ဇနီးဖြစ်သူ ဇုံဇုံနဲ့ တရားဝင်ကွာရှင်းပြီးပြီလို့ ထုတ်ပြောလာတဲ့ ဟန်ထူးလွင် (ကျားပေါက်)

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Unicode ဖြင့်ဖတ်ပါ
★★★★★

ဇနီးဖြစ်သူ ဇုံဇုံနဲ့ တရားဝင်ကွာရှင်းပြီးပြီလို့ ထုတ်ပြောလာတဲ့ ဟန်ထူးလွင် (ကျားပေါက်)

လူငယ်ကြိုက် တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Big Bag အဖွဲ့က ပရိသတ်တွေရဲ့ အားပေးမှုကို ဆယ်စုနှစ်တစ်ခုကျော်စာ အောင်မြင်မှု ရရှိခဲ့တာ ဖြစ်ပါတယ်။ Big Bag အဖွဲ့ရဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ ဟန်ထူးလွင် (ကျားပေါက်) က Big Bag အဖွဲ့ရဲ့ အထင်ရှားဆုံး အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ပရိသတ်တွေက ဟန်ထူးလွင်ရဲ့ တေးသီချင်းတွေကိုသာမက သူ့ရဲ့ အပြင်က နေထိုင်မှုဘဝပုံစံတွေကိုလည်း စိတ်ဝင်စားကြတာပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဟန်ထူးလွင်က ပရိသတ်တွေ လုံးဝ ထင်မထားခဲ့တဲ့ သတင်းစကားတစ်ခုကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေနဆင့် ထုတ်ပြောလာတာကို တွေ့ရပါတယ်။

ဟန်ထူးလွင်က သူ့ရဲ့ ဇနီး မဇုံဇုံနဲ့ ကွာရှင်းလိုက်ပြီဖြစ်ကြောင်း “ကျနော်နဲ့ စုလဲ့ဝင်း (ဇုံဇုံ) နဲ့ဘာမှမသက်ဆိုင်တော့ပါ။ တရားဝင်လည်းကွာရှင်းပြီးပါပြီ။ ဘာမှမမေးခြင်းဖြင့် ကူညီနိုင်ကြမယ်ထင်ပါတယ်။ Thanks.” ဆိုပြီး ပြောလာပါတယ်။

ဟန်ထူးလွင်နဲ့ မစုလဲ့ဝင်း (ဇုံဇုံ) တို့ဟာ (၁၃) နှစ်တာ ပေါင်းသင်းခဲ့ကြပြီး ချစ်စရာကောင်းတဲ့ အိနဲ့ ဆွိဆိုတဲ့ သမီးလေးနှစ်ယောက်ကို မွေးဖွားထားတာပဲ ဖြစ်ပါတယ်။

ဟန်ထူးလွင်ကတော့ သူ့ရဲ့ အိမ်ထောင်ရေးကိစ္စနဲ့ ပက်သတ်ပြီး ဘာမှ မမေးခြင်းဖြင့် ကူညီပါလို့ ဆိုထားပါတယ်။