မွေးနေ့မှာပရိသတ်တွေဆီကနေ နောက်ဆုံးပေါ် IPh တစ်လုံးလက်ဆောင်ရလိုက်တဲ့ ကိုကိုဦးရဲ့သားလေးသီဟအောင်

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

ဇာတ်ပို့သရုပ်ဆောင် ကိုကိုဦးကတော့ သားလေးဖြစ်တဲ့ သီဟအောင်ကို အနုပညာအမွေတွေ လက်ဆင့်ကမ်းပေးထားတာပဲ ဖြစ်ပါတယ်။ အရပ်ရှည်ရှည်နဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်လေးကို ပိုင်ဆိုင်ထားတဲ့ သီဟအောင်ကတော့ အခုဆိုရင် မိန်းကလေးပရိသတ်တွေကြားမှာ သည်းသည်းလှုပ်ရေပန်းစားကာ အောင်မြင်နေတာပဲ ဖြစ်ပါတယ်။ သီဟအောင်က ရွှေကြိုမောင်လေးအဖြစ် အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သီဟအောင်က ကျောင်းဆက်တက်ရင်း အနုပညာအလုပ်တွေကိုလည်း တစ်ဖက်တစ်လမ်းကနေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သီချင်းဗီဒီယိုလေးတွေနဲ့ ကြော်ငြာတွေ လက်ခံရိုက်ကူးနေရတဲ့ သီဟအောင်ကတော့ အဖေ့ခြေရာနင်းမယ့် သားလေးပဲဖြစ်ပါတယ်။ ချစ်ခင်အားပေးသူ ပရိသတ်တွေအများအပြားပိုင်ဆိုင်ထားတဲ့ သီဟအောင်က အခုလည်း မွေးနေ့မှာပရိသတ်တွေဆီက တန်ဖိုးကြီးလက်ဆောင်တစ်ခု ရရှိလိုက်ပါတယ်။

သီဟအောင်ကိုအမာခံအားပေးကြတဲ့ ပရိသတ်တွေက မြန်မာငွေ (၁၅)သိန်းကျော်တန်တဲ့ နောက်ဆုံးပေါ် IPh 11 တစ်လုံးကို မွေးနေ့လက်ဆောင်အဖြစ် Suprise လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သီဟအောင်က ” we we တွေကမထင်မှတ်ဘဲ surprise လုပ်သွားတဲ့လက်ဆောင်လေး အားလုံးကိုချစ်တယ်ဗျာ ” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း မွေးနေ့ရှင်လေး သီဟအောင်အတွက် ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြဦးနော်။

Photo Credit- Thiha Aung’s FB

Zawgyi ဖြင့်ဖတ်ပါ
★★★★★



