သရဲမကြောက်တတ်သူ သုသုတစ်ယောက်နောက်ထပ်ရိုက်ကူးမယ့် အဟောင်းရုပ်ရှင် ကန်တော့ပွဲ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

အကယ်ဒမီရပြီတဲ့နောက်မှာ မီရုပ်ရှင်ဇာတ်ကားကြီးနဲ့ တနိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုတွေကို များစွာပိုင်ဆိုင်ရရှိခဲ့တဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုဟာဆိုရင် ချစ်စရာကောင်းတဲ့ အနုပညာရှင်လေးတစ်ဦးပါ။ ဒါရိုက်တာ ဏကြီးနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ လူတိုင်းအားကျရတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တဲ့အပြင် တဖြည်းဖြည်းနဲ့ ပြောင်းလဲသစ်လွင်လာတဲ့ သုသုရဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကြည့်ရတဲ့ပရိသတ်တွေကို ပိုပြီး အားပေးစေခဲ့တာပါ။

အခုလည်း သုသုရဲ့ အရင်နဲ့လုံးဝမတူတဲ့ အိုက်တင်တွေနဲ့ အလုပ်မှာ စိတ်နှစ်ပြီး ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားထားတဲ့ Now and Everရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရင်ထဲမှာ အကယ်ဒမီဆုကြီးအတွက် နေရာယူထားသူတစ်‌ယောက်ပါ။ ဒါရိုက်တာ ဏကြီးနဲ့အတူ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ရင်း ပရိသတ်တွေအတွက် တာဝန်ကျေတဲ့ မင်းသမီးကောင်းလေးတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူလေးပါ။

အခုလည်း တက်သစ်စ မင်းသား မင်းသမီး အသစ်လေးတွေနဲ့ ရိုက်ကူးမယ့် အဟောင်းရုပ်ရှင် ကန်တော့ပွဲအခမ်းအနားကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ “ယနေ့မနက် အဟောင်း ရုပ်ရှင်ကန်တော့ပွဲ….ဇာတ်ညွှန်းဖတ်ပြီး အိပ်၍မပျော်သော ညများကို ဖြတ်သန်းလိုက်ရပါကြောင်း ပုံ, သရဲမကြောက်တတ်သူ ဒေါ်သု” ဆိုပြီး ဇာတ်လမ်းရဲ့ အရိပ်အမြွက်လေးကို ပြောပြသွားပြီး ကန်တော့ပွဲကို တက်ရောက်ခဲ့တဲ့ပုံရိပ်လေးတွေကို CeleGabarပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်နော်။

Source:Paing Phyo Thu

NORA:CeleGabar

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သရဲမေၾကာက္တတ္သူ သုသုတစ္ေယာက္ေနာက္ထပ္႐ိုက္ကူးမယ့္ အေဟာင္း႐ုပ္ရွင္ ကန္ေတာ့ပြဲ

အကယ္ဒမီရၿပီတဲ့ေနာက္မွာ မီ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ တႏိုင္ငံလုံးက ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို မ်ားစြာပိုင္ဆိုင္ရရွိခဲ့တဲ့ မင္းသမီးေခ်ာေလး ပိုင္ၿဖိဳးသုဟာဆိုရင္ ခ်စ္စရာေကာင္းတဲ့ အႏုပညာရွင္ေလးတစ္ဦးပါ။ ဒါ႐ိုက္တာ ဏႀကီးနဲ႔အတူ ေပ်ာ္႐ႊင္ၾကည္ႏူးစရာေကာင္းတဲ့ လူတိုင္းအားက်ရတဲ့ အိမ္ေထာင္ေရးေလးကို ပိုင္ဆိုင္ထားသူတစ္ေယာက္ျဖစ္တဲ့အျပင္ တျဖည္းျဖည္းနဲ႔ ေျပာင္းလဲသစ္လြင္လာတဲ့ သုသုရဲ႕ သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ၾကည့္ရတဲ့ပရိသတ္ေတြကို ပိုၿပီး အားေပးေစခဲ့တာပါ။

အခုလည္း သုသုရဲ႕ အရင္နဲ႔လုံးဝမတူတဲ့ အိုက္တင္ေတြနဲ႔ အလုပ္မွာ စိတ္ႏွစ္ၿပီး ပရိသတ္ေတြအတြက္ အေကာင္းဆုံးႀကိဳးစားထားတဲ့ Now and Ever႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ပရိသတ္ေတြရင္ထဲမွာ အကယ္ဒမီဆုႀကီးအတြက္ ေနရာယူထားသူတစ္‌ေယာက္ပါ။ ဒါ႐ိုက္တာ ဏႀကီးနဲ႔အတူ အႏုပညာအလုပ္ေတြကို ႀကိဳးစားလုပ္ရင္း ပရိသတ္ေတြအတြက္ တာဝန္ေက်တဲ့ မင္းသမီးေကာင္းေလးတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားေနသူေလးပါ။

အခုလည္း တက္သစ္စ မင္းသား မင္းသမီး အသစ္ေလးေတြနဲ႔ ႐ိုက္ကူးမယ့္ အေဟာင္း႐ုပ္ရွင္ ကန္ေတာ့ပြဲအခမ္းအနားကို တက္ေရာက္ခဲ့တာျဖစ္ပါတယ္။ “ယေန႔မနက္ အေဟာင္း ႐ုပ္ရွင္ကန္ေတာ့ပြဲ….ဇာတ္ၫႊန္းဖတ္ၿပီး အိပ္၍မေပ်ာ္ေသာ ညမ်ားကို ျဖတ္သန္းလိုက္ရပါေၾကာင္း ပုံ, သရဲမေၾကာက္တတ္သူ ေဒၚသု”  ဆိုၿပီး ဇာတ္လမ္းရဲ႕ အရိပ္အႁမြက္ေလးကို ေျပာျပသြားၿပီး ကန္ေတာ့ပြဲကို တက္ေရာက္ခဲ့တဲ့ပုံရိပ္ေလးေတြကို CeleGabarပရိသတ္ေတြအတြက္ တင္ေပးလိုက္ပါတယ္ေနာ္။