ပရိသတ်တွေကို ပွဲဆူစေမယ့် ယုန်လေးကိုယ်တိုင်ရိုက်ကူးထားတဲ့ အမိုက်စားဗွီဒီယိုဖိုင်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပရိသတ္ေတြကို ပြဲဆူေစမယ့္ ယုန္ေလးကိုယ္တိုင္ရိုက္ကူးထားတဲ့ အမိုက္စားဗြီဒီယိုဖိုင္

ယုန္ေလးကေတာ့ အဆိုေတာ္တစ္ေယာက္အျဖစ္နဲ႔ အႏုပညာေလာကကို ဝင္ေရာက္လာသူျဖစ္ၿပီး သီခ်င္းေကာင္းမ်ားစြာကိုေရးစပ္သီဆိုခဲ့သူတစ္ဦးျဖစ္ပါတယ္။ဂီတဘက္မွာအေျခက်ၿပီးေနာက္မွာေတာ့ ဒါရိုက္တာတစ္ေယာက္အေနနဲ႔ပါဇာတ္ကားႀကီးေတြရိုက္လာတာ အခုဆိုရင္ ပရိသတ္လက္ခံအားေပးတဲ့ အေျခအေနတစ္ခုထိ ေရာက္ရွိလာၿပီျဖစ္ပါတယ္။

ဒါ့အျပင္ အမ်ားနဲ႔မတူ ျမန္မာပရိသတ္ေတြနဲ႔အသားမက်ေသးတဲ့ ေသနတ္အသုံးျပဳတာေတြ၊ အက္ရွင္ဇာတ္ၾကမ္းစတာေတြေၾကာင့္ အစပိုင္းမွာေဝဖန္တိုက္ခိုက္မႈတခ်ိဳ႕ခံခဲ့ရေပမယ့္ အခုဆိုယုန္ေလးရိုက္တဲ့ကားေတြကို ေစာင့္ၾကည့္အားေပးလာၾကတဲ့အထိ ပရိသတ္အင္အားေတာင့္တင္းလာၿပီလို႔ ဆိုရမွာပါ။

ဒါ့အျပင္ ယုန္ေလးဟာ တက္သစ္စလူငယ္ေတြကိုလည္း ေျမေတာင္ေျမႇာက္ေပးေလ့ရွိတဲ့ သူတစ္ေယာက္ ျဖစ္ပါတယ္။ မၾကာေသးခင္ကမွ ဆိုရွယ္မီဒီယာမွာနာမည္ႀကီးခဲ့တဲ့ MC ကယားေလးနဲ႔ Rap က်ားႀကီးအတြက္လည္း သီခ်င္းဗြီဒီယိုေလးတစ္ခုရိုက္ကူးေပးခဲ့တာျဖစ္ပါတယ္။

ဒီသီခ်င္းမွာဆိုရင္ တမူကြဲထြက္တဲ့ဇာတ္အိမ္နဲ႔ နိုင္ငံျခားဆန္ဆန္ရိုက္ကြင္း၊ရိုက္ကြက္တို႔ကို ဖန္တီးထားၿပီး ေသနတ္အသုံးျပဳတဲ့ဇာတ္ဝင္ခန္းတခ်ိဳ႕လည္းပါဝင္တာေၾကာင့္ ယုန္ေလးရဲ့ပရိသတ္ေတြကေတာ့ ေသနတ္ကိုေတာ့ ရေအာင္ထည့္ေသးတယ္ဆိုၿပီး ခ်စ္စနိုးနဲ႔စေနာက္ေနၾကတာျဖစ္ပါတယ္။

အခုလည္း ယုန္ေလးကိုယ္တိုင္ ဒါရိုက္တာအျဖစ္ရိုက္ကူးထားတဲ့ အဆိုေတာ္ Sone ရဲ့သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ “တစ္ဦးတည္းေသာ” သီခ်င္းေလးထြက္လာၿပီးတဲ့ေနာက္မွာေတာ့ ၾကည့္ရႈသူေတြကို အံ့အားသင့္ေစခဲ့တာျဖစ္ပါတယ္။

ဒီသီခ်င္းထဲမွာဆိုရင္ Sone၊ထက္ေအာင္ရွိုင္း၊ေဆာင္းယြန္းစံ တို႔က ပါဝင္သ႐ုပ္ေဆာင္ထားတာျဖစ္ၿပီး ပရိသတ္ေတြေမၽွာ္လင့္မထားတဲ့ ပုံစံနဲ႔ရိုက္ကူးထားတာျဖစ္ပါတယ္။

