ဘာမိတ်ကပ် မှမပါတဲ့ သဘာဝအလှလေးကို ချစ်ပါဆိုတဲ့ ခေးဆက်သွင်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






credit – momolay

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာဆန်ဆန် ရှင်းလင်းပြေပြစ်တဲ့ မျက်နှာလေး နဲ့ မင်းသမီးချောလေး ခေးဆက်သွင်က ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရင်း နာမည်ကြီးလာသူလေး ဖြစ်ပါတယ်။ ခေးဆက်သွင်က “နှင်းဆီ” ဇာတ်လမ်းတွဲမှာလည်း အံ့သြစရာကောင်းလောက်အောင် သရုပ်ဆောင်ကောင်းလွန်းတာမို့ ပရိသတ်တွေ ရဲ့ အားပေးမှုကို တစ်ခဲနက် ခံနေရသူလေး ဖြစ်ပါတယ်။ ခေးဆက်သွင်က လက်ရှိမှာလည်း ဇာတ်လမ်းတွဲအသစ်တွေကို ရိုက်ကူးနေပြီး အခြားသော အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။

ဒီနေ့မှာတော့ ခေးဆက်သွင်က သူမရဲ့ မိတ်ကပ် မပါတဲ့ သဘာဝအလှနဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဝေမျှထားပါတယ်။ ပရိသတ်တွေအတွက် ခေးဆက်သွင်ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခေးဆက်သွင်က “ဝလာတဲ့အခါ ပြည့်ပြည့်လေး နဲ့ လှလိုက်တာလို့ ပြောပါ ဘာမိတ်ကပ်မှမပါတဲ့အခါ သဘာဝလေး ကိုက ချစ်စရာလို့ ဆိုပါ မိတ်မပျက်ချင်ဘူးနော်” လို့ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။

ခေးဆက်သွင်ကတော့ လက်ရှိမှာ ဇာတ်လမ်းတွဲတွေ နဲ့ ကြော်ငြာတွေကို လက်မလည်အောင် ဆက်တိုက်ရိုက်ကူးနေပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူလေး ဖြစ်ပါတယ်။

ခေးဆက်သွင်ကတော့ သူမ ရဲ့ ပင်ကိုယ်မျက်နှာလေးက ကိုလှနေတော့ မိတ်ကပ်မလိမ်းထားတာတောင် ချစ်စရာကောင်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေးဆက်သွင် ရဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။

credit – momolay