို့တုန်းကဆိုရင် ဒူးပေါ် ပေါင်ပေါ်တာတောင် ဆင်ဆာမလွတ်ခဲ့ဘူးလို့လည်း သူမ ကပြောပြပါတယ်။

အထူးသဖြင့် အခုလို နည်းပညာခေတ်မှာ လူငယ်လေးတွေ ၁၂-၁၃ အရွယ် လက်ထဲမှာဖုန်းတွေ ရှိနေပြီးတော့ အဲ့ဒီကနေ အတုမြင်အတတ်သင်တွေ ဖြစ်သွားမှာ စိုးရိမ်စရာ ကောင်းတယ်လို့ သူမက ပြောဆိုပါတယ်။ အခုဆိုရင်လည်း ငယ်ငယ်ကမကြားဖူးတဲ့သက်ငယ်မုဒိန်းမှု ဆိုတာတွေဟာ အခုလို မျိုး လိင်အသားပေးအနုပညာအယောင်ဆောင်တွေကြောင့် ဖြစ်တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အခုလိုမျိုး အနုပညာကို ခုတုံးလုပ်ပြီးတော့ အသုံးချနေသူတွေကိုလည်း သူမအနေနဲ့ ရွံရှာ မိတယ်လို့ ဆိုပါတယ်။ ဒီ MTV နဲ့ ပတ်သတ်ပြီးတော့ ရုပ်ရှင်အစည်းအရုံး နဲ့ ဆင်ဆာ အဖွဲ့ကလည်း တစ်စုံတစ်ရာ ဖြေရှင်းတာမျိုး ၊ ခေါ်ယူ သတိပေး ဆုံးမတာမျိုး မရှိသေးပါဘူး။

ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

Credit-SYL

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ျမန္မာ့႐ုပ္ရွင္ေလာကမွာ နာမည္ႀကီးေအာင္ျမင္ခဲ့တဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီ ခင္စိုးပိုင္ ကိုေတာ့ အသက္အ႐ြယ္ လူလတ္ပိုင္းေတြေကာင္းစြာ သိၾကမွာပါ။ ဗီလိန္ခန္းမွာလည္း ပိုင္ႏိုင္သလို ၊ ဒရမ္မာခင္းၿပီဆိုရင္လည္း မ်က္ရည္က်ရတဲ့အထိ သ႐ုပ္ေဆာင္ ပိုင္ႏိုင္တဲ့ ေနရာမွာ နာမည္ႀကီးလွတဲ့ ဝါရင့္သ႐ုပ္ေဆာင္ တစ္ဦးလည္းျဖစ္ပါတယ္။

သူတို႔ေခတ္အခါက ဇာတ္ပို႔ဗီလိန္ေနရာမွာ ေအာင္ျမင္လွသူတစ္ဦးလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ အခုတေလာ အင္တာနက္ လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔ၿပီး ေဝဖန္မႈေတြ မ်ားစြာရွိေနတဲ့ ရႈမၿငီးရဲ႕ MTV ကိုၾကည့္ၿပီးေတာ့ ႐ြံမိတယ္လို႔ သူက ဆိုပါတယ္။ ၿပီးေတာ့ ကိုယ္အဆက္ျပတ္တဲ့ ကာလ ငယ္ေလးမွာ အခုလိုအထိေတြေတာင္ အႏုပညာေလာကမွာ ျဖစ္ပ်က္ေနတာလားဆိုၿပီးေတာ့လည္း အံ့ၾသမိတယ္လို႔ ဆိုပါတယ္။ ပိုၿပီး အံ့ၾသမိတာက ဒီလိုမ်ိဳးကို ဆင္ဆာလြတ္တာ ေတာ္ေတာ္ေလး အံ့ၾသမိတယ္လို႔ ဆိုပါတယ္။သူတို႔တုန္းကဆိုရင္ ဒူးေပၚ ေပါင္ေပၚတာေတာင္ ဆင္ဆာမလြတ္ခဲ့ဘူးလို႔လည္း သူမ ကေျပာျပပါတယ္။

အထူးသျဖင့္ အခုလို နည္းပညာေခတ္မွာ လူငယ္ေလးေတြ ၁၂-၁၃ အ႐ြယ္ လက္ထဲမွာဖုန္းေတြ ရွိေနၿပီးေတာ့ အဲ့ဒီကေန အတုျမင္အတတ္သင္ေတြ ျဖစ္သြားမွာ စိုးရိမ္စရာ ေကာင္းတယ္လို႔ သူမက ေျပာဆိုပါတယ္။ အခုဆိုရင္လည္း ငယ္ငယ္ကမၾကားဖူးတဲ့သက္ငယ္မုဒိန္းမႈ ဆိုတာေတြဟာ အခုလို မ်ိဳး လိင္အသားေပးအႏုပညာအေယာင္ေဆာင္ေတြေၾကာင့္ ျဖစ္တာလည္း ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။

အခုလိုမ်ိဳး အႏုပညာကို ခုတုံးလုပ္ၿပီးေတာ့ အသုံးခ်ေနသူေတြကိုလည္း သူမအေနနဲ႔ ႐ြံရွာ မိတယ္လို႔ ဆိုပါတယ္။ ဒီ MTV နဲ႔ ပတ္သတ္ၿပီးေတာ့ ႐ုပ္ရွင္အစည္းအ႐ုံး နဲ႔ ဆင္ဆာ အဖြဲ႕ကလည္း တစ္စုံတစ္ရာ ေျဖရွင္းတာမ်ိဳး ၊ ေခၚယူ သတိေပး ဆုံးမတာမ်ိဳး မရွိေသးပါဘူး။

႐ုပ္သံဖိုင္အားၾကည့္ရန္ ႏွိပ္ပါ

Credit-SYL