ယုန္ေလးကေတာ့ ဒီသီခ်င္းနဲ႔ပတ္သက္ၿပီး “ဒီအခ်ိန္မွာ ဒီသီခ်င္းေလး မတင္ခ်င္ဘူးရိုက္ထားတာလည္း အခုလူေတြေျပာေနတဲ့ Music Video တစ္ခုမထြက္ခင္ထဲက ရိုက္ထားတာပါ။ အမွားပါရင္ ခြင့္လႊတ္ပါ။ ေသနတ္တစ္ခ်က္မွ မပစ္ထားဘူးေနာ္..အားလုံး Peace” ဆိုၿပီးေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။

ဆယ္လီကမၻာပရိသတ္ႀကီးအတြက္လည္း  ယုန္ေလးကိုယ္တိုင္ရိုက္ကူးထားတဲ့ ဒီသီခ်င္းေလးကို မၽွေဝေပးလိုက္ပါတယ္။

Source – Yone lay,Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်တွေကို ပွဲဆူစေမယ့် ယုန်လေးကိုယ်တိုင်ရိုက်ကူးထားတဲ့ အမိုက်စားဗွီဒီယိုဖိုင်

ယုန်လေးကတော့ အဆိုတော်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကကို ဝင်ရောက်လာသူဖြစ်ပြီး သီချင်းကောင်းများစွာကိုရေးစပ်သီဆိုခဲ့သူတစ်ဦးဖြစ်ပါတယ်။ဂီတဘက်မှာအခြေကျပြီးနောက်မှာတော့ ဒါရိုက်တာတစ်ယောက်အနေနဲ့ပါဇာတ်ကားကြီးတွေရိုက်လာတာ အခုဆိုရင် ပရိသတ်လက်ခံအားပေးတဲ့ အခြေအနေတစ်ခုထိ ရောက်ရှိလာပြီဖြစ်ပါတယ်။

ဒါ့အပြင် အများနဲ့မတူ မြန်မာပရိသတ်တွေနဲ့အသားမကျသေးတဲ့ သေနတ်အသုံးပြုတာတွေ၊ အက်ရှင်ဇာတ်ကြမ်းစတာတွေကြောင့် အစပိုင်းမှာဝေဖန်တိုက်ခိုက်မှုတချို့ခံခဲ့ရပေမယ့် အခုဆိုယုန်လေးရိုက်တဲ့ကားတွေကို စောင့်ကြည့်အားပေးလာကြတဲ့အထိ ပရိသတ်အင်အားတောင့်တင်းလာပြီလို့ ဆိုရမှာပါ။

ဒါ့အပြင် ယုန်လေးဟာ တက်သစ်စလူငယ်တွေကိုလည်း မြေတောင်မြှောက်ပေးလေ့ရှိတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ မကြာသေးခင်ကမှ ဆိုရှယ်မီဒီယာမှာနာမည်ကြီးခဲ့တဲ့ MC ကယားလေးနဲ့ Rap ကျားကြီးအတွက်လည်း သီချင်းဗွီဒီယိုလေးတစ်ခုရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။

ဒီသီချင်းမှာဆိုရင် တမူကွဲထွက်တဲ့ဇာတ်အိမ်နဲ့ နိုင်ငံခြားဆန်ဆန်ရိုက်ကွင်း၊ရိုက်ကွက်တို့ကို ဖန်တီးထားပြီး သေနတ်အသုံးပြုတဲ့ဇာတ်ဝင်ခန်းတချို့လည်းပါဝင်တာကြောင့် ယုန်လေးရဲ့ပရိသတ်တွေကတော့ သေနတ်ကိုတော့ ရအောင်ထည့်သေးတယ်ဆိုပြီး ချစ်စနိုးနဲ့စနောက်နေကြတာဖြစ်ပါတယ်။

အခုလည်း ယုန်လေးကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ အဆိုတော် Sone ရဲ့သီချင်းတစ်ပုဒ်ဖြစ်တဲ့ “တစ်ဦးတည်းသော” သီချင်းလေးထွက်လာပြီးတဲ့နောက်မှာတော့ ကြည့်ရှုသူတွေကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။

ဒီသီချင်းထဲမှာဆိုရင် Sone၊ထက်အောင်ရှိုင်း၊ဆောင်းယွန်းစံ တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်တွေမျှော်လင့်မထားတဲ့ ပုံစံနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။

ယုန်လေးကတော့ ဒီသီချင်းနဲ့ပတ်သက်ပြီး “ဒီအချိန်မှာ ဒီသီချင်းလေး မတင်ချင်ဘူးရိုက်ထားတာလည်း အခုလူတွေပြောနေတဲ့ Music Video တစ်ခုမထွက်ခင်ထဲက ရိုက်ထားတာပါ။ အမှားပါရင် ခွင့်လွှတ်ပါ။ သေနတ်တစ်ချက်မှ မပစ်ထားဘူးနော်..အားလုံး Peace” ဆိုပြီးရေးသားဖော်ပြထားတာဖြစ်ပါတယ်။