ခါရာ နဲ့ မြတ်နိုးအေးတို့ နှစ်ယောက်အတူတွဲပြီး ရင်ခုန်စွာမြင်တွေ့ရမယ့် “ရင်ခုန်သံ ခုနှစ်ဆယ့်လေးရက်” ဇာတ်လမ်းတွဲ ကန်တော့ပွဲ

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

တက်သစ်စ အနုပညာရှင်တစ်ယောက်အဖြစ် မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲမှာ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို အများဆုံးရရှိထားတဲ့ မင်းသားချောတစ်ယောက်ဖြစ်တဲ့ ခါရာက အနုပညာလမ်းကြောင်းပေါ်မှာ ခြေလှမ်းခပ်သွက်သွက်နဲ့ အကောင်းဆုံးကြိုးစားနေသူတစ်ဦးပါ။ ပိုင်နိုင်တဲ့ သရုပ်ဆောင်စွမ်းရည် တည်ကြည်ပြီး စမတ်ကျတဲ့ ခါရာရဲ့ အသွင်အပြင်ကြောင့် နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားနေတဲ့ မင်းသားချောတစ်ယောက်လည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတဲ့ ခါရာက သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နာမည်ကြီးနေတဲ့ သရုပ်ဆောင်သစ်တစ်ဦးဖြစ်တဲ့ မြတ်နိုးအေး နဲ့အတူ ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုကို ရိုက်ကူးတော့မှာဖြစ်ပါတယ်။ “ရင်ခုန်သံ ခုနှစ်ဆယ့် လေးရက်” မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲထဲမှာ ဘယ်လိုကာရိုက်တာ ပုံစံအသစ်နဲ့ ပရိသတ်တွေကို ဖမ်းစားအုံးမလဲဆိုတာ ကြည့်ရှူရမှာပါ။ အဆိုပါ ဇာတ်လမ်းတွဲကိုတော့ Bonanza Production နဲ့ MNTVတို့ ပူးပေါင်းစီစဥ်ရိုက်ကူးမှာဖြစ်ပြီး ဒါရိုက်တာ မေဘရဏီက ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။

နောက်ပြီး မင်းသားချော မိုးယံဇွန်၊ ထက်ဦးထွဋ်၊ ပြည့်ဝတီမောင်တို့အပြင် အခြားသောတက်သစ်စအနုပညာရှင်တွေများစွာပါဝင်ရိုက်ကူး သွားမယ့် “ရင်ခုန်သံ ခုနှစ်ဆယ့်လေးရက်” ရုပ်ရှင်ဇာတ်လမ်းတွဲ ကန်တော့ပွဲကို ရွှေတိဂုံဘုရားမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေနည်းနေတဲ့ ခါရာရဲ့ ကန်တော့ပွဲအခမ်းအနားတက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကို CeleGabarပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Khar Ra

NORA:CeleGabar

Zawgyi ဖြင့်ဖတ်ပါ
★★★★★



