ဇာတ်ရုပ်အတိုင်းတစ်ထပ်တည်းကျပြီး ပရိသတ်တွေကိုလုံးဝစီးမျောသွားအောင်ဖမ်းစားနိုင်တဲ့ ပိုင်ဖြိုးသုရဲ့ဇာတ်ကားကောင်းနှစ်ခု

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

သုသုလို့ချစ်စနိုးခေးကြတဲ့ ပိုင်ဖြိုးသုဟာ ချစ်ခင်နှစ်သက်တဲ့ပရိသတ်များစွာကိုရရှိထားတဲ့ မင်းသမီးတစ်လက်ပါ။ရုပ်ရှင်ဇာတ်ကားကြီးများစွာမရိုက်ကူးရသေးပေမဲ့ အကယ်ဒမီဆုတစ်ခုနဲ့ Star Awards တစ်ဆုကိုရရှိထားတဲ့သူတစ်ယောက်ဖြစ်နေပါပြီ။ဒါ့အပြင် ပရိသတ်တွေများစွာ အချိန်တိုအတွင်းချစ်ခင်အားပေးလာအောင် ကြိုးစားအားထုတ်နိုင်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

(၂၀၁၈)ခုနှစ်ကအင်မတန်မှနာမည်ကြီးခဲ့တဲ့ “မီ” ဇာတ်ကားမှာ ပိုင်ဖြိုးသုရဲ့ဇာတ်ကားအပေါ်စိတ်နှစ်မြှုပ်ကြိုးစားထားမှုဟာ ပရိသတ်တွေသတိမထားမိဘဲမနေနိုင်အောင်ဖြစ်ခဲ့ရပါတယ်။မီ ဝတ္ထုဟာ စာရေးဆရာမကြီးကြည်အေးရဲ့(၁၉၄၈) ခုနှစ်မှာရေးသားခဲ့တဲ့ဝတ္ထုရှည်လည်းဖြစ်ပါတယ်။အဲ့ဒီခေတ်အချိန်အခါကဲ့သို့ကြိုးစားရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တာကြောင့်အတော်လေးလည်းထူးခြားခဲ့ပါတယ်။ဒါ့အပြင် အဓိကဇာတ်ကောင်ဖြစ်တဲ့ “မီ” ဟာလည်း အလွန်လှပပြီးမှန်းဆရခက်တဲ့စိတ်နေသဘောထားရှိတဲ့ အမျိုးသမီးတစ်ဦးပါ။လွယ်မယောင်နဲ့အလွန်ခက်တဲ့ ဇာတ်ကောင်တစ်ခုကိုအံဝင်ဂွင်ကျေအောင် သရုပ်ဆောင်သွားခဲ့တဲ့ သုသုဟာပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ဒါကြောင့် မီ ဇာတ်ကားဟာ မီ”” တစ်ခေတ်လို့ဆိုရအောင် အောင်မြင်ခဲ့တာပါ။

သုသုဟာ “မီ” ပြီးတော့ လက်ရှိရုံတင်နေတဲ့ “ထာဝရနှောင်ကြိုး” ဇာတ်ကားနဲ့လည်း ပရိသတ်ကိုဖမ်းစားနိုင်ပြန်ပါတယ်။ဒီဇာတ်ကားထဲမှာ စိတ်ရောဂါရှိနေတဲ့ အမျိုးသမီးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။တွဲဖက်သရုပ်ဆောင်ဖြစ်တဲ့ ဇဏ်ခီနဲ့Chemistry မိအောင်သရုပ်ဆောင်နိုင်မှု၊ရောဂါသည်အမျိုးသမီး၊ခင်ပွန်းဖြစ်သူကိုအင်မတန်ချစ်တဲ့အမျိုးသမီး၊ခင်ပွန်းဖြစ်သူကြောင့်စိတ်ရောဂါကိုရင်ဆိုင်ပြီးပိုမိုသန်မာလာအောင် ကြိုးစားခဲ့တဲ့အမျိုးသမီးတစ်ယောက်အဖြစ် ပရိသတ်တွေကိုစီးမျောစေခဲ့ပါတယ်။ပရိသတ်တွေရဲ့မျက်ရည်တွေကိုလည်းကျစေခဲ့ပါတယ်။ဒါကြောင့်လည်း “ထာဝရနှောင်ကြိုး” ဇာတ်ကားမှာ ဝတ်မှုန်အဖြစ်ပရိသတ်တွေခံစားခဲ့ရပြီး ပိုင်ဖြိုးသုဆိုတာကိုမေ့သွားစေခဲ့ရပါတယ်။ဒီဇာတ်ကားမှာ လူတိုင်းလိုလိုချီးကျူးကြတာကတော့ ပိုင်ဖြိုးသုလို့ပဲဆိုရမှာပါ။

ပရိသတ်ကြီးရေ ပိုင်ဖြိုးသုကတော့ မီတစ်ခေတ်ပြီးတော့… ဝတ်မှုန်တစ်ခေတ်ဖြစ်အောင် စွမ်းဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ပါ။ဇာတ်ရုပ်အတိုင်းတစ်ထပ်တည်းကျအောင် ပရိသတ်ရင်ထဲနက်နက်ရှိုင်းရှိုင်းရောက်အောင်ကြိုးစားနိုင်တဲ့ ပိုင်ဖြိုးသုကို နောက်ထပ်လည်းဇာတ်ကားကောင်းတွေမှာ မြင်ချင်သေးပါရဲ့နော်….။
Photo :PaingPhyoThu
Moe – CeleGabar

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဇာတ္႐ုပ္အတိုင္းတစ္ထပ္တည္းက်ၿပီး ပရိသတ္ေတြကိုလုံးဝစီးေမ်ာသြားေအာင္ဖမ္းစားႏိုင္တဲ့ ပိုင္ၿဖိဳးသုရဲ႕ဇာတ္ကားေကာင္းႏွစ္ခု
သုသုလို႔ခ်စ္စႏိုးေခးၾကတဲ့ ပိုင္ၿဖိဳးသုဟာ ခ်စ္ခင္ႏွစ္သက္တဲ့ပရိသတ္မ်ားစြာကိုရရွိထားတဲ့ မင္းသမီးတစ္လက္ပါ။႐ုပ္ရွင္ဇာတ္ကားႀကီးမ်ားစြာမ႐ိုက္ကူးရေသးေပမဲ့ အကယ္ဒမီဆုတစ္ခုနဲ႔ Star Awards တစ္ဆုကိုရရွိထားတဲ့သူတစ္ေယာက္ျဖစ္ေနပါၿပီ။ဒါ့အျပင္ ပရိသတ္ေတြမ်ားစြာ အခ်ိန္တိုအတြင္းခ်စ္ခင္အားေပးလာေအာင္ ႀကိဳးစားအားထုတ္ႏိုင္တဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။

(၂၀၁၈)ခုႏွစ္ကအင္မတန္မွနာမည္ႀကီးခဲ့တဲ့ “မီ” ဇာတ္ကားမွာ ပိုင္ၿဖိဳးသုရဲ႕ဇာတ္ကားအေပၚစိတ္ႏွစ္ျမႇဳပ္ႀကိဳးစားထားမႈဟာ ပရိသတ္ေတြသတိမထားမိဘဲမေနႏိုင္ေအာင္ျဖစ္ခဲ့ရပါတယ္။မီ ဝတၳဳဟာ စာေရးဆရာမႀကီးၾကည္ေအးရဲ႕(၁၉၄၈) ခုႏွစ္မွာေရးသားခဲ့တဲ့ဝတၳဳရွည္လည္းျဖစ္ပါတယ္။အဲ့ဒီေခတ္အခ်ိန္အခါကဲ့သို႔ႀကိဳးစား႐ိုက္ကူးထားတဲ့ ဇာတ္ကားျဖစ္တာေၾကာင့္အေတာ္ေလးလည္းထူးျခားခဲ့ပါတယ္။ဒါ့အျပင္ အဓိကဇာတ္ေကာင္ျဖစ္တဲ့ “မီ” ဟာလည္း အလြန္လွပၿပီးမွန္းဆရခက္တဲ့စိတ္ေနသေဘာထားရွိတဲ့ အမ်ိဳးသမီးတစ္ဦးပါ။လြယ္မေယာင္နဲ႔အလြန္ခက္တဲ့ ဇာတ္ေကာင္တစ္ခုကိုအံဝင္ဂြင္ေက်ေအာင္ သ႐ုပ္ေဆာင္သြားခဲ့တဲ့ သုသုဟာပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။ဒါေၾကာင့္ မီ ဇာတ္ကားဟာ မီ”” တစ္ေခတ္လို႔ဆိုရေအာင္ ေအာင္ျမင္ခဲ့တာပါ။

သုသုဟာ “မီ” ၿပီးေတာ့ လက္ရွိ႐ုံတင္ေနတဲ့ “ထာဝရေႏွာင္ႀကိဳး” ဇာတ္ကားနဲ႔လည္း ပရိသတ္ကိုဖမ္းစားႏိုင္ျပန္ပါတယ္။ဒီဇာတ္ကားထဲမွာ စိတ္ေရာဂါရွိေနတဲ့ အမ်ိဳးသမီးတစ္ေယာက္အျဖစ္သ႐ုပ္ေဆာင္ထားပါတယ္။တြဲဖက္သ႐ုပ္ေဆာင္ျဖစ္တဲ့ ဇဏ္ခီနဲ႔Chemistry မိေအာင္သ႐ုပ္ေဆာင္ႏိုင္မႈ၊ေရာဂါသည္အမ်ိဳးသမီး၊ခင္ပြန္းျဖစ္သူကိုအင္မတန္ခ်စ္တဲ့အမ်ိဳးသမီး၊ခင္ပြန္းျဖစ္သူေၾကာင့္စိတ္ေရာဂါကိုရင္ဆိုင္ၿပီးပိုမိုသန္မာလာေအာင္ ႀကိဳးစားခဲ့တဲ့အမ်ိဳးသမီးတစ္ေယာက္အျဖစ္ ပရိသတ္ေတြကိုစီးေမ်ာေစခဲ့ပါတယ္။ပရိသတ္ေတြရဲ႕မ်က္ရည္ေတြကိုလည္းက်ေစခဲ့ပါတယ္။ဒါေၾကာင့္လည္း “ထာဝရေႏွာင္ႀကိဳး” ဇာတ္ကားမွာ ဝတ္မႈန္အျဖစ္ပရိသတ္ေတြခံစားခဲ့ရၿပီး ပိုင္ၿဖိဳးသုဆိုတာကိုေမ့သြားေစခဲ့ရပါတယ္။ဒီဇာတ္ကားမွာ လူတိုင္းလိုလိုခ်ီးက်ဴးၾကတာကေတာ့ ပိုင္ၿဖိဳးသုလို႔ပဲဆိုရမွာပါ။

ပရိသတ္ႀကီးေရ ပိုင္ၿဖိဳးသုကေတာ့ မီတစ္ေခတ္ၿပီးေတာ့… ဝတ္မႈန္တစ္ေခတ္ျဖစ္ေအာင္ စြမ္းေဆာင္ႏိုင္တဲ့ မင္းသမီးတစ္လက္ပါ။ဇာတ္႐ုပ္အတိုင္းတစ္ထပ္တည္းက်ေအာင္ ပရိသတ္ရင္ထဲနက္နက္ရႈိင္းရႈိင္းေရာက္ေအာင္ႀကိဳးစားႏိုင္တဲ့ ပိုင္ၿဖိဳးသုကို ေနာက္ထပ္လည္းဇာတ္ကားေကာင္းေတြမွာ ျမင္ခ်င္ေသးပါရဲ႕ေနာ္….။

Photo :PaingPhyoThu
Moe – CeleGabar