“ချစ်ရတဲ့ ပရိသတ်တွေရဲ့ အလိုကိုလိုက်ခဲ့တဲ့ ရွှေကစ်လေး”

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

ရွှေကစ်လေးလို့ချစ်စနိုးနဲ့ ပရိသတ်တွေက ခေါ်ဆိုကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ချစ် ပရိသတ်တွေရဲ့ တောင်းဆိုမှုတစ်ခုဖြစ်တဲ့ ပရိသတ် တွေဆုံပွဲလေးပြုလုပ်ပေးဖို့ကို စီစဉ်လိုက်ပြီပဲဖြစ်ပါတယ်။ရွှေကစ်လေးကအခုလိုပွဲလေးပြုလုပ်ပေးမယ့်အကြောင်းကိုတော့ ဝတ်မှုန်ရွှေရည်က “ကဲ fan meet fan meet ဆိုသူများ အတွက် Kit ရဲ့ fan meeting လေးလာပါပြီ”လို့ဖော်ပြထားတာပဲဖြစ်ပါတယ်။

ဝတ်မှုန်ရွှေရည်ကတော့ ဒီပွဲလေးမှာ ပရိသတ်တွေကို သေချာအချိန်ပေးကာ ရင်းရင်းနှီးနှီးနဲ့ စကားတွေပြော၊မုန့်တွေစား၊ဓာတ်ပုံတွေရိုက်ဖို့ စီစဉ်ထားပြီးပရိသတ်အားလုံးကို တစုတစည်းထဲ တွေ့ချင်တာကြောင့် ရည်ရွယ်ကျင်းပခဲ့တာလို့လည်း ပြောထားပါသေးတယ်။ရွှေကစ်လေးရဲ့ ပရိသတ်တွေ့ဆုံပွဲကြီးကိုတော့ လာမယ့် နိုဝင်ဘာလ (၂၁)ရက်နေ့(အမျိုးသားနေ့) Junction Square Outdoor Area မှာ ညနေ(၄)နာရီကနေ (၈)နာရီအထိ ကျင်းပပြုလုပ်မှာပါ။

ဝတ်မှုန်ရွှေရည်ကတော့ သူကိုယ်တိုင်ဦးဆောင်ပြီး သူ့ရဲ့ပရိသတ်တွေနဲ့ အလှူလေးတွေပြုလုပ်ချင်တဲ့အကြောင်းနဲ့ ပရိသတ်တွေ့ဆုံပွဲလေးကို ပျော်ပျော်ပါးပါးနဲ့ အမှတ်တရလေးတွေဖန်တီးချင်တာကြောင့် အချိန်ပေးပြီးလာရောက်စေချင်တယ်လို့လည်း ဆိုထားပါသေးတယ်။ကဲ CeleGabarပရိသတ်တွေထဲက ကစ်ရဲ့ဖန်တွေ အတွက် မဟာအခွင့်အရေးကြီးကို လက်မလွတ်ရလေအောင် ဒီသတင်းကောင်းလေးကို မျှဝေပေးလိုက်ပါတယ်။

Source – Wutt Hmone Shwe Yi
CleoPaTra – CeleGabar

Zawgyi ဖြင့်ဖတ်ပါ
★★★★★





CleoPaTra – CeleGabar