သူမတို့အိမ်ထောင်ရေးမှာအဆင်မပြေဖြစ်နေရတဲ့ အဓိကအကြောင်းရင်းတွေကို ထုတ်ဖော်ပြောလိုက်တဲ့ ဟန်ထူးလွင်ဇနီး ဇုံဇုံ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

အဆိုတော် ဟန်ထူးလွင်နဲ့ဇနီးဖြစ်သူဇုံဇုံတို့ကတော့ တရားဝင်ကွာရှင်းလိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့မှာတရားဝင်ထုတ်ဖော်ပြောကြားလာတာဖြစ်ပါတယ်။

ဟန်ထူးလွင်နဲ့ဇုံဇုံတို့ဟာ လက်ရှိမှာ သမီးလေး (၂) ယောက်ကိုပိုင်ဆိုင်ထားရှိပြီးဖြစ်ပါတယ်။ ဇနီးမောင်နှံ (၂) ဦးလုံးဟာ တိရိစ္ဆာန်လေးတွေကိုလည်း ချစ်ကြင်နာတတ်တာကိုတွေ့ရပြီး ပျော်ရွှင်ဖို့ကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားရှိပေမယ့် တရားဝင်ကွာရှင်းလိုက်ပြီဖြစ်ကြောင်း ကြေငြာလိုက်တဲ့ သတင်းဟာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

ဟန်ထူးလွင်က ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းစုံစမ်းဖို့ သည်းခံကြရန် မေတ္တာရပ်ခံထားပေမယ့် ဇနီးဖြစ်သူ ဇုံဇုံက သူမတို့အိမ်ထောင်ရေးမှာ အဆင်မပြေဖြစ်နေရတဲ့အဓိကအကြောင်းအရင်းတွေကို ပြောပြလာပါတယ်။

“ဇုံဟာ အိမ်ထောင်ရှင်မှမပီသဘူး လင်ယောကျာ်းဝတ္တရားလဲမကျေပွန်ဘူး ကလေးတွေအပေါ်လဲ မိခင်တာဝန်မကျေပွန်ဘူး အဆိုးဆုံးက ကိုယ့်ယောကျာ်းအပေါ်နားလည်ကူညီပံ့ပိုးမှုမရှိဘူး အရက်ဝိုင်သောက်တယ် သူသီးမခံနုင်လောက်တဲ့အထိဖြစ်သွားတာယ်။ ဒီအတွက် စိတ်ကျန်းမာရေးဆရာကြီးတွေနဲ့ ပြသနေရတုန်းအချိန်ပါ ငါ သူနဲ့တန်းတူလိုက်တူညီမျှတဲ့အရည်အချင်းလဲမရှိဘူး နင့်ကိုချစ်တာတစ်ခုပဲသိခဲ့တယ် အဲဒါ အလွဲကြီးတဲ့ ၁၅နှစ် ဟန်ဆောင်ခဲ့တယ်ပြောဆိုပေမဲ့ ငါတကယ်ချစ်ခဲ့ပါတယ်။ နောက်လူနဲ့ နင်စိတ်ချမ်းသာပါစေ ငါ့သမီးတွေနဲ့ငါရအောင်နေနိုင်ပါတယ် ပျော်ချင်ရာတွေလုပ်ပါ စိတ်ချမ်းသာသလိုနေပါ ငါ့ကို နင်ရော နင်နဲ့ပတ်သက်သူရော ထပ်မနှိပ်စက်ပါနဲ့” လို့ သူမသုံးစွဲနေတဲ့ ဖေ့ဘုတ်အကောင့်ကနေ ရေးသားလာခဲ့တာဖြစ်ပါတယ်။

ဟန်ထူးလွင်ဇနီးဖြစ်သူ ဇုံဇုံဟာ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ မိသားစုလိုက်ခရီးသွားချင်တဲ့အကြောင်း သူမအကောင့်ကနေ ရေးသားထားတာကိုတွေ့ရှိခဲ့ရပါသေးတယ်။

Credit- We Love Cele

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အဆိုေတာ္ ဟန္ထူးလြင္နဲ႔ဇနီးျဖစ္သူဇုံဇုံတို႔ကေတာ့ တရားဝင္ကြာရွင္းလိုက္ၿပီျဖစ္ေၾကာင္း ႏိုဝင္ဘာလ ၁၅ ရက္ေန႔မွာတရားဝင္ထုတ္ေဖာ္ေျပာၾကားလာတာျဖစ္ပါတယ္။

ဟန္ထူးလြင္နဲ႔ဇုံဇုံတို႔ဟာ လက္ရွိမွာ သမီးေလး (၂) ေယာက္ကိုပိုင္ဆိုင္ထားရွိၿပီးျဖစ္ပါတယ္။ ဇနီးေမာင္ႏွံ (၂) ဦးလုံးဟာ တိရိစာၦန္ေလးေတြကိုလည္း ခ်စ္ၾကင္နာတတ္တာကိုေတြ႕ရၿပီး ေပ်ာ္႐ႊင္ဖို႔ေကာင္းတဲ့မိသားစုဘဝေလးကိုပိုင္ဆိုင္ထားရွိေပမယ့္ တရားဝင္ကြာရွင္းလိုက္ၿပီျဖစ္ေၾကာင္း ေၾကျငာလိုက္တဲ့ သတင္းဟာ ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။

ဟန္ထူးလြင္က ဒီကိစၥနဲ႔ပတ္သက္ၿပီး ေမးျမန္းစုံစမ္းဖို႔ သည္းခံၾကရန္ ေမတၱာရပ္ခံထားေပမယ့္ ဇနီးျဖစ္သူ ဇုံဇုံက သူမတို႔အိမ္ေထာင္ေရးမွာ အဆင္မေျပျဖစ္ေနရတဲ့အဓိကအေၾကာင္းအရင္းေတြကို ေျပာျပလာပါတယ္။

“ဇုံဟာ အိမ္ေထာင္ရွင္မွမပီသဘူး လင္ေယာက်ာ္းဝတၱရားလဲမေက်ပြန္ဘူး ကေလးေတြအေပၚလဲ မိခင္တာဝန္မေက်ပြန္ဘူး အဆိုးဆုံးက ကိုယ့္ေယာက်ာ္းအေပၚနားလည္ကူညီပံ့ပိုးမႈမရွိဘူး အရက္ဝိုင္ေသာက္တယ္ သူသီးမခံႏုင္ေလာက္တဲ့အထိျဖစ္သြားတာယ္။ ဒီအတြက္ စိတ္က်န္းမာေရးဆရာႀကီးေတြနဲ႔ ျပသေနရတုန္းအခ်ိန္ပါ ငါ သူနဲ႔တန္းတူလိုက္တူညီမွ်တဲ့အရည္အခ်င္းလဲမရွိဘူး နင့္ကိုခ်စ္တာတစ္ခုပဲသိခဲ့တယ္ အဲဒါ အလြဲႀကီးတဲ့ ၁၅ႏွစ္ ဟန္ေဆာင္ခဲ့တယ္ေျပာဆိုေပမဲ့ ငါတကယ္ခ်စ္ခဲ့ပါတယ္။ ေနာက္လူနဲ႔ နင္စိတ္ခ်မ္းသာပါေစ ငါ့သမီးေတြနဲ႔ငါရေအာင္ေနႏိုင္ပါတယ္ ေပ်ာ္ခ်င္ရာေတြလုပ္ပါ စိတ္ခ်မ္းသာသလိုေနပါ ငါ့ကို နင္ေရာ နင္နဲ႔ပတ္သက္သူေရာ ထပ္မႏွိပ္စက္ပါနဲ႔” လို႔ သူမသုံးစြဲေနတဲ့ ေဖ့ဘုတ္အေကာင့္ကေန ေရးသားလာခဲ့တာျဖစ္ပါတယ္။

ဟန္ထူးလြင္ဇနီးျဖစ္သူ ဇုံဇုံဟာ လြန္ခဲ့တဲ့ရက္ပိုင္းကပဲ မိသားစုလိုက္ခရီးသြားခ်င္တဲ့အေၾကာင္း သူမအေကာင့္ကေန ေရးသားထားတာကိုေတြ႕ရွိခဲ့ရပါေသးတယ္။

Credit- We Love Cele