တက္ကသိုလ်ဆရာမလုပ်ခဲ့တဲ့ မိခင်ဖြစ်သူနဲ့ ရုပ်ရှင်မင်းသမီး ဝင်းမင်းသန်းကို အတုယူခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ ဖက်ရှင်
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
တက္ကသိုလ်ဆရာမလုပ်ခဲ့တဲ့ မိခင်ဖြစ်သူနဲ့ ရုပ်ရှင်မင်းသမီး ဝင်းမင်းသန်းကို အတုယူခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ ဖက်ရှင်
အသံပါဝါအားကောင်းကောင်းနဲ့ တေးသီချင်းတွေကို သီဆိုလေ့ရှိတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းက ဂီတလောကရဲ့ ဘုရင်မတစ်ဦးလို့တောင် ဆိုထိုက်ပါတယ်။ ဖြူဖြူကျော်သိန်းက ဆရာဝန်မလေးတစ်ယောက် ဖြစ်ပေမယ့် သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကိုသာ ဦးစားပေးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဖြူဖြူကျော်သိန်းရဲ့ အနုပညာလုပ်ငန်းတွေကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာကို တွေ့ရပါတယ်။
Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးရဲ့ ဒိုင်တစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ ဖြူဖြူကျော်သိန်းရဲ့ အလန်းစားဖက်ရှင်တွေက လတ်တလောမှာ ပရိသတ်တွေစိတ်ဝင်အစားဆုံး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ မနေ့က နိုဝင်ဘာလ (၁၄) ရက် Myanmar Idol Season (4) ရဲ့ Week 3 မှာတော့ ဖြူဖြူကျော်သိန်းက အရင်ပုံစံတွေနဲ့မတူတဲ့ ဖက်ရှင်လေးနဲ့ တက်ရောက်ခဲ့ပါတယ်။
သူမရဲ့ ဝတ်စုံလေးနဲ့ ပက်သတ်ပြီး ဖြူဖြူကျော်သိန်းက “အမှတ်တရ တက္ကသိုလ်ည မှာတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ အနှစ်(၃၀)ကျော် ဆရာမလုပ်ခဲ့တဲ့ ဖြူဖြူ့မေမေရဲ့ mood ကို inspire ယူခဲ့ပါတယ်။ ”
“ဖက်ရှင်ကိုတော့ မြန်မာ့ရုပ်ရှင်လောကထဲကနေ Hollywood ကိုပထမဆုံးခြေဆန့်နိုင်ခဲ့တဲ့ မင်းသမီးကြီး ဝင်းမင်းသန်းဆီကနေ inspire ယူခဲ့ပါတယ်။” ဆိုပြီး ပြောထားပါတယ်။
ဖြူဖြူကျော်သိန်းက “တက္ကသိုလ်ကျောင်းသူကြီးကိုချစ်ခဲ့မိလို့မောင့်ရဲ့အသည်းတွေကွဲကြေခဲ့ရပြီဆိုတဲ့သူတွေဘယ်နှယောက်များရှိလဲ?” တဲ့
အမြဲတန်း လန်းနေတဲ့ ဖြူဖြူကျော်သိန်းကို အခုလို မြန်မာဆန်ဆန်လေးနဲ့တွေ့မြင်ရတာ တမျိုးလေး လှနေပြန်တာပဲနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ဖြူဖြူကျော်သိန်းရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။