.လွတ်လွတ်ကျွတ်ကျွတ် SAVE သွားတဲ့ IDOL ပြိုင်ပွဲဝင် (၃) ဦး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





JOE CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

လွတ်လွတ်ကျွတ်ကျွတ် SAVE သွားတဲ့ IDOL ပြိုင်ပွဲဝင် (၃) ဦး

ယနေ့ည Myanmar Idol Season 4 ရဲ့ တတိယအပတ် Result Show ရဲ့ ရလဒ်တွေကြေညာပြီးတဲ့နောက် ပြိုင်ပွဲဝင် (၃) ဦးကတော့ ပရိသတ်တို့ခန့်မှန်းထားတဲ့အတိုင်းပဲ လွတ်လွတ်ကျွတ်ကျွတ် Save ဖြစ်သွားပါတယ်။အချစ်ဖြင့်လွမ်းစေ သီချင်းဖြင့် ပြိုင်ဆိုင်ခဲ့တဲ့ အက်စတာဒေါ့လ်ချင်းဆုန်၊ တက္ကသိုလ်ကျောင်းကငွေလမင်း သီချင်းနဲ့ သီဆိုပြိုင်ဆိုင်ခဲ့တဲ့ အေးမြဖြူနဲ့ မိန်းကလေးပရိသတ်တွေအားပေးမှု အထူးရရှိထားတဲ့ ဘင်ဂျမင်ဆုမ်းဖြစ်ပါတယ်။

အေးမြဖြူကတော့ ချိုပြုံးရဲ့ ‘တက္ကသိုလ်ကျောင်းကငွေလမင်း’ သီချင်းကို ရဲရဲဝင့်ဝင့်သီဆိုပြီး လူတွေကိုအံ့အားသင့်စေခဲ့တဲ့ အသက်အငယ်ဆုံးပြိုင်ပွဲဝင်ဖြစ်ခဲ့ပါတယ်။ အက်စတာကတော့ အကဲဖြတ် ဒိုင် ဖြူဖြူကိုယ်တိုင် စင်ပေါ်အထိတက်ပြီး ဂုဏ်ပြုခဲ့ရသူဖြစ်ပါတယ်။ ဘင်ဂျမင်ကတော့ အဓိပတိလမ်းကခြေရာများနဲ့ ကိုယ်ပိုင်ဟန်ဖြင့် သီဆိုသွားခဲ့တာဖြစ်ပါတယ်။

နောက်တစ်ပတ် ဆက်လက်ပြိုင်ပွဲဝင်ရမယ့် သူတို့အတွက် ဆယ်လီကမ္ဘာ ပရိသတ်ကြီး ရဲ့ အားပေးစကား လေးတွေကို မှတ်ချက်မှာ ရေးပေးခဲ့ပါဦး။