ဘာမှမလိမ်းခြယ်ထားတဲ့ သူမရဲ့ သဘာဝအလှ ပုံရိပ်လေးတွေကို ချပြလိုက်တဲ့ အေးမြတ်သူ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★








Unicode ဖြင့်ဖတ်ပါ
★★★★★

ဘာမှမလိမ်းခြယ်ထားတဲ့ သူမရဲ့ သဘာဝအလှ ပုံရိပ်လေးတွေကို ချပြလိုက်တဲ့ အေးမြတ်သူ

မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ အေးမြတ်သူ ဟာဆိုရင် သရုပ်ဆောင်မှုအပိုင်းမှာ အပိုအလိုမရှိတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေတင်ဆင်ပေးခဲ့တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားပြီး သဘာဝအလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ အေးမြတ်သူ ရဲ့အလှပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင် အေးမြတ်သူက စစ်ကားရုပ်ရှင်ကားကြီးကို သရုပ်ဆောင်နေတိုး၊ ကျော်ကျော်ဗို၊ ထူးအောင် ၊ အနုပညာရှင်များစွာနဲ့အတူ သရုပ်ဆောင်ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။သူမအပါအဝင် ၊ ထွန်းထွန်း၊ ရန်အောင် တို့နဲ့ ရိုက်ကူးထားတဲ့ တန်ဖိုးရုပ်ရှင် ဇာတ်ကားကြီးကလည်း စက်တင်ဘာလ (၁၂) ရက်နေ့မှာ ရုံတင်ပြသခဲ့ပြီး ပရိသတ်အားပေးမှုများစွာရရှိခဲ့ပါတယ်။

ဒီတစ်ခါမှာတော့ အေးမြတ်သူက မိတ်ကပ်တွေ မလိမ်းခြယ်ထားပဲ သူမရဲ့ သဘာဝအလှပုံလေးတွေကို ဖော်ပြထားပြီး ခုလိုပြောထားပါတယ်။

အေးမြတ်သူ က “မမြတ်လေး မှာ… ပုံလှလှလေးတွေ မရှိတော့ ..ရှိတဲ့ပုံလေးတွေ တင်လိုက်တယ်နော်… ပျော်ရွှင်ခြင်း အစစ်အမှန် က ကိုယ့်နှလုံးသားထဲမှာဆိုတာ မေ့ပြီး…အပြင်မှာလိုက်ရှာနေလို့ သတိပေးနေရတယ်…ချစ်ရသူတို့လည်း …မိမိပိုင်ဆိုင်တဲ့ ပျော်ရွှင်ခြင်းအစစ်အမှန် နဲ့ …. ပျော်ရွှင်ကြပါစေရှင် ” ဆိုပြီးသူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။

အေးမြတ်သူ ရဲ့အလှ ပုံရိပ်ကလေး

ပရိသတ်ကြီးလည်း အေးမြတ်သူ ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ်ထင်ပါတယ်။