ကိုယ်မကြိုက်တိုင်း နားမလည်တိုင်း မကောင်းဘူးမပြောမိပါစေနဲ့လို့ ထိထိမိမိပြောလိုက်တဲ့ Ar T

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★








Unicode ဖြင့်ဖတ်ပါ
★★★★★

ကိုယ်မကြိုက်တိုင်း နားမလည်တိုင်း မကောင်းဘူးမပြောမိပါစေနဲ့လို့ ထိထိမိမိပြောလိုက်တဲ့ Ar T

ထူးခြားတဲ့ ပင်ကိုယ်ဟန်ရှိတာကြောင့် ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော် Ar T ကတော့ ခံစားချက်အပြည့်နဲ့ သီချင်းတွေကို သီဆိုလေ့ရှိသူတစ်ဦးပါ။ စကားပြောရင်လည်း ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ Ar T ကတော့ လတ်တလောမှာ ကိုယ်သဘောကျတဲ့သူကို အားပေးတတ်ကြဖို့ ထိမိတဲ့ စာလေးတစ်ကြောင်းရေးပြီး လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရမ်းကို ထိရှတဲ့ Ar T ရဲ့အမြင်လေးကိုတော့ အနုပညာရှင်တွေကလည်း ထောက်ခံထားကြတာ တွေ့ရပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ထိမိလွန်းတဲ့စကားလုံးတွေနဲ့ ကိုယ်သဘောကျတဲ့သူကို အားပေးတတ်ကြဖို့ ပြောလာတဲ့ အဆိုတော် Ar T ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

Ar t ကတော့ “ညံ့ရင် ဆူပါဆဲပါ ။ ကောင်းရင်တော့ Appreciate လုပ်ဖို့ မရှက်ကြပါနဲ့ !!!

မကြိုက်ဘူး နဲ့ မကောင်းဘူး ရဲ့ အနက်အဓိပ္ပါယ်ကိုလည်း ခွဲခြားသိမြင်ပေးပါ ။ ကိုယ်မကြိုက်တိုင်း နားမလည်တိုင်း ကိုယ်မခံစားတတ်တိုင်း ကိုယ်စောက်မြင်ကပ်တိုင်း မကောင်းဘူးမပြောမိစေနဲ့ !! ကိုယ့်ကြောင့် သူတစ်ပါးစီးပွား မထိခိုက်စေနဲ့ !!” ဆိုပြီး အားပေးကြတဲ့ ပရိသတ်တွေ နည်းလမ်းမမှားစေဖို့ ပြောထားတာပါ။

အဆိုပါ Ar T ရဲ့ပိုစ့်အောက်မှာတော့ တင်ဇာမော်နဲ့ ယုန်လေးတို့ကလည်း ထောက်ခံတဲ့အကြောင်း ရေးသားထားကြပါသေးတယ်။

ပရိသတ်အတွက် အသစ်အသစ်သော အနုပညာတွေကို ချပြဖို့ ကြိုးစားနေတဲ့ Ar T ကတော့ လတ်တလောမှာ သီချင်းသစ်တွေ ဖန်တီးဖြစ်နေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကိုယ်ကြိုက်နှစ်သက်တဲ့ အနုပညာရှင်ကို အားပေးတာ နည်းလမ်းမှန်ကန်စေဖို့ ပြောပြလာတဲ့ Ar T ကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